သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်နယ်တချို့မှာ လေဆင်နှာမောင်းကြောင့် လူဒါဇင်နဲ့ချီ သေဆုံး


Kentucky ပြည်နယ် Mayfield မြို့မှာ လေဆင်းနှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတခု။
Kentucky ပြည်နယ် Mayfield မြို့မှာ လေဆင်းနှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတခု။

(Zawgyi / Unicode)

အမေရိကန် အနောက်တောင်ဘက် ပြည်နယ်တချို့မှာ ရာသီချိန်မဟုတ်ဘဲ လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့တဲ့အတွက် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ Arkansas, Illinois, Kentucky, Missouri နဲ့ Tennessee အနည်းဆုံး ပြည်နယ် ၅ ခုမှာ သောကြာနေ့ညက လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့တာပါ။

“ပြည်နယ်သမိုင်းမှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခိုက်မှုပါ။” လို့ Kentucky ပြည်နယ် အုပ်ချုပ်ရေးမှူး Andy Beshear က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

လေဆင်နှာမောင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ Kentucky ပြည်နယ်၊ Mayfield မြို့က အလုပ်သမား ၁၁၀ လောက် အလုပ်လုပ်နေတဲ့ ဖယောင်းတိုင်စက်ရုံမှာ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် တိုးလာလိမ့်မယ်လို့ ခန့်မှန်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ပြည်နယ်အရန်တပ်တွေနဲ့ ရဲတွေကို တာဝန်ပေးထားပါတယ်။

လေဆင်နှာမောင်းဒဏ်ခံခဲ့ရတဲ့ Tennessee ပြည်နယ်မှာလည်း ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး Illinois ပြည်နယ်မှာ ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ Missouri မှာတော့ ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရခဲ့ပြီး Arkansas ပြည်နယ်မှာတော့ ၁ ဦးသေဆုံး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

သမ္မတ Joe Biden ကတော့ လေဆင်နှာမောင်းဒဏ်သင့်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြချက်တွေအရ သိရှိထားပြီး လိုအပ်တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအတွက် အစိုးရတာဝန်ရှိသူတွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်းလည်း စနေနေ့မှာပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG