သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း တင္းမာမႈ ေလ်ာ႔ပါးေရး NATO နဲ႔ ႐ုရွား ေဆြးေႏြးမည္


A Russian army soldier takes part in drills at the Kadamovskiy firing range in the Rostov region in southern Russia, Dec. 10, 2021.

{{Zawgyi/Unicode}}

ယူကရိန္းႏိုင္ငံရဲ႕ အေရွ႕ပိုင္း နယ္စပ္တေလွ်ာက္မွာ ႐ုရွားဘက္က စစ္အင္အား တည္ေဆာက္ေနမႈေၾကာင့္ ျဖစ္လာရတဲ႔ တင္းမာမႈေတြ ေျပလည္ေရး ႀကိဳးပမ္းဖို႔ ႐ုရွား တာ၀န္ရွိသူေတြနဲ႔ အေနာက္ႏိုင္ငံေတြက သံအမတ္ႀကီးေတြ ေနာက္သတင္းပတ္ အတြင္း ေတြ႕ဆံုေဆြးေႏြးၾကဖို႔ NATO - ေျမာက္အတၱလႏၲိတ္ စစ္စာခ်ဳ႔္ အဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က စီစဥ္ထားေၾကာင္း NATO အဖြဲ႔က အဂၤါေန႔မွာ ထုတ္ျပန္ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ အေမရိကန္နဲ႔ ႐ုရွား တာ၀န္ရွိသူေတြ လံုျခံဳေရးဆိုင္ရာ ႏွစ္ဘက္ ေဆြးေႏြးပြဲ ေနာက္ ၂ ရက္ အၾကာ ဇန္နဝါရီလ ၁၂ ရက္ေန႔ ဗုဒၶဟူးေန႔မွာ ဘယ္လ္ဂ်ီယံ ႏိုင္ငံ ဘရပ္ဆဲလ္ ၿမိဳ႕ေတာ္မွာ NATO-Russia ေကာင္စီ ေဆြးေႏြးပြဲ က်င္းပဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

ယူကရိန္း အေရွ႕ပိုင္း နယ္စပ္မွာ ႐ုရွားဘက္က တပ္ဖြဲ႔၀င္ ၁ သိန္း ခ်ထားဟာဆိုရင္ တခ်ိန္က ဆိုဗီယက္ သမၼတ ႏိုင္ငံ တခု ျဖစ္ခဲ႔တဲ႔ ယူကရိန္းကို ႐ုရွားဘက္က က်ဴးေက်ာ္ဖို႔ ျပင္ဆင္မႈ အျဖစ္ အေနာက္ မဟာမိတ္ ႏိုင္ငံေတြက စိုးရိေနၾကတာ ျဖစ္ပါတယ္။

အေနာက္ႏိုင္ငံေတြရဲ႕ စစ္ေရး မဟာမိတ္အဖြဲ႔မွာ အဖြဲ႔၀င္ျဖစ္ေရး ယူကရိန္းရဲ႕ ပန္ၾကားမႈကို NATO ဘက္က လက္မခံေရးနဲ႔ ဥေရာပ အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းမွာ NATO ဘက္က စစ္ေရး ပတ္သက္မႈေတြ ေရွာင္ရွားေရး ႐ုရွားဘက္က အာမခံခ်က္ ရဖို႔ ႀကိဳးစားေနတာပါ။ အေမရိကန္၊ ကေနဒါနဲ႔ ဥေရာပထဲက ၂၈ ႏိုင္ငံနဲ႔ ႏိုင္ငံ ၃၀ ပါတဲ႔ NATO အဖြဲ႔ကေတာ့ လာမယ့္ သီတင္းပတ္ အတြင္း ႐ုရွား အစိုးရနဲ႔ ေဆြးေႏြးပြဲ အတြက္ ျပင္ဆင္ဖို႔ ေသာၾကာေန႔မွာ NATO ႏိုင္ငံျခားေရး ၀န္ႀကီးေတြ အြန္လိုင္းကေန ေဆြးေႏြးမယ့္ အေၾကာင္း ေျပာဆိုထားပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်း နယ်စပ်တလျှောက်မှာ ရုရှားဘက်က စစ်အင်အား တည်ဆောက်နေမှုကြောင့် ဖြစ်လာရတဲ့ တင်းမာမှုတွေ ပြေလည်ရေး ကြိုးပမ်းဖို့ ရုရှား တာဝန်ရှိသူတွေနဲ့ အနောက်နိုင်ငံတွေက သံအမတ်ကြီးတွေ နောက်သတင်းပတ် အတွင်း တွေ့ဆုံဆွေးနွေးကြဖို့ NATO - မြောက်အတ္တလန္တိတ် စစ်စာချု့် အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က စီစဉ်ထားကြောင်း NATO အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေ လုံခြုံရေးဆိုင်ရာ နှစ်ဘက် ဆွေးနွေးပွဲ နောက် ၂ ရက် အကြာ ဇန်နဝါရီလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ NATO-Russia ကောင်စီ ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ပိုင်း နယ်စပ်မှာ ရုရှားဘက်က တပ်ဖွဲ့ဝင် ၁ သိန်း ချထားဟာဆိုရင် တချိန်က ဆိုဗီယက် သမ္မတ နိုင်ငံ တခု ဖြစ်ခဲ့တဲ့ ယူကရိန်းကို ရုရှားဘက်က ကျူးကျော်ဖို့ ပြင်ဆင်မှု အဖြစ် အနောက် မဟာမိတ် နိုင်ငံတွေက စိုးရိနေကြတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ စစ်ရေး မဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းရဲ့ ပန်ကြားမှုကို NATO ဘက်က လက်မခံရေးနဲ့ ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ NATO ဘက်က စစ်ရေး ပတ်သက်မှုတွေ ရှောင်ရှားရေး ရုရှားဘက်က အာမခံချက် ရဖို့ ကြိုးစားနေတာပါ။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပထဲက ၂၈ နိုင်ငံနဲ့ နိုင်ငံ ၃၀ ပါတဲ့ NATO အဖွဲ့ကတော့ လာမယ့် သီတင်းပတ် အတွင်း ရုရှား အစိုးရနဲ့ ဆွေးနွေးပွဲ အတွက် ပြင်ဆင်ဖို့ သောကြာနေ့မှာ NATO နိုင်ငံခြားရေး ဝန်ကြီးတွေ အွန်လိုင်းကနေ ဆွေးနွေးမယ့် အကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG