သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7-ASEAN ဝန်ကြီးအဆင့်အစည်းအဝေး မြန်မာကိုဖိတ်ကြားမည်မဟုတ်


G7 G-7 Flags Flag
G7 G-7 Flags Flag

{{Zawgyi/Unicode}}

ယူကေနိုင်ငံ၊ လီဗာပူးလ်မြို့မှာ လာမယ့် ဒီဇင်ဘာလကျရင် ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ၊ G7 အဖွဲ့၊ နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကိုတက်ဖို့ အာဆီယံနိုင်ငံတွေကို ဖိတ်ကြားထားပေမယ့် မြန်မာစစ်အစိုးရကို ဖိတ်မှာမဟုတ်ဘူးလို့ ယူကေအစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။

ယူကေလွှတ်တော်အတွင်း စက်တင်ဘာလ ၂၁ ရက်နေ့က မေးထားတာကို အောက် တိုဘာလ ၁၉ ရက်နေ့က ပြန်ကြားဖြေဆိုတာမှာ အစည်းအဝေးကို လူကိုယ်တိုင်တက် ဖို့ စစ်ကောင်စီကို ဖိတ်မှာမဟုတ်ဘူးလို့ ရေးထားတာကြောင့် ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် တက်ရောက်နိုင်တဲ့အလားအလာ ရှိနေဆဲပဲလို့ ယူကေအခြေစိုက် မြန်မာ့ အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ထောက်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ အာဆီယံက ဆုံးဖြတ်ထားတာကို မှတ်သားထားတဲ့အကြောင်းလည်း ယူကေအစိုးရကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူတာ၊ မြန်မာလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အရပ်သားအစိုးရ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းဝင်တွေကို ဖမ်းဆီးထားတဲ့အပေါ် ယူကေအစိုးရက ပြစ်တင်ရှုတ်ချတယ်လို့လည်း လွှတ်တော်မေးခွန်း ပြန်ကြားချက်မှာ ယူကေအစိုးရက ပြောထားပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်း အဆုံးသတ်ရေး ဘုံတူညီတဲ့ ရည်မှန်းချက်အပေါ် ယူကေနိုင်ငံဟာ အာဆီယံနဲ့ အနီးကပ် ဆက်ပြီး လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ယူကေအစိုးရကပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ဘူးဆိုတဲ့ အာဆီယံဆုံးဖြတ်ချက် ထွက်ပြီးတဲ့နောက်ပိုင်း နောက်ထပ် နိုင်ငံတကာ အဆင့်မြင့်အစည်းအဝေးတခုမှာ စစ်ကောင်စီပါဝင်ခွင့် ထပ်ပြီး ငြင်းပယ်ခံရတာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ မြန်မာနိုင်ငံမှာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး ယာယီတာဝန်ခံ ရူရစ်ခ် မာစ်ဒန်က "“သီတင်းကျွတ်အခါသမယမှာ မြန်မာပြည် သူတွေအားလုံး ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေ" လို့ ဆုမွန်ကောင်းတောင်းပေးသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်အသက် ဝင်ရေးအတွက် ယူကေအစိုးရကဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


================

{{Unicode}}









#G7ASEAN #BurmaCampaignUK #VOABurmese

===============

XS
SM
MD
LG