သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား၊ ယူကရိန်း တင်းမာမှုအရေး G7 အဖွဲ့ဝင်တွေ ဆွေးနွေး


G7 နိုင်ငံခြာရေးဝန်ကြီးများ အစည်းအဝေးပွဲအတွင်း တွေ့ဆုံ ဆွေးနွေးနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi. (ဒီဇင်ဘာ ၁၁၊ ၂၀၂၁)
G7 နိုင်ငံခြာရေးဝန်ကြီးများ အစည်းအဝေးပွဲအတွင်း တွေ့ဆုံ ဆွေးနွေးနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi. (ဒီဇင်ဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ (G7) အဖွဲ့ရဲ့ ထိပ်တန်းသံတမန်တွေ ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ စနေနေ့က တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနိုင်ငံအပေါ် ရုရှားက ရန်လုပ်လာရင် တညီတညွတ်တည်း တုံ့ပြန်မယ့် သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။ ရုရှားရဲ့ မရိုးမသား လုပ်ရပ်တွေအပြင် တရုတ်၊ အီရန် စတဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ထွက်ပေါ်နိုင်ရေး အိမ်ရှင် ဗြိတိန်နိုင်ငံက ကြိုးပမ်းနေသလို ဥရောပသမဂ္ဂ (EU) ကလည်း အလားတူ သဘောထား ပြောဆိုခဲ့တာပါ။

“ယူကရိန်းကို တိုက်ခိုက်ရာရောက်တဲ့ လုပ်ရပ်မျိုးတွေ လုပ်လာမယ်ဆိုရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုတာ ရုရှားအနေနဲ့ သဘောပေါက်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။” လို့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ပြောဆိုသွားတာပါ။

ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ခြိမ်းခြောက်မှုတရပ် ဖြစ်တာကြောင့် ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အားပေးထောက်ခံကြောင်း တညီတညွတ်တည်း ပြသတဲ့အနေနဲ့ G7 အဖွဲ့ဝင်တွေ တွေ့ဆုံကြတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းနိုင်ငံနဲ့ နယ်စပ်အနီး ရုရှားက တပ်အင်အားနဲ့ လက်နက်တွေ ဖြည့်တင်းပြီး လှုပ်ရှားနေတာဟာ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်တဲ့ လုပ်ရပ်အဖြစ် စိုးရိမ်နေကြတဲ့ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေကတော့ ယူကရိန်းကို တိုက်ခိုက်လာမယ်ဆိုရင် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားတာပါ။

အိမ်ရှင် ဗြိတိန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Liz Truss နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ရဲ့ သီးသန့်တွေ့ဆုံမှုအတွင်း ရုရှားက ယူကရိန်းအပေါ် ရန်လိုမယ့် လုပ်ရပ်တွေကို တားဆီးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG