သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကန်တပ်ဖွဲ့တွေ စေလွှတ်မည်မဟုတ် (သမ္မတ Biden)


အမေရိကန်သမ္မတ Joe Biden. (နိုဝင်ဘာ ၂၂၊ ၂၀၂၁)
အမေရိကန်သမ္မတ Joe Biden. (နိုဝင်ဘာ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်နိုင်ခြေ ရှိနေတာကို တုံ့ပြန်ဖို့အတွက် အမေရိကန်တပ်တွေကို ယူကရိန်းမှာ ချထားဖို့ သူ့အနေနဲ့ အမိန့်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

“ဒါမျိုးလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တာကို အမေရိကန် တနိုင်ငံတည်းကနေ တပ်တွေလွှတ်ပြီး ဆန့်ကျင်ရင်ဆိုင်ဖို့ဆိုတဲ့ အစီအစဉ်မျိုး အခုအချိန်မှာ မရှိပါဘူး။” လို့ သမ္မတ Biden က ပြောဆိုပါတယ်။

သမ္မတ Biden ရဲ့ ပြောဆိုချက်ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ၂ နာရီကြာ အွန်လိုင်းကနေ ဆွေးနွေးခဲ့ပြီး နောက်တရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေဟာ ယူကရိန်းနယ်စပ်အနီး ရုရှားတပ်တွေ အများအပြား ချထားတဲ့အပေါ် လွန်စွာမှ စိုးရိမ်မိကြောင်းနဲ့ တကယ်လို့ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်မယ်ဆိုရင် အလွန်ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ တုံ့ပြန်သွားမယ်လို့ အဲဒီအစည်းအဝေးအပြီးမှာ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

အမေရိကန်တပ်တွေ ယူကရိန်းကိုလွှတ်ဖို့ အလားအလာမရှိဘူး ဆိုပေမယ့်လည်း ယူကရိန်းကို ကာကွယ်ရေး အကူအညီတွေ ထောက်ပံပေးသွားမယ့် နည်းလမ်းတွေ ရှိနေသေးတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် ထိပ်တန်းအရာရှိတွေနဲ့ ပင်တဂွန်စစ်ဌာနချုပ် အရာရှိတွေကတော့ ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)




သမ်မတ Biden ရဲ့ ပွောဆိုခကြျဟာ ရုရှားသမ်မတ Vladimir Putin နဲ့ ၂ နာရီကွာ အှနျလိုငျးကနေ ဆှေးနှေးခဲ့ပွီး နောကျတရကျအကွာမှာ ထှကျပေါျလာတာ ဖွဈပါတယျ။



XS
SM
MD
LG