သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္စပ္ တင္းမာမႈ ကန္-႐ုရွား ဗိုလ္ခ်ဳပ္ႀကီး ၂ ဦး ေဆြးေႏြး


(Zawgyi / Unicode)

႐ုရွားနဲ႔ ယူကရိန္း နယ္စပ္တေလွ်ာက္ တင္းမာမႈေတြက ပိုမ်ားလာတဲ႔ အေနအထား ျဖစ္လာခ်ိန္မွာဘဲ အေမရိကန္နဲ႔ ႐ုရွား ဗိုလ္ခ်ဳပ္ႀကီးမ်ား အဂၤါေန႔က တယ္လီဖုန္းဆက္ ေဆြးေႏြးခဲ႔ၾကပါတယ္။

အေမရိကန္ ပူးတြဲ စစ္ဦးစီးခ်ဳပ္မ်ား ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး Mark Milley နဲ႔ ႐ုရွား စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Valery Gerasimov တို႔ၾကား ေဆြးေႏြးမႈနဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္ေတြကို အေမရိကန္နဲ႔ ႐ုရွား အစိုးရ ႏွစ္ဘက္စလံုးက အျမန္ ထုတ္ခဲ႔ၾကပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ၂ ဦးတို႔ အေနနဲ႔ လံုျခံဳေရးဆိုင္ရာ စိုးရိမ္ခ်က္ အေတာ္မ်ားမ်ားကို ေဆြးေႏြးခဲ႔ၾကေၾကာင္း အေမရိကန္ရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။ အခု ေဆြးေႏြးပြဲဟာဆိုရင္လည္း ေဘးအႏၲရာယ္ ေလွ်ာ့ခ်ေရးနဲ႔ တင္းမာမႈေတြ မျဖစ္ေရး ေခါင္းေဆာင္ ၂ ဦးၾကား ဆက္သြယ္ ေဆြးေႏြးမႈ တခုသာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

အဂၤါေန႔ ေဆြးေႏြးမႈ အေသးစိတ္ကိုေတာ့ လ်ိဳ႕၀ွက္ထားဖို႔ ႏွစ္ဘက္ စလံုးက သေဘာတူေၾကာင္းလည္း အေမရိကန္ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ယူကရိ္န္းနဲ႔ ခ႐ိုင္းမီးယားနဲ႔ နယ္စပ္ေတြမွာ ႐ုရွား တပ္ဖြဲ႔ေတြရဲ႕ ပံုမွန္ မဟုတ္တဲ႔ လႈပ္ရွားမႈလို႔ အေမရိကန္နဲ႔ ေျမာက္အတၱလႏၲိတ္ စာခ်ဳပ္ အဖြဲ႔ NATO တို႔က အႀကိမ္ႀကိမ္ ေျပာဆိုထားတဲ႔ ကိစၥ အေပၚ စိုးရိမ္ခ်က္ေတြ ပိုမ်ားလာၿပီးေနာက္မွာ အခု ေဆြးေႏြးပြဲ ျဖစ္လာတာပါ။

နယ္စပ္ တေလွ်ာက္မွာ ႐ုရွား စစ္သား ၉၀,၀၀၀ ေလာက္ ရွိေနတယ္လို႔ ယူကရိန္း ေထာက္လွမ္းေရးက ခန္႔မွန္းထားပါတယ္။ ေထာက္လွမ္းေရး ဆန္စစ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ တာ၀န္ရွိသူေတြက မွတ္ခ်က္ေပးဖို႔ ျငင္းပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ အစိုးရ အႀကီးတန္း တာ၀န္ရွိသူ တဦးကေတာ့ ႐ုရွား စစ္တပ္ရဲ႕ လႈပ္ရွားမႈေတြနဲ႔ ယူကရိန္းကို ျပင္းျပင္းထန္ထန္ ေျပာဆိုေနမႈေတြ အေပၚ အထူး စိုးရိမ္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းနယ်စပ် တင်းမာမှု ကန်-ရုရှား ဗိုလ်ချုပ်ကြီး ၂ ဦး ဆွေးနွေး

ရုရှားနဲ့ ယူကရိန်း နယ်စပ်တလျှောက် တင်းမာမှုတွေက ပိုများလာတဲ့ အနေအထား ဖြစ်လာချိန်မှာဘဲ အမေရိကန်နဲ့ ရုရှား ဗိုလ်ချုပ်ကြီးများ အင်္ဂါနေ့က တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့ ရုရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Valery Gerasimov တို့ကြား ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ကြေညာချက်တွေကို အမေရိကန်နဲ့ ရုရှား အစိုးရ နှစ်ဘက်စလုံးက အမြန် ထုတ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ၂ ဦးတို့ အနေနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက် အတော်များများကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ အခု ဆွေးနွေးပွဲဟာဆိုရင်လည်း ဘေးအန္တရာယ် လျှော့ချရေးနဲ့ တင်းမာမှုတွေ မဖြစ်ရေး ခေါင်းဆောင် ၂ ဦးကြား ဆက်သွယ် ဆွေးနွေးမှု တခုသာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

အင်္ဂါနေ့ ဆွေးနွေးမှု အသေးစိတ်ကိုတော့ လျို့ဝှက်ထားဖို့ နှစ်ဘက် စလုံးက သဘောတူကြောင်းလည်း အမေရိကန် ကြေညာချက်မှာ ဖော်ပြပါတယ်။ ယူကရိန်းနဲ့ ခရိုင်းမီးယားနဲ့ နယ်စပ်တွေမှာ ရုရှား တပ်ဖွဲ့တွေရဲ့ ပုံမှန် မဟုတ်တဲ့ လှုပ်ရှားမှုလို့ အမေရိကန်နဲ့ မြောက်အတ္တလန္တိတ် စာချုပ် အဖွဲ့ NATO တို့က အကြိမ်ကြိမ် ပြောဆိုထားတဲ့ ကိစ္စ အပေါ် စိုးရိမ်ချက်တွေ ပိုများလာပြီးနောက်မှာ အခု ဆွေးနွေးပွဲ ဖြစ်လာတာပါ။

နယ်စပ် တလျှောက်မှာ ရုရှား စစ်သား ၉၀,၀၀၀ လောက် ရှိနေတယ်လို့ ယူကရိန်း ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။ ထောက်လှမ်းရေး ဆန်စစ်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် တာဝန်ရှိသူတွေက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူ တဦးကတော့ ရုရှား စစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ယူကရိန်းကို ပြင်းပြင်းထန်ထန် ပြောဆိုနေမှုတွေ အပေါ် အထူး စိုးရိမ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG