သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနာက္တက္လာမယ္႔ ဂ်ာမန္အစိုးရအတြက္ ပထဝီဝင္ႏိုင္ငံေရး စိန္ေခၚခ်က္မ်ား


လႊတ္ေတာ္ စည္းေ၀းပဲြ တက္ေရာက္ေနတဲ့ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ Angela Merkel (Berlin, Sept. 7, 2021)

ဂ်ာမနီ ႏိုင္ငံမွာ လာမယ့္ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ေခါင္းေဆာင္သစ္ ေရြးေကာက္ဖို႔ ျပင္ဆင္ထားၿပီး ၀န္ႀကီးခ်ဳပ္ Angela Merkel ကို ဆက္ခံမယ့္ ေခါင္းေဆာင္သစ္ အေနနဲ႔ အေရးႀကီးတဲ႔ ပထဝီ ႏိုင္ငံေရးဆိုင္ရာ စိန္ေခၚ အကဲစမ္းမႈ အမ်ားအျပားနဲ႔ ၾကံဳရဖို႔ ရွိေနပါတယ္။

တ႐ုတ္ အစိုးရက သူ႔ရဲ႕ ခါးပတ္လမ္း စီမံကိန္း တစိတ္တပိုင္း အေနနဲ႔ ဥေရာပမွာ စီးပြားေရး တိုးခ်ဲ႕လာေနတာမွာ ဆိပ္ကမ္းေတြ၊ ရထားလမ္းေတြနဲ႔ အေ၀းေျပး လမ္းမႀကီးေတြလို အေရးႀကီးတဲ႔ အေျခခံ အေဆာက္အဦပိုင္းမွာ တ႐ုတ္ ႏိုင္ငံပိုင္ လုပ္ငန္းႀကီးေတြ ရင္းႏွီးျမႇဳပ္ႏွံလာတာကို ေတြ႕လာရပါတယ္။ ဂ်ာမနီရဲ႕ အႀကီးဆံုး ဆိပ္ကမ္း Hamburg ဟာဆိုရင္ ႏွစ္စဥ္ ကြန္တိန္နာ ၈ ဒသမ ၅ သန္းေက်ာ္ သယ္ယူပို႔ေဆာင္ေနတာ ျဖစ္ပါတယ္။ လက္ရွိ အစီအစဥ္ေတြသာ အတည္ျပဳမယ္ဆိုရင္ေတာ့ ဆိပ္ကမ္းရဲ႕ ရွယ္ယာ အမ်ားအျပားကို တ႐ုတ္ အစိုးရကို မၾကာခင္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

သေဘာတူညီခ်က္ အေပၚမွာ ဂ်ာမနီ အေနနဲ႔ ပိုၿပီး သတိထားရမယ္လို႔လည္း ေ၀ဖန္သူေတြက ေျပာပါတယ္။ တ႐ုတ္ရဲ႕ စီးပြားေရး အစီအစဥ္ေတြက စီးပြားေရး လုပ္ဖို႔ အဓိက မဟုတ္ဘဲ တ႐ုတ္ ကြန္ျမဴနစ္ ပါတီရဲ႕ ႏိုင္ငံေရး ဆိုင္ရာ ဆံုးျဖတ္ခ်က္ေတြ ျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ Angela Merkel ရဲ႕ Christian Democrats ပါတီက လႊတ္ေတာ္ အမတ္ Jürgen Hardt က ဗြီအိုေအကို ေျပာပါတယ္။ ႐ုရွား အေရးလည္း ရွိေနပါတယ္။

၂၀၁၄ ခုႏွစ္မွာ ယူကရိန္းရဲ႕ ခ႐ိုင္းမီးယား ေဒသကို ႐ုရွားတို႔ က်ဴးေက်ာ္ခဲ႔ေပမယ့္လည္း ႐ုရွားက ဓာတ္ေငြ႕ကို ဂ်ာမနီကို တိုက္႐ိုက္ ပို႔မယ့္ Nord Stream 2 ပိုက္လိုင္း တည္ေဆာက္ေရး ဆက္လုပ္ဖို႔ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ Merkel က တြန္းအားေပးခဲ႔ၿပီး ဒီလ အေစာပိုင္းမွာ အၿပီးသတ္ခဲ႔ပါတယ္။ ဒီမတိုင္ခင္ကေတာ့ ယူကရိန္းက ၾကားျဖတ္ သယ္ေဆာင္ခ ရခဲ႔တာပါ။

ဒီပိုက္လိုင္းနဲ႔ ပတ္သက္ၿပီး ယူကရိန္း သမၼတက ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ကို ပြင့္ပြင့္လင္းလင္း သတိေပးခဲ႔သလိုဘဲ အေမရိကန္ ျပည္ေထာင္စုကလည္း ဒီ ပိုက္လိုင္းကို ဆန္႔က်င္ၿပီး ပိုက္လိုင္းနဲ႔ ပတ္သက္ ဆက္ႏြယ္တဲ႔ ႐ုရွား ကုမၸဏီေတြကိုလည္း ဒဏ္ခတ္ထားတာပါ။ တခ်ိန္တည္းမွာဘဲ ဥေရာပရဲ႕ လံုျခံဳေရး အတြက္ အေမရိကန္ အေပၚ မွီခိုတာကို ေလွ်ာ့ခ်ေရး ဥေရာပ သမဂၢက စဥ္းစားေနတဲ႔ ကိစၥလည္း ရွိေနပါတယ္။ ကမ ၻာ႔ေရးရာေတြမွာ ဦးေဆာင္ေရး ကလည္း ေနာက္တက္လာမယ့္ ဂ်ာမနီ ေခါင္းေဆာင္သစ္ အတြက္ လြယ္ကူမွာ မဟုတ္ဘူးလို႔ သံုးသပ္သူ Gero Neugebauer က ေျပာပါတယ္။

-------------------

နောက်တက်လာမယ့် ဂျာမန်အစိုးရအတွက် ပထဝီဝင်နိုင်ငံရေး စိန်ခေါ်ချက်များ

ဂျာမနီ နိုင်ငံမှာ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ခေါင်းဆောင်သစ် ရွေးကောက်ဖို့ ပြင်ဆင်ထားပြီး ဝန်ကြီးချုပ် Angela Merkel ကို ဆက်ခံမယ့် ခေါင်းဆောင်သစ် အနေနဲ့ အရေးကြီးတဲ့ ပထဝီ နိုင်ငံရေးဆိုင်ရာ စိန်ခေါ် အကဲစမ်းမှု အများအပြားနဲ့ ကြုံရဖို့ ရှိနေပါတယ်။

တရုတ် အစိုးရက သူ့ရဲ့ ခါးပတ်လမ်း စီမံကိန်း တစိတ်တပိုင်း အနေနဲ့ ဥရောပမှာ စီးပွားရေး တိုးချဲ့လာနေတာမှာ ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေနဲ့ အဝေးပြေး လမ်းမကြီးတွေလို အရေးကြီးတဲ့ အခြေခံ အဆောက်အဦပိုင်းမှာ တရုတ် နိုင်ငံပိုင် လုပ်ငန်းကြီးတွေ ရင်းနှီးမြှုပ်နှံလာတာကို တွေ့လာရပါတယ်။ ဂျာမနီရဲ့ အကြီးဆုံး ဆိပ်ကမ်း Hamburg ဟာဆိုရင် နှစ်စဉ် ကွန်တိန်နာ ၈ ဒသမ ၅ သန်းကျော် သယ်ယူပို့ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိ အစီအစဉ်တွေသာ အတည်ပြုမယ်ဆိုရင်တော့ ဆိပ်ကမ်းရဲ့ ရှယ်ယာ အများအပြားကို တရုတ် အစိုးရကို မကြာခင်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

သဘောတူညီချက် အပေါ်မှာ ဂျာမနီ အနေနဲ့ ပိုပြီး သတိထားရမယ်လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။ တရုတ်ရဲ့ စီးပွားရေး အစီအစဉ်တွေက စီးပွားရေး လုပ်ဖို့ အဓိက မဟုတ်ဘဲ တရုတ် ကွန်မြူနစ် ပါတီရဲ့ နိုင်ငံရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Angela Merkel ရဲ့ Christian Democrats ပါတီက လွှတ်တော် အမတ် Jürgen Hardt က ဗွီအိုအေကို ပြောပါတယ်။ ရုရှား အရေးလည်း ရှိနေပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ခရိုင်းမီးယား ဒေသကို ရုရှားတို့ ကျူးကျော်ခဲ့ပေမယ့်လည်း ရုရှားက ဓာတ်ငွေ့ကို ဂျာမနီကို တိုက်ရိုက် ပို့မယ့် Nord Stream 2 ပိုက်လိုင်း တည်ဆောက်ရေး ဆက်လုပ်ဖို့ ဂျာမနီ ဝန်ကြီးချုပ် Merkel က တွန်းအားပေးခဲ့ပြီး ဒီလ အစောပိုင်းမှာ အပြီးသတ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ ယူကရိန်းက ကြားဖြတ် သယ်ဆောင်ခ ရခဲ့တာပါ။

ဒီပိုက်လိုင်းနဲ့ ပတ်သက်ပြီး ယူကရိန်း သမ္မတက ဂျာမနီ ဝန်ကြီးချုပ်ကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့သလိုဘဲ အမေရိကန် ပြည်ထောင်စုကလည်း ဒီ ပိုက်လိုင်းကို ဆန့်ကျင်ပြီး ပိုက်လိုင်းနဲ့ ပတ်သက် ဆက်နွယ်တဲ့ ရုရှား ကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်ထားတာပါ။ တချိန်တည်းမှာဘဲ ဥရောပရဲ့ လုံခြုံရေး အတွက် အမေရိကန် အပေါ် မှီခိုတာကို လျှော့ချရေး ဥရောပ သမဂ္ဂက စဉ်းစားနေတဲ့ ကိစ္စလည်း ရှိနေပါတယ်။ ကမ ္ဘာ့ရေးရာတွေမှာ ဦးဆောင်ရေး ကလည်း နောက်တက်လာမယ့် ဂျာမနီ ခေါင်းဆောင်သစ် အတွက် လွယ်ကူမှာ မဟုတ်ဘူးလို့ သုံးသပ်သူ Gero Neugebauer က ပြောပါတယ်။

XS
SM
MD
LG