သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ သံခင်းတမန်ခင်း ဆွေးနွေးဖို့ အမေရိကန် အဆင်သင့်


(Zawgyi / Unicode)

လမ်းကြောင်းမျိုးစုံကနေ ရုရှားနဲ့ သံတမန်ရေးပြောဆိုမှုတွေ စတင်ဖို့ အမေရိကန်ဘက်က အဆင်သင့်ဖြစ်နေပြီ ဖြစ်ပေမဲ့ အနောက်နိုင်ငံတွေဘက်က စိုးရိမ်နေကြတဲ့ ယူကရိန်းနယ်စပ်တလျှောက် ရုရှားရဲ့စစ်ရေးအားဖြည့်နေတာနဲ့ ပတ်သက်ပြီး ရုရှားက ဖြေရှင်းရမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ရုရှားသမ္မတ Vladimir Putin ရဲ့ နိုင်ငံခြားမူဝါဒရေးရာအကြံပေး Yuri Ushakov နဲ့ ဆက်သွယ်ပြောကြားရာမှာ အမေရိကန်ဘက်က ရုရှားအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးလိုတဲ့ ဆန္ဒရှိသလို မြောက်အတ္တလန္တိတ်စစ်စာချုပ် အဖွဲ့ NATO ၊ ရုရှားကောင်စီနဲ့ ဥရောပဒေသ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ တွေကနေ တဆင့်လည်း ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

ဘယ်ဆွေးနွေးမှုမှာ မဆို ရုရှားရဲ့လုပ်ဆောင်မှုတွေအတွက် အနောက်နိုင်ငံတွေက စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့နဲ့ အပြန်အလှန် အပေးအယူ လုပ်ရတဲ့ သဘောမျိုးပေါ် အခြေခံဆွေးနွေးရမှာ ဖြစ်ကြောင်း Jake Sullivan က Yuri Ushakov ကို ပြောကြားခဲ့ကြောင်းလည်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

တကယ်လို့ ရုရှားက ယူကရိန်းကို ဝင်တိုက်ရင် အမေရိကန်က ပြင်းထန်တဲ့စီးပွါးရေးဒဏ်ခတ်မှုတွေ လုပ်မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အွန်လိုင်းဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတပူတင်ကို သတိပေးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းအရှေ့ဘက်နယ်စပ်တလျှောက် ရုရှားက သောင်းနဲ့ချီတဲ့တပ်တွေချထားတာဖြစ်ပေမဲ့ အမေရိကန်အစိုးရကတော့ ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း အရိပ်အခြေပြထားတာပါ။

၂ နိုင်ငံ အကြံပေးပုဂ္ဂိုလ် ၂ ဦးရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရဘက်က တစုံတရာထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ယူကရိန်းနဲ့ အရှေ့ဥရောပမှာ NATO က စစ်ရေးမလှုပ်ရှားဖို့ အပါအဝင် လုံခြုံရေးဆိုင်ရာ အဆိုပြုချက်တွေကို ရုရှားက ချပြခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတကတော့ တကယ်လို့ ယူကရိန်းကို ရုရှားကျူးကျော်လာရင် အမေရိကန်တပ်တွေ စေလွှတ်မှာ မဟုတ်ပေမဲ့ ယူကရိန်းကို လက်နက်တွေ ပို့ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ရုရှားနဲ သံခင်းတမန်ခင်း ဆွေးနွေးဖို့ အမေရိကန် အဆင်သင့်
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်


(Unicode)








XS
SM
MD
LG