သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဆြးေႏြးပြဲမွာ အေလွ်ာ့ေပးမည္မဟုတ္ ႐ုရွားသတိေပး


႐ုရွား လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး Sergei Ryabkov. (ၾသဂုတ္ ၅၊ ၂၀၁၉)

(Zawgyi / Unicode)

ေရွ႕သီတင္းပတ္အတြင္း ယူကရိန္းအေရးကိစၥအတြက္ အေမရိကန္နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္တဲ့အခါ သူတို႔ဘက္က ေတာင္းဆိုထားတဲ့ အေနာက္အုပ္စုႏိုင္ငံေတြက ႐ုရွားရဲ႕ လုံၿခဳံေရးကို အာမခံေပးရမယ္ဆိုတဲ့ အခ်က္ကို အေမရိကန္ရဲ႕ ဖိအားေတြေၾကာင့္ေတာ့ အေလွ်ာ့ေပးမွာ မဟုတ္ဘူးလို႔ ႐ုရွားက ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။ ေဆြးေႏြးပြဲကို အလ်င္အျမန္ အဆုံးသတ္ပစ္ေကာင္း ပစ္ႏိုင္တယ္လို႔လည္း ႐ုရွားက သတိေပးပါတယ္။

ဂ်ီနီဗာ၊ ဘရပ္ဆဲလ္နဲ႔ ဗီယင္နာ ၃ ေနရာတို႔မွာ ေဆြးေႏြးမႈေတြ ဆက္တိုက္ ျပဳလုပ္သြားၾကဖို႔ စီစဥ္ထားေပမယ့္ သံတမန္ေရးအရ အဲဒီေဆြးေႏြးမႈေတြဟာ ပထမတခုတည္းတင္ ႐ုတ္တရက္ ပ်က္သြားေကာင္း ပ်က္သြားႏိုင္တဲ့ အေျခအေနရွိတယ္လို႔ ႐ုရွား လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး Sergei Ryabkov ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး အစိုးရပိုင္ RIA သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီေဆြးေႏြးပြဲအတြက္ ႐ုရွားဘက္က ေကာင္းမြန္တဲ့ ေမွ်ာ္လင့္ခ်က္ မထားဘူးလို႔ ေဆြးေႏြးပြဲေတြမွာ ႐ုရွားအဖြဲ႔ကို ဦးေဆာင္မယ့္ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Ryabkov ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ုရွားအစိုးရပိုင္ သတင္းမီဒီယာေတြမွာ ေရးပါတယ္။

႐ုရွားဘက္က အေလွ်ာ့မေပးတဲ့ သေဘာထားရွိေၾကာင္း လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ အဲဒီလို ေျပာဆိုခ်က္ဟာ စစ္ေအးေခတ္ကာလေနာက္ပိုင္း အေမရိကန္နဲ႔ ႐ုရွားအၾကားက ဆက္ဆံေရးမွာ အတင္းမာဆုံး အေျခအေနကို ေရာက္ရွိသြားေစပါတယ္။

ယူကရိန္းနယ္စပ္မွာ ေထာင္ေသာင္းခ်ီတဲ့ ႐ုရွားတပ္ဖြဲ႔ေတြ စုေဝး ေရာက္ရွိေနတာဟာ ႐ုရွားက ယူကရိန္းပိုင္နယ္ေျမ Crimea ကို သိမ္းပိုက္လိုက္ၿပီး ၈ ႏွစ္အၾကာမွာ ႐ုရွားက ယူကရိန္းကို တေက်ာ့ျပန္ ထိုးစစ္ဆင္ သိမ္းပိုက္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ႏိုင္တယ္လို႔ အေမရိကန္နဲ႔ ယူကရိန္းတို႔က ယူဆထားၾကတာပါ။ ႐ုရွားကေတာ့ ယူကရိန္းကုိ သိမ္းပိုက္ဖို႔ အစီအစဥ္မရွိေၾကာင္း ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဆွေးနွေးပွဲမှာ အလျှော့ပေးမည်မဟုတ် ရုရှားသတိပေး

ရှေ့သီတင်းပတ်အတွင်း ယူကရိန်းအရေးကိစ္စအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါ သူတို့ဘက်က တောင်းဆိုထားတဲ့ အနောက်အုပ်စုနိုင်ငံတွေက ရုရှားရဲ့ လုံခြုံရေးကို အာမခံပေးရမယ်ဆိုတဲ့ အချက်ကို အမေရိကန်ရဲ့ ဖိအားတွေကြောင့်တော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ရုရှားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဆွေးနွေးပွဲကို အလျင်အမြန် အဆုံးသတ်ပစ်ကောင်း ပစ်နိုင်တယ်လို့လည်း ရုရှားက သတိပေးပါတယ်။

ဂျီနီဗာ၊ ဘရပ်ဆဲလ်နဲ့ ဗီယင်နာ ၃ နေရာတို့မှာ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်သွားကြဖို့ စီစဉ်ထားပေမယ့် သံတမန်ရေးအရ အဲဒီဆွေးနွေးမှုတွေဟာ ပထမတခုတည်းတင် ရုတ်တရက် ပျက်သွားကောင်း ပျက်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင် RIA သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲအတွက် ရုရှားဘက်က ကောင်းမွန်တဲ့ မျှော်လင့်ချက် မထားဘူးလို့ ဆွေးနွေးပွဲတွေမှာ ရုရှားအဖွဲ့ကို ဦးဆောင်မယ့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ryabkov ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် သတင်းမီဒီယာတွေမှာ ရေးပါတယ်။

ရုရှားဘက်က အလျှော့မပေးတဲ့ သဘောထားရှိကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီလို ပြောဆိုချက်ဟာ စစ်အေးခေတ်ကာလနောက်ပိုင်း အမေရိကန်နဲ့ ရုရှားအကြားက ဆက်ဆံရေးမှာ အတင်းမာဆုံး အခြေအနေကို ရောက်ရှိသွားစေပါတယ်။

ယူကရိန်းနယ်စပ်မှာ ထောင်သောင်းချီတဲ့ ရုရှားတပ်ဖွဲ့တွေ စုဝေး ရောက်ရှိနေတာဟာ ရုရှားက ယူကရိန်းပိုင်နယ်မြေ Crimea ကို သိမ်းပိုက်လိုက်ပြီး ၈ နှစ်အကြာမှာ ရုရှားက ယူကရိန်းကို တကျော့ပြန် ထိုးစစ်ဆင် သိမ်းပိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ အမေရိကန်နဲ့ ယူကရိန်းတို့က ယူဆထားကြတာပါ။ ရုရှားကတော့ ယူကရိန်းကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG