သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ တင်းမာမှုအရေး ယူကရိန်းနဲ့ အမေရိကန်သမ္မတတို့ ဆွေးနွေးမည်


US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)
US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)

ရုရှားနဲ့ တင်းမာမှုအရေး ယူကရိန်းနဲ့ အမေရိကန်သမ္မတတို့ ဆွေးနွေးမည်

{{Zawgyi/Unicode}}
အမေရိကန်သမ္မတ Joe Biden ဟာ တနင်္ဂနွေနေ့ကျရင် ယူကရိန်းသမတ Volodymyr Zelenskiy နဲ့ ဆက်သွယ်စကားပြောမှာဖြစ်ကြောင်း အမေရိကန်သမတ အိမ်ဖြူတော်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။

ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုတွေ လျှော့ချရေး ရုရှားသမ္မတနဲ့ ဆက်သွယ်ဆွေးနွေးအပြီး နောက်တရက်မှာပဲ သမ္မတဘိုင်ဒင် ယူကရိန်းခေါင်းဆောင်နဲ့ ဆွေးနွေးမယ့်အစီအစဉ်ကို ကြေညာခဲ့တာပါ။

ရုရှားသမ္မတနဲ့ ဆွေးနွေးရာမှာတော့ ယူကရိန်းအပေါ် တခုခုလုပ်ခဲ့မယ်ဆိုရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေ၊ အမေရိကန်ရဲ့ ဥရောပမှာ ပိုမိုပါဝင်ပတ်သက်လာအောင် လုပ်သလို ဖြစ်လိမ့်မယ်လို့ သတိပေးပြောကြားခဲ့ကြောင်း သမ္မတဘိုင်ဒင်က ဆွေးနွေးပွဲနောက်ပိုင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ရုရှားနေနဲ့နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေမလုပ်ဖို့နဲ့၊ ယူကရိန်းကိုဝင်တိုက်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေလုပ်မှာဖြစ်သလို။ အမေရိကန်အနေနဲ့ NATO မဟာမိတ်တွေနဲ့ ဥရောပမှာ ပိုမိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ရုရှားအနေနဲ့ ကြီးမားတဲ့တန်ဘိုးပြန်လည်ပေးဆပ်ရလိမ့်မယ်ဆိုတာကို ရုရှားသမတ Putin ကိုရှင်းရှင်း လင်းအသိပေးထားပြီးသားဖြစ်တယ်လို့ သမတ ဘိုင်ဒင်ကသတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ရုရှားသမ္မတကတော့ ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေ လုပ်လာမယ်ဆိုရင် ကြီးမားတဲ့ အမှားဖြစ်မယ်ဆိုပြီး သတိပေးခဲ့ကြောင်းလည်း နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေအလုံးအရင်းနဲ့ချထားတဲ့အတွက် ၂ ဖက်အကြား တင်းမှာမှုတွေလျှော့ချဖို့ အမေရိကန်နဲ့ ရုရှားသမ္မတတို့ တလအတွင်း ဒုတိယအကြိမ်အဖြစ် မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ကြတာပါ။

.........................................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG