သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏ်ဴလက္နက္ထိန္းခ်ဳပ္ေရးနဲ႔ ယူကရိန္းအေရး ကန္-႐ုရွားေဆြးေႏြးမည္


ေမာ္စကိုမွာရွိတဲ့ အေမရိကန္သံ႐ံုးေဘးက ႐ုရွားအလံကို ျမင္ရစဥ္။ (ဧၿပီ ၁၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

အေမရိကန္နဲ႔ ႐ုရွားတို႔ဟာ ဇန္နဝါရီလမွာ ေတြ႔ဆုံၾကၿပီး န်ဴကလီယားလက္နက္ထိန္းခ်ဳပ္ေရးနဲ႔ ႐ုရွား ယူကရိန္းနယ္စပ္ တင္းမာမႈကိစၥေတြကို ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

ဇန္နဝါရီ ၁၀ ရက္ေန႔မွာ ႏွစ္ႏိုင္ငံေဆြးေႏြးၾကၿပီး ဇန္နဝါရီ ၁၂ ရက္ေန႔ မွာ ႐ုရွား ေနတိုး အစည္းအေဝး က်င္းပမွာ ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ဇန္နဝါရီ ၁၃ မွာေတာ့ ႐ုရွား၊ အေမရိကန္နဲ႔ ဥေရာပလုံၿခဳံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OSCE တို႔ ေတြ႕ဆုံေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ ႐ုရွားေဆြးေႏြးတဲ့အခါ ႏွစ္ဘက္လုံးက သူတို႔ စိုးရိမ္ေနတာေတြကို တင္ျပၾကမွာျဖစ္ပါတယ္လို႔ သူက ဆက္ေျပာပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုရွားတပ္ေတြ တိုးခ်လာတဲ့အတြက္ ႐ုရွားက က်ဴးေက်ာ္စစ္ ဆင္ႏႊဲေတာ့မလားလို႔ အေနာက္ႏိုင္ငံေတြက စိုးရိမ္ေနၾကတာပါ။ ႐ုရွားကေတာ့ အဲဒီလိုအစီအစဥ္မရွိဘူးလို႔ ျငင္းဆိုထားၿပီး သူ႔ နယ္ေျမေတြအနားကို ေနတိုးက ခ်ဲ႕ကပ္မလာဘူးဆိုတဲ့ အာမခံခ်က္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

“သမၼတဘိုင္ဒင္ရဲ႕ ခ်ဥ္းကပ္မႈက ရွင္းပါတယ္။ တသမတ္တည္း ျဖစ္ပါတယ္။ ဟန႔္တားေရးနဲ႔ သံတမန္ ေရး လမ္းေၾကာင္း ၂ ေၾကာင္းအေပၚမွာ မဟာမိတ္ေတြ ညီၫြတ္ေရးပဲ ျဖစ္ပါတယ္။ ယူကရိန္းကိုဝင္ရင္၊ ႐ုရွား က ရင္ဆိုင္ရမယ့္ အက်ိဳးဆက္ေတြအေပၚမွာ မဟာမိတ္ေတြ ညီၫြတ္ေနၾကပါတယ္။” လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

နျူလက်နက်ထိန်းချုပ်ရေးနဲ့ ယူကရိန်းအရေး ကန်-ရုရှားဆွေးနွေးမည်

အမေရိကန်နဲ့ ရုရှားတို့ဟာ ဇန်နဝါရီလမှာ တွေ့ဆုံကြပြီး နျူကလီယားလက်နက်ထိန်းချုပ်ရေးနဲ့ ရုရှား ယူကရိန်းနယ်စပ် တင်းမာမှုကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ နှစ်နိုင်ငံဆွေးနွေးကြပြီး ဇန်နဝါရီ ၁၂ ရက်နေ့ မှာ ရုရှား နေတိုး အစည်းအဝေး ကျင်းပမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ဇန်နဝါရီ ၁၃ မှာတော့ ရုရှား၊ အမေရိကန်နဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE တို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားဆွေးနွေးတဲ့အခါ နှစ်ဘက်လုံးက သူတို့ စိုးရိမ်နေတာတွေကို တင်ပြကြမှာဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ တိုးချလာတဲ့အတွက် ရုရှားက ကျူးကျော်စစ် ဆင်နွှဲတော့မလားလို့ အနောက်နိုင်ငံတွေက စိုးရိမ်နေကြတာပါ။ ရုရှားကတော့ အဲဒီလိုအစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပြီး သူ့ နယ်မြေတွေအနားကို နေတိုးက ချဲ့ကပ်မလာဘူးဆိုတဲ့ အာမခံချက်ပေးဖို့ တောင်းဆိုထားပါတယ်။

“သမ္မတဘိုင်ဒင်ရဲ့ ချဉ်းကပ်မှုက ရှင်းပါတယ်။ တသမတ်တည်း ဖြစ်ပါတယ်။ ဟန့်တားရေးနဲ့ သံတမန် ရေး လမ်းကြောင်း ၂ ကြောင်းအပေါ်မှာ မဟာမိတ်တွေ ညီညွတ်ရေးပဲ ဖြစ်ပါတယ်။ ယူကရိန်းကိုဝင်ရင်၊ ရုရှား က ရင်ဆိုင်ရမယ့် အကျိုးဆက်တွေအပေါ်မှာ မဟာမိတ်တွေ ညီညွတ်နေကြပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။

#USRussia #NuclarArmsControl #Ukraine #VOABurmese #ယူကရိန်း #ရုရှား #အမေရိကန် #နေတိုး #ဗွီအိုအေ

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG