သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး အေမရိကန္နဲ႔ ႐ုရွား သမၼတေတြ ေဆြးေႏြးမည္


ၿပီးခဲ့တဲ့ ဇြန္လ ဂ်ီနီဗာမွာ ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့ အေမရိကန္သမၼတ Joe Biden နဲ႔ ႐ုရွားသမၼတ Vladimir Putin. (ဇြန္ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားနဲ႔ ယူကရိန္းနယ္စပ္တေလွ်ာက္ တင္းမာလာတဲ့ အေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္ သမၼတ Joe Biden နဲ႔ ႐ုရွားသမၼတ Vladimir Putin တို႔ အဂၤါေန႔မွာ ေဆြးေႏြးၾကဖို႔ ရွိေနပါတယ္။

ယူကရိန္းနဲ႔ နယ္စပ္မွာ ႐ုရွားဘက္က တပ္ဖြဲ႔ေတြ ျဖည့္တင္းေနမႈကို က်ဴးေက်ာ္ တုိက္ခိုက္လာႏုိင္ေျခရွိတဲ့ လကၡဏာအျဖစ္ အေနာက္ႏိုင္ငံေတြက ႐ႈျမင္တာ ျဖစ္ပါတယ္။

ေဆြးေႏြးပြဲနဲ႔ ပတ္သက္လို႔ ႐ုရွားအစိုးရ ေျပာခြင့္ရ Dmitry Peskov က Interfax သတင္းေအဂ်င္စီကို စေနေန႔မွာ အတည္ျပဳပါတယ္။ အဂၤါေန႔ ညေနပိုင္းမွာ ေဆြးေႏြးပြဲလုပ္မွာ ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။

အေမရိကန္သမၼတ အိမ္ျဖဴေတာ္ဘက္ကေတာ့ ဒီေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး တစံုတရာ မွတ္ခ်က္ေပး ေျပာဆိုတာ မရွိေသးပါဘူး။

အေမရိကန္သမၼတ Biden နဲ႔ ႐ုရွားသမၼတ Putin တို႔အေနနဲ႔ ႐ုရွား စစ္တပ္အင္အား ျဖည့္တင္းေနတဲ့ ကိစၥအျပင္ ၿပီးခဲ့တဲ့ ဇြန္လအတြင္း ဂ်ီနီဗာ ထိပ္သီးေတြ႔ဆံုပြဲမွာ ရခဲ့တဲ့ သေဘာတူညီခ်က္ေတြ အေကာင္အထည္ေဖာ္ေရးနဲ႔ ႏွစ္ႏုိင္ငံဆက္ဆံေရးကိုပါ ေဆြးေႏြးဖို႔ရွိေၾကာင္းလည္း ႐ုရွားအစိုးရဘက္က ေျပာဆိုထားပါတယ္။

႐ုရွားဘက္က သီတင္းပတ္နဲ႔ခ်ီၿပီး စစ္အင္အားနဲ႔ စစ္လက္နက္ ျဖည့္ဆည္းေနတဲ့ ယူကရိန္းနဲ႔ နယ္စပ္မွာ ႐ုရွားအေနနဲ႔ အေျခအေန ပိုတင္းမာလာေအာင္လုပ္ဖို႔ လံုးဝခက္ခဲသြားေစမယ့္ အစီအစဥ္ေတြ လုပ္ေနေၾကာင္း အေမရိကန္သမၼတ Joe Biden က ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ေတြအတြင္း က်င္းပခဲ့တဲ့ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႔ ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝး အတြင္းမွာလည္း ႐ုရွားရဲ႕ ရန္လိုမႈကိစၥက အဓိကအေၾကာင္းရပ္ ျဖစ္ခဲ့ပါတယ္။

အေျခအေန ပိုတင္းမာလာေစမယ့္ ဘယ္လိုလုပ္ရပ္မ်ဳိးမဆို တန္ဖိုးႀကီးႀကီး ေပးဆပ္ရမယ္လို႔႔ NATO အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က သတိေပးခဲ့ပါတယ္။ ႐ုရွားကလည္း အေမရိကန္နဲ႔ ယူကရိန္းက တိုက္ခုိက္လာႏုိင္ေျခရွိတဲ့ သေဘာမ်ဳိး တံု႔ျပန္ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဆွေးနွေးမည်

ရုရှားနဲ့ ယူကရိန်းနယ်စပ်တလျှောက် တင်းမာလာတဲ့ အရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ အင်္ဂါနေ့မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှားဘက်က တပ်ဖွဲ့တွေ ဖြည့်တင်းနေမှုကို ကျူးကျော် တိုက်ခိုက်လာနိုင်ခြေရှိတဲ့ လက္ခဏာအဖြစ် အနောက်နိုင်ငံတွေက ရှုမြင်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က Interfax သတင်းအေဂျင်စီကို စနေနေ့မှာ အတည်ပြုပါတယ်။ အင်္ဂါနေ့ ညနေပိုင်းမှာ ဆွေးနွေးပွဲလုပ်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ဘက်ကတော့ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။

အမေရိကန်သမ္မတ Biden နဲ့ ရုရှားသမ္မတ Putin တို့အနေနဲ့ ရုရှား စစ်တပ်အင်အား ဖြည့်တင်းနေတဲ့ ကိစ္စအပြင် ပြီးခဲ့တဲ့ ဇွန်လအတွင်း ဂျီနီဗာ ထိပ်သီးတွေ့ဆုံပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးကိုပါ ဆွေးနွေးဖို့ရှိကြောင်းလည်း ရုရှားအစိုးရဘက်က ပြောဆိုထားပါတယ်။

ရုရှားဘက်က သီတင်းပတ်နဲ့ချီပြီး စစ်အင်အားနဲ့ စစ်လက်နက် ဖြည့်ဆည်းနေတဲ့ ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှားအနေနဲ့ အခြေအနေ ပိုတင်းမာလာအောင်လုပ်ဖို့ လုံးဝခက်ခဲသွားစေမယ့် အစီအစဉ်တွေ လုပ်နေကြောင်း အမေရိကန်သမ္မတ Joe Biden က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ကျင်းပခဲ့တဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး အတွင်းမှာလည်း ရုရှားရဲ့ ရန်လိုမှုကိစ္စက အဓိကအကြောင်းရပ် ဖြစ်ခဲ့ပါတယ်။

အခြေအနေ ပိုတင်းမာလာစေမယ့် ဘယ်လိုလုပ်ရပ်မျိုးမဆို တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က သတိပေးခဲ့ပါတယ်။ ရုရှားကလည်း အမေရိကန်နဲ့ ယူကရိန်းက တိုက်ခိုက်လာနိုင်ခြေရှိတဲ့ သဘောမျိုး တုံ့ပြန် ပြောဆိုထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG