သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္စပ္ ႐ုရွား စစ္ေရးလႈပ္ရွားမႈ ကန္ စိုးရိမ္


= = [[ Zawgyi ]] = =

ယူကရိန္းနယ္စပ္ ႐ုရွား စစ္ေရးလႈပ္ရွားမႈ ကန္ စိုးရိမ္

ယူကရိန္းနယ္စပ္မွာ ႐ုရွားရဲ႕ စစ္ေရးလႈပ္ရွားမႈေတြအတြက္ အေမရိကန္က စိုးရိမ္ေၾကာင္း ယူကရိန္းႏိုင္ငံျခားေရး၀န္ႀကီး Dmytro Kuleba နဲ႔ ဝါရွင္တန္မွာ ေတြ႕ဆုံအၿပီး အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ကေျပာဆိုလိုက္ပါတယ္။

“ယူကရိန္းႏိုင္ငံအနီး ႐ုရွားရဲ႕ လုပ္႐ိုးလုပ္စဥ္မဟုတ္တဲ့ လႈပ္ရွားမႈသတင္းေတြအေပၚ စိုးရိမ္ပါတယ္။ နီးနီးကပ္ကပ္လည္း ေစာင့္ၾကည့္ေနပါတယ္။” လို႔ ၀န္ႀကီး Blinken က ဝါရွင္တန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွာ ဗုဒၶဟူးေန႔က ေျပာဆိုလိုက္တာပါ။

ဒီကိစၥနဲ႔ ပတ္သက္လို႔ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔ ဆက္လက္တိုင္ပင္ ေဆြးေႏြးသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ရန္လိုတဲ့ လုပ္ရပ္မ်ဳိးေတြ အေပၚမွာလည္း အေမရိကန္ အေနနဲ႔ အထူးစိုးရိမ္မကင္း ျဖစ္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း အသိေပးလိုေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ယူကရိန္းနဲ႔ ႐ုရွား ၂ ႏိုင္ငံၾကား တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ အေမရိကန္က လိုလားေၾကာင္းလည္း ေျပာပါတယ္။ ယူကရိန္း ႏိုင္ငံရဲ႕ စြမ္းအင္ လိုအပ္ခ်က္နဲ႔ ပတ္သက္လို႔လည္း ၂ ႏိုင္ငံ ေဆြးေႏြးခဲ့ၾကၿပီး၊ အေမရိကန္၊ ယူကရိန္း မဟာဗ်ဳဟာေျမာက္ ဆက္ဆံေရးဆိုင္ရာ သေဘာတူညီခ်က္ကိုလည္း လက္မွတ္ထိုးခဲ့ၾကတာပါ။

၀န္ႀကီး Blinken လိုပဲ အေမရိကန္ ပင္တဂြန္ စစ္ဌာနခ်ဳပ္ကလည္း ႐ုရွားရဲ႕ စစ္ေရးလႈပ္ရွားမႈအေပၚ စိုးရိမ္ေၾကာင္း ေျပာခဲ့ပါတယ္။ ႐ုရွားႏိုင္ငံက လုပ္႐ိုးလုပ္စဥ္မဟုတ္တဲ့ စစ္ေရးလႈပ္ရွားမႈေတြရဲ႕ ရည္ရြယ္ခ်က္ကို ရွင္းရွင္းလင္းလင္း မသိရသလို၊ ယူကရိန္းနယ္စပ္အနီးက အေျခအေနအေပၚ စိုးရိမ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ John Kirby က ဗုဒၶဟူးေန႔မွာ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = {{ Unicode }} = =

ယူကရိန်းနယ်စပ် ရုရှား စစ်ရေးလှုပ်ရှားမှု ကန် စိုးရိမ်

ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် အမေရိကန်က စိုးရိမ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ ဝါရှင်တန်မှာ တွေ့ဆုံအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ပါတယ်။

“ယူကရိန်းနိုင်ငံအနီး ရုရှားရဲ့ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ လှုပ်ရှားမှုသတင်းတွေအပေါ် စိုးရိမ်ပါတယ်။ နီးနီးကပ်ကပ်လည်း စောင့်ကြည့်နေပါတယ်။” လို့ ဝန်ကြီး Blinken က ဝါရှင်တန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဆက်လက်တိုင်ပင် ဆွေးနွေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ရန်လိုတဲ့ လုပ်ရပ်မျိုးတွေ အပေါ်မှာလည်း အမေရိကန် အနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးလိုကြောင်းလည်း ပြောဆိုခဲ့တာပါ။

ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံကြား တင်းမာမှုတွေကို လျှော့ချဖို့ အမေရိကန်က လိုလားကြောင်းလည်း ပြောပါတယ်။ ယူကရိန်း နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်နဲ့ ပတ်သက်လို့လည်း ၂ နိုင်ငံ ဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်၊ ယူကရိန်း မဟာဗျုဟာမြောက် ဆက်ဆံရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ထိုးခဲ့ကြတာပါ။

ဝန်ကြီး Blinken လိုပဲ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကလည်း ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံက လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသလို၊ ယူကရိန်းနယ်စပ်အနီးက အခြေအနေအပေါ် စိုးရိမ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG