သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သမၼတ Biden နဲ႔ ယူကရိန္းသမၼတ တင္းမာမႈ ေလ်ာ့ပါးေရး ေဆြးေႏြးမည္


မႏွစ္က ယူကရိန္းသမၼတကို ဖုန္းဆက္သြယ္ေျပာဆုိေနတဲ့ အေမရိကန္သမၼတ Joe Biden. (ဒီဇင္ဘာ ၉၊ ၂၀၂၁)

(Zawgyi)

ယူကရိန္း အေရွ႕ဘက္နယ္စပ္တေၾကာမွာ ႐ုရွားက စစ္အင္အား အလံုးအရင္း ခ်ထားတဲ့အတြက္ အေျခေန တင္းမာေနတာကို ေလ်ာ့ပါးေစမယ့္ နည္းလမ္းေတြရွာေရး ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ တနဂၤေႏြေန႔မွာ ေဆြးေႏြးဖို႔ အေမရိကန္ သမၼတ Joe Biden က စီစဥ္ထားပါတယ္။

အရင္ ဆိုဗီယက္သမၼတႏုိင္ငံ တခုျဖစ္ခဲ့တဲ့ ယူကရိန္းနဲ႔ နယ္စပ္တေလွ်ာက္မွာ ႐ုရွားက တပ္အင္အား တသိန္းေလာက္ ခ်ထားတာကို ျပန္႐ုပ္သိမ္းဖို႔ ႐ုရွားသမၼတ Vladimir Putin ကို သမၼတ Biden ရဲ႕ ေျပာဆိုမႈေတြမွာ တိုးတက္မႈက အနည္းအက်ဥ္း ရွိခဲ့တာပါ။

ေခါင္းေဆာင္ ၂ ဦး ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က မိနစ္ ၅၀ ၾကာ တယ္လီဖုန္း ဆက္သြယ္ ေျပာၾကားခဲ့ရာမွာေတာ့ သမၼတ Biden က တကယ္လို႔ ႐ုရွားဘက္က ယူကရိန္းကို ဝင္သိမ္းမယ္ဆိုရင္ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံ မဟာမိတ္ေတြက ႐ုရွားကို ႀကီးမားတဲ့ စီးပြားေရး ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ရွိေၾကာင္း သတိေပးခဲ့တာ ျဖစ္ပါတယ္။

၂၀၁၄ မွာ ႐ုရွားက ယူကရိန္းပိုင္ Crimea ကၽြန္းဆြယ္ကို ဝင္ေရာက္သိမ္းပိုက္ခဲ့တဲ့အတြက္ အေနာက္ႏိုင္ငံေတြက ကန္႔ကြက္ခဲ့သလို သိပ္မျပင္းထန္တဲ့ ဒဏ္ခတ္မႈေတြ ခ်မွတ္ခဲ့တာပါ။

တကယ္လို႔ ႐ုရွားအေပၚ ပိုျပင္းထန္တဲ့ ဒဏ္ခတ္မႈေတြ ခ်လာမယ္ဆိုရင္ အေမရိကန္နဲ႔ ႐ုရွားတို႔ၾကား ဆက္ဆံေရးဟာ လံုးဝ ၿပိဳကြဲသြားႏိုင္တယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္ သမၼတ ၂ ဦး ဆက္သြယ္ေျပာၾကားစဥ္မွာ ႐ုရွားသမၼတ Putin က သမၼတ Biden ကုိ ေျပာခဲ့တယ္လို႔ ႐ုရွားအစိုးရက ေျပာပါတယ္။

႐ုရွားနဲ႔ အေမရိကန္ အရာရွိေတြၾကား ဒီလအတြင္း သီးျခားေဆြးေႏြးမႈ ၃ ႀကိမ္ ျပဳလုပ္ဖို႔ရွိတယ္လို႔ သမၼတအိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ပါတယ္။ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ႏွစ္ဖက္ေဆြးေႏြးပြဲကို ပထမအႀကိမ္ ျပဳလုပ္မွာျဖစ္ၿပီး NATO - ႐ုရွားေကာင္စီနဲ႔ေရာ OSCE ဥေရာပႏိုင္ငံမ်ား လံုၿခံဳေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔နဲ႔ပါ ေဆြးေႏြးပြဲေတြ က်င္းပဖို႔ရွိေၾကာင္း ေျပာၾကားထားတာပါ။

---------------------

(Unicode)

သမ္မတ Biden နဲ့ ယူကရိန်းသမ္မတ တင်းမာမှု လျော့ပါးရေး ဆွေးနွေးမည်

ယူကရိန်း အရှေ့ဘက်နယ်စပ်တကြောမှာ ရုရှားက စစ်အင်အား အလုံးအရင်း ချထားတဲ့အတွက် အခြေနေ တင်းမာနေတာကို လျော့ပါးစေမယ့် နည်းလမ်းတွေရှာရေး ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးဖို့ အမေရိကန် သမ္မတ Joe Biden က စီစဉ်ထားပါတယ်။

အရင် ဆိုဗီယက်သမ္မတနိုင်ငံ တခုဖြစ်ခဲ့တဲ့ ယူကရိန်းနဲ့ နယ်စပ်တလျှောက်မှာ ရုရှားက တပ်အင်အား တသိန်းလောက် ချထားတာကို ပြန်ရုပ်သိမ်းဖို့ ရုရှားသမ္မတ Vladimir Putin ကို သမ္မတ Biden ရဲ့ ပြောဆိုမှုတွေမှာ တိုးတက်မှုက အနည်းအကျဉ်း ရှိခဲ့တာပါ။

ခေါင်းဆောင် ၂ ဦး ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိနစ် ၅၀ ကြာ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ရာမှာတော့ သမ္မတ Biden က တကယ်လို့ ရုရှားဘက်က ယူကရိန်းကို ဝင်သိမ်းမယ်ဆိုရင် အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ရုရှားကို ကြီးမားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ရှိကြောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ မှာ ရုရှားက ယူကရိန်းပိုင် Crimea ကျွန်းဆွယ်ကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ကန့်ကွက်ခဲ့သလို သိပ်မပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။

တကယ်လို့ ရုရှားအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ချလာမယ်ဆိုရင် အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးဟာ လုံးဝ ပြိုကွဲသွားနိုင်တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် သမ္မတ ၂ ဦး ဆက်သွယ်ပြောကြားစဉ်မှာ ရုရှားသမ္မတ Putin က သမ္မတ Biden ကို ပြောခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ရုရှားနဲ့ အမေရိကန် အရာရှိတွေကြား ဒီလအတွင်း သီးခြားဆွေးနွေးမှု ၃ ကြိမ် ပြုလုပ်ဖို့ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ နှစ်ဖက်ဆွေးနွေးပွဲကို ပထမအကြိမ် ပြုလုပ်မှာဖြစ်ပြီး NATO - ရုရှားကောင်စီနဲ့ရော OSCE ဥရောပနိုင်ငံများ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ပါ ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိကြောင်း ပြောကြားထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG