သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကိုက်ဴးေက်ာ္ရင္ ႀကီးမားတဲ့ေပးဆပ္မႈ ႀကဳံရမယ္လို႔ ႐ုရွားကို ကန္သမၼတ သတိေပး


အေမရိကန္သမၼတ Joe Biden. (ဒီဇင္ဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားအေနနဲ႔ ယူကရိန္းကို က်ဴးေက်ာ္ခဲ့ရင္ ဆိုးဆိုးဝါးဝါး ေပးဆပ္ရမွာျဖစ္ၿပီး စီးပြားထိခိုက္မႈ အက်ိဳးဆက္ေတြ ရင္ဆိုင္ရမယ္လို႔ အေမရိကန္သမၼတ Joe Biden က ႐ုရွားသမၼတ Vladimir Putin ကုိ သတိေပးလိုက္ပါတယ္။

႐ုရွားက က်ဴးေက်ာ္လာရင္ အေမရိကန္တပ္ဖြဲ႔ေတြ ယူကရိန္းကို ပို႔လႊတ္ႏိုင္ေျခ ရွိမလားလို႔ သတင္းေထာက္ေတြက ေမးျမန္းရာမွာေတာ့ ဒီကိစၥမ်ိဳး ေဆြးေႏြးထားတာ လုံးလုံးမရွိဘူးလို႔ တုံ႔ျပန္ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္နဲ႔ ေနတိုး မဟာမိတ္တပ္ေတြကို အေရွ႕ဘက္ျခမ္း ေနတိုးအဖြဲ႔ဝင္ႏိုင္ငံေတြ ကာကြယ္ေရးအတြက္ အားျဖည့္သြားဖို႔ရွိမယ္လို႔ ေျဖပါတယ္။

ၿပီးခဲ့တဲ့အပတ္ထဲ Biden နဲ႔ Putin တို႔ ၂ နာရီၾကာ တယ္လီဖုန္းနဲ႔ ဆက္သြယ္စကားေျပာရာမွာ သမၼတ Biden က ႐ုရွားေခါင္းေဆာင္ကို တကယ္လို႔ ယူကရိန္းကို က်ဴးေက်ာ္မႈျဖစ္လာရင္ သူ႔တိုင္းျပည္ရဲ႕ ရပ္တည္မႈနဲ႔ ပတ္သက္ၿပီး အခုလို ရွင္းရွင္းလင္းလင္း ေျပာခဲ့တာလည္း ျဖစ္ပါတယ္။

အဂၤလန္ႏိုင္ငံ လီဗာပူးၿမိဳ႕မွာ က်င္းပေနတဲ့ ကမၻာ့အခ်မ္းသာဆုံး ဒီမိုကေရစီႏိုင္ငံမ်ားအဖြဲ႔ G7 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကလည္း အလားတူ သတင္းစကားမ်ိဳးကို ႐ုရွားဆီကို ေပးပို႔ခဲ့ပါတယ္။

ေထာင္ေပါင္းမ်ားစြာေသာ ႐ုရွားတပ္ဖြဲ႔ဝင္ေတြနဲ႔ စစ္ေရးျပင္ဆင္မႈေတြ လုပ္ေနတာေၾကာင့္ ႀကီးမားတဲ့ စစ္ေရးတိုက္ခိုက္မႈ ျဖစ္ႏိုင္ေျခ ရွိတယ္ဆိုၿပီး ႐ုရွားကို ယူကရိန္းႏိုင္ငံက စြပ္စြဲထားပါတယ္။

႐ုရွားကလည္း ဒါကို ျငင္းဆိုထားၿပီး မိမိကိုယ္မိမိ ကာကြယ္ေရးအတြက္ လိုအပ္တဲ့ လုံၿခဳံေရးကိစၥေတြ ျဖည့္ဆည္းျခင္းသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့အပတ္ထဲ သမၼတ Biden ကလည္း ဥေရာပအလယ္ပိုင္း ေနတိုးအဖြဲ႔ဝင္ ႏိုင္ငံေတြကို ပိုမိုၿပီး စစ္ေရးအကူအညီေပးဖို႔ ကတိျပဳခဲ့တာမို႔ ယူကရိန္းအေရး စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။

----------------------

(Unicode)

ယူကရိန်းကိုကျူးကျော်ရင် ကြီးမားတဲ့ပေးဆပ်မှု ကြုံရမယ်လို့ ရုရှားကို ကန်သမ္မတ သတိပေး

ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဆိုးဆိုးဝါးဝါး ပေးဆပ်ရမှာဖြစ်ပြီး စီးပွားထိခိုက်မှု အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Joe Biden က ရုရှားသမ္မတ Vladimir Putin ကို သတိပေးလိုက်ပါတယ်။

ရုရှားက ကျူးကျော်လာရင် အမေရိကန်တပ်ဖွဲ့တွေ ယူကရိန်းကို ပို့လွှတ်နိုင်ခြေ ရှိမလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒီကိစ္စမျိုး ဆွေးနွေးထားတာ လုံးလုံးမရှိဘူးလို့ တုံ့ပြန်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ နေတိုး မဟာမိတ်တပ်တွေကို အရှေ့ဘက်ခြမ်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ကာကွယ်ရေးအတွက် အားဖြည့်သွားဖို့ရှိမယ်လို့ ဖြေပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ Biden နဲ့ Putin တို့ ၂ နာရီကြာ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောရာမှာ သမ္မတ Biden က ရုရှားခေါင်းဆောင်ကို တကယ်လို့ ယူကရိန်းကို ကျူးကျော်မှုဖြစ်လာရင် သူ့တိုင်းပြည်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး အခုလို ရှင်းရှင်းလင်းလင်း ပြောခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံများအဖွဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကလည်း အလားတူ သတင်းစကားမျိုးကို ရုရှားဆီကို ပေးပို့ခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာကြောင့် ကြီးမားတဲ့ စစ်ရေးတိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး ရုရှားကို ယူကရိန်းနိုင်ငံက စွပ်စွဲထားပါတယ်။

ရုရှားကလည်း ဒါကို ငြင်းဆိုထားပြီး မိမိကိုယ်မိမိ ကာကွယ်ရေးအတွက် လိုအပ်တဲ့ လုံခြုံရေးကိစ္စတွေ ဖြည့်ဆည်းခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ သမ္မတ Biden ကလည်း ဥရောပအလယ်ပိုင်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ပိုမိုပြီး စစ်ရေးအကူအညီပေးဖို့ ကတိပြုခဲ့တာမို့ ယူကရိန်းအရေး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG