သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ တင်းမာမှု လျှော့ချရေး ကန်နိုင်ငံခြားရေးဝန်ကြီး ရုရှားကိုတိုက်တွန်းမည် 


Sekrete d'Eta Antony Blinken, a goch, ak Minis Afe Etranje Ris la Sergey Lavrov pandan yon rankont nan vil Stockholm, peyi la Sued, 2 Dec. 2021.
Sekrete d'Eta Antony Blinken, a goch, ak Minis Afe Etranje Ris la Sergey Lavrov pandan yon rankont nan vil Stockholm, peyi la Sued, 2 Dec. 2021.

ယူကရိန်းနဲ့ တင်းမာမှု လျှော့ချရေး ကန်နိုင်ငံခြားရေးဝန်ကြီး ရုရှားကိုတိုက်တွန်းမည်

{{Zawgyi/Unicode}}

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ သောကြာနေ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နဲ့ ဆွေးနွေးမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ရုရှားအနေနဲ့ ယူကရိန်းနဲ့ နယ်စပ်တလျှောက် တင်းမာမှုတွေ လျှော့ချရေး ချက်ချင်း ဆောင်ရွက်ဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Blinken နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Lavrov တို့ ဆွေးနွေးပြီး ဂျီနီဗာမှာတွေ့ဆုံကြဖို့ သဘောတူခဲ့ကြပါတယ်။ တင်းမာမှုတွေ လျှော့ချရေး ရုရှားဘက်က အလျင်အမြန် ဆောင်ရွက်ဖို့ နိုင်ငံခြားရေး ဝန်ကြီး Blinken က ရုရှားကို တိုက်တွန်းမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် ယူကရိန်း သမ္မတ Zelensky ၊ ယူကရိန်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံမြို့တော် Kyiv ကို သွားရောက်မှာ ဖြစ်သလို ဂျာမနီကိုလည်း သွားရောက်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaky က ပြောဆိုခဲ့တာပါ။

ရုရှားဘက်က ယူကရိန်းကို အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အခြေအနေ တခုကို ရောက်ရှိနေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ယူကရိန်းကို ရုရှားဘက်က စစ်ရေးအရ ရန်ပြုဖို့ ဆုံးဖြတ်ရင်တော့ ဖန်တီးသလို ဖြစ်မလာရေးအတွက် အမေရိကန်ဘက်က ဆက်ပြီး ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သူကထပ်လောင်း ပြောပါတယ်။

ရုရှားဘက်က ယူကရိန်းအပေါ်မှာ ပြင်းပြင်းထန်ထန် ပြောဆိုနေပြီး စစ်အင်အားကိုလည်း ဆက်လက် တည်ဆောက်နေတာပါ။ ပြီးခဲ့တဲ့ သတင်းပတ်ကုန် အတွင်း ဘဲလာရုစ် နိုင်ငံကိုလည်း ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}




XS
SM
MD
LG