သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဆင်နှာမောင်း ဒဏ်ခံဒေသ သမ္မတ Biden သွားရောက်


လေဆင်နှာမောင်းဒဏ် ခံထားရတဲ့ ကန်တပ်ကီပြည်နယ်ကို သွားရောက် အားပေးစကား ပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။
လေဆင်နှာမောင်းဒဏ် ခံထားရတဲ့ ကန်တပ်ကီပြည်နယ်ကို သွားရောက် အားပေးစကား ပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။

--- [ Zawgyi ] ---

လေဆင်နှာမောင်း ဒဏ်ခံဒေသ သမ္မတ Biden သွားရောက်

ကြီးမားလှတဲ့ tornadoes လေဆင်နှာမောင်း တိုက်ခတ်မှုဒဏ်ကို ခံခဲ့ရတဲ့ Kentucky ပြည်နယ်ကို ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ Joe Biden ကိုယ်တိုင် အခြေအနေတွေကို သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ Tornadoes မုန်တိုင်းကြောင့် Kentucky ပြည်နယ်မှာ လူပေါင်း ၇၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းနဲ့ စနေနေ့ အစောပိုင်းတွေက Kentucky နဲ့ အိမ်နီးချင်းပြည်နယ်တွေကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အပျက်အစီးတွေကြား ပြန်လည် ထူထောင်ရေး ကြိုးပမ်းနေတာတွေကိုလည်း သူ့ရဲ့ခရီးစဉ်အတွင်း သမ္မတ Biden ကို တာဝန်ရှိသူတွေက ရှင်းပြခဲ့ကြပါတယ်။

ဒါ့အပြင် လေဆင်နှာမောင်းဒဏ်ကို အကြီးအကျယ်ခံရတဲ့ Mayfield နဲ့ Dawson Springs မြို့နှစ်မြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ ပျံသန်း ကြည့်ရှုခဲ့သလို မုန်တိုင်းကြောင့် ပြန့်ကျဲနေတဲ့ အပျက်အစီးတွေကြား သမ္မတ ဘိုင်ဒန် ကိုယ်တိုင် လမ်းလျှောက်ပြီး အသက်ရှင် ကျန်ရစ်သူတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။

Kentucky ပြည်နယ်က လေဆိပ်တခုမှာရှိတဲ့ လေယာဉ်ရုံထဲမှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတ Joe Biden က ဒီလိုဖြစ်ရပ်ဆိုးမျိုးဟာ လူတွေကို ပေါင်းစည်းစေသလို ဒါမှမဟုတ် ကွဲအက်စေတယ်လို့ သူ့အတွေ့အကြုံကို အခြေခံပြီး သတိပေး ပြောဆိုသွားပါတယ်။

"အနီရောင် လေဆင်နှာမောင်း ဆိုတာမျိုး အပြာရောင် လေဆင်နှာမောင်းဆိုတာမျိုး မရှိပါဘူး။ ဒီလို သဘာဝဘေးအန္တရာယ်တွေဟာ စတင်ဖြစ်ပေါ်တဲ့အခါမှာ အနီနဲ့ အပြာရောင် ပြည်နယ်တွေဆိုပြီး သတ်မှတ်ချက်မရှိပါဘူး။ အနည်းဆုံးတော့ ကျနော့်အတွေ့အကြုံအရ ဒီလို ဖြစ်ရပ်ဆိုးတွေဟာ လူတွေကို တွဲခေါ်တာ ဒါမှမဟုတ် တကယ် ကွဲသွားစေပါတယ်။"

သမ္မတအနေနဲ့ မြို့တွေပြန်လည်ထူထောင်ရေးအကူအညီပေးဖို့ ဖယ်ဒရယ် ရန်ပုံငွေကို အမြန်ဆုံးထုတ်ပေးမယ်လို့ ကတိပြုထားပေမဲ့ အလုံးစုံပျက်စီးနေတဲ့ အဆောက်အဦတွေကို မြို့သစ်တွေအဖြစ် ပြန်ပြီးတည်ဆောက်ဖို့ အတော်လေးကို ကြိုးစားရုန်းကန် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

Kentucky ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က တော့ သူ့ပြည်နယ်အတွင်း လူပေါင်း ၁၀၀ ကျော် စာရင်းပျောက်နေဆဲဖြစ်ပြီး အများစုဟာ လူဦးရေ ၃,၀၀၀ ထက်မနည်း နေထိုင်တဲ့ Dawson Springs မှာရှိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


--- { Unicode } ---









XS
SM
MD
LG