သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေနာက္အုပ္စုနဲ႔ ဆက္ဆံေရး တင္းမာေနခ်ိန္ ႐ုရွားနဲ႔ တ႐ုတ္ လက္တဲြ


ဗြီဒီယိုကြန္းဖရင့္နဲ႔ ေဆြးေႏြးေနတဲ့ ႐ုရွားသမၼတ Vladimir Putin နဲ႔ တ႐ုတ္သမၼတ Xi Jinping. (ဒီဇင္ဘာ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္၊ အေနာက္ႏုိင္ငံေတြနဲ႔ တင္းမာမႈ တိုးမ်ားလာေနတဲ့ အေတာအတြင္း ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းမွာ ႐ုရွားသမၼတ Vladimir Putin နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ ဗြီဒီယိုကြန္းဖရင့္နဲ႔ ထိပ္သီး ေတြ႔ဆံုခဲ့ၾကၿပီးေနာက္ စည္းလံုးညီၫြတ္မႈကို ျပသခဲ့ၾကပါတယ္။ ဗြီအိုေအရဲ႕ သံတမန္ေရးဆိုင္ရာ အႀကီးတန္း သတင္းတာဝန္ခံ Cindy Saine ရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထိုက္ ေျပာျပေပးပါမယ္။

႐ုရွားသမၼတ Vladimir Putin နဲ႔ တ႐ုတ္ေခါင္းေဆာင္ Xi Jinping တို႔ၾကား ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဗြီဒီယိုကြန္းဖရင့္နဲ႔ ထိပ္သီး ေတြ႔ဆံုေဆြးေႏြးမႈကို ႐ုရွားနဲ႔ တ႐ုတ္ မီဒီယာေတြက အထူးတလည္ ေဖာ္ျပခဲ့ၾကပါတယ္။ ေဘဂ်င္းမွာက်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ေတြကို သံတမန္ေရးအရ သပိတ္ေမွာက္ေၾကာင္း အေမရိကန္နဲ႔ တျခားေသာ ႏိုင္ငံအေတာ္မ်ားမ်ားက ေၾကညာၿပီးေနာက္မွာ ႐ုရွားသမၼတ Putin က ေဘဂ်င္းအိုလံပစ္ပြဲေတာ္ကို တက္ေရာက္မယ္လို႔ ေၾကညာခဲ့တဲ့ ပထမဆံုးေသာ ကမၻာ့ေခါင္းေဆာင္ ျဖစ္ပါတယ္။

ယူကရိန္းနဲ႔ နယ္စပ္မွာ ႐ုရွားသမၼတ Putin က စစ္ေရး တည္ေဆာက္ေနတာကို နားလည္ေထာက္ခံေၾကာင္း တ႐ုတ္သမၼတ Xi ဘက္ကလည္း အခိုင္အမာ ေျပာခဲ့ပါတယ္။ ယူကရိန္းနဲ႔ နယ္စပ္မွာ ႐ုရွားဘက္က စစ္အင္အား တည္ေဆာက္လာမႈ အေပၚ အေမရိကန္၊ NATO မဟာမိတ္အဖြဲ႔နဲ႔ ဥေရာပသမဂၢတို႔က စိုးရိမ္ေနၾကၿပီး ယူကရိန္းရဲ႕ ခ႐ိုင္းမီးယားေဒသကို ၂၀၁၄ ခုႏွစ္မွာ သိမ္းယူခဲ့သလိုမ်ိဳး ထပ္လုပ္လာရင္ ႐ုရွားအစိုးရ ဘယ္တုန္းကမွ မႀကံဳဘူးေသးတဲ့ ျပင္းထန္တဲ့ အက်ိဳးဆက္ေတြနဲ႔ ရင္ဆိုင္ရမယ္လို႔လည္း ေျပာဆိုထားၾကတာပါ။

႐ုရွားသမၼတက အင္အားျပၿပီး အေမရိကန္သမၼတ Joe Biden ကို စမ္းသပ္ေနတာလို႔လည္း သံုးသပ္သူတခ်ိဳ႕ ရွိပါတယ္။ လန္ဒန္အေျခစိုက္ Royal United Services Institute က Maryna Vorotnyuk က အခုလို ေျပာပါတယ္။

“အေမရိကန္အစိုးရ အေပၚမွာ ဖိအားေပးဖို႔ သင့္ေတာ္တဲ့ကာလလို႔ ႐ုရွားအစိုးရဘက္က ႐ႈျမင္ထားတာပါ။ အေမရိကန္ဟာ တ႐ုတ္အေပၚ အာ႐ုံေရာက္ေနတယ္လို႔ ယူဆထားတဲ့ အခုကာလမွာ ျဖစ္ပါတယ္။”

႐ုရွားသမၼတ Putin နဲ႔ တ႐ုတ္သမၼတ Xi တို႔ရဲ႕ အြန္လိုင္းကေန ထိပ္သီးေဆြးေႏြးပြဲမွာ အႀကိတ္အနယ္ ျဖစ္စရာေတြ ရွိခဲ့ေပမယ့္လည္း ေခါင္းေဆာင္ႏွစ္ဦးၾကား ဆက္ဆံေရးေကာင္းရွိတဲ့ ပံုစံမ်ိဳး ေပၚေအာင္ ေဆာင္ရြက္ခဲ့ၾကတယ္လို႔လည္း သံုးသပ္သူေတြလည္း ရွိပါတယ္။ German Marshall Fund က Michael Kimmage က Skype ကေနတဆင့္ အခုလို ေျပာပါတယ္။

“သူတို႔ၾကားမွာ အမွန္တကယ္ အဆင္ေျပေနတဲ့ပံုစံမ်ိဳး ေတြ႔ျမင္ရတာဟာ ထူးျခားမႈ ျဖစ္ေပမယ့္ အေသအခ်ာ မွတ္ယူလို႔ေတာ့ မရပါဘူး။ ဒါဟာဆိုရင္ ဥေရာပနဲ႔ အေမရိကန္တို႔ မႀကီးစိုးေစေရးဆိုတဲ့ နားလည္မႈနဲ႔ စည္းမ်ဥ္းေတြ ခ်မွတ္ေရး၊ ႐ုရွားနဲ႔ တ႐ုတ္လို ႏိုင္ငံေတြက သိပ္ၿပီး အေရးပါတဲ့ အခန္းက႑က ပါဝင္ေရးဆိုတဲ့ သူတို႔လိုခ်င္တဲ့ ကမၻာမ်ိဳးအတြက္ အေသအခ်ာ သေဘာတူညီခ်က္ရွိၿပီး ဒီဘံုရည္မွန္းခ်က္အတြက္ လုပ္ေနၾကတယ္ဆိုတာ ရွင္းပါတယ္။”

႐ုရွားရဲ႕ စြမ္းအင္အတြက္ တ႐ုတ္ဟာ ေစ်းကြက္ႀကီးတခု ျဖစ္တာေၾကာင့္လည္း ႏွစ္ႏိုင္ငံၾကား စီးပြားေရး ဆက္ဆံမႈကလည္း ေကာင္းမြန္ေနေၾကာင္း Michael Kimmage က ေျပာပါတယ္။

“ဒါက ႐ုရွား စီးပြားေရးရဲ႕ ပင္မေသြးေၾကာႀကီးပါ။ ေနာက္ၿပီး ဥေရာပနဲ႔ ႐ုရွားၾကား အမွန္တကယ္ တင္းမာမႈျဖစ္ေနတဲ့ အခ်ိန္ကာလမွာ အထူးပဲ အေရးႀကီးပါတယ္။”

တ႐ုတ္နဲ႔ ႐ုရွား သမၼတၾကား ရင္းႏွီးတဲ့ မဟာမိတ္ျဖစ္ေရး ကတိျပဳၾကေပမယ္လို႔လည္း ယူကရိန္း ဒါမွမဟုတ္လည္း ထိုင္ဝမ္ပဲျဖစ္ေစ၊ အေမရိကန္နဲ႔ ျပႆနာႀကီး တခုခု ျဖစ္လာတဲ့ အခါမွာေတာ့ သမၼတ Xi နဲ႔ သမၼတ Putin တို႔အေနနဲ႔ တဖက္ဖက္က စစ္ေရးေထာက္ကူမႈေတာ့ အားကိုးလို႔ရမယ့္ အေနအထား မရွိေၾကာင္းလည္း Kimmage က ေျပာပါတယ္။

တ႐ုတ္-႐ုရွား ပူးေပါင္းေဆာင္ရြက္မႈမွာ အကန္႔အသတ္ေတြ ရွိေနတယ္လို႔ Carnegie Moscow စင္တာက Alexander Gabuev က ႐ႈျမင္ပါတယ္။

“႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ သူတို႔ရဲ႕ မဟာဗ်ဴဟာေျမာက္ ကိုယ္ပိုင္လုပ္ပိုင္ခြင့္ကို အေလးအနက္ ထားၾကတယ္လို႔ က်ေနာ္ ခန္႔မွန္းပါတယ္။ အမ်ိဳးသားေရး စိတ္ဓာတ္ကလည္း အျမစ္တြယ္ေနပါတယ္။ မယံုၾကည္မႈ အတိုင္းအတာ တခုအထိ ရွိသလို ယွဥ္ၿပိဳင္မႈေတြ ေတြ႔ျမင္ေနရတဲ့ အာကာသ အစီအစဥ္တို႔လိုမ်ိဳး နယ္ပယ္ေတြမွာလည္း ယွဥ္ၿပိဳင္မႈက အတိုင္းအတာ တခုအထိ ရွိပါတယ္။”

အေမရိကန္ရဲ႕ မဟာမိတ္ေတြနဲ႔ ပိုၿပီး နီးနီးကပ္ကပ္ ေဆာင္ရြက္ဖို႔၊ ယူကရိန္းရဲ႕ နယ္ေျမ တည္တံ့ခိုင္ၿမဲေရးလို ကိစၥေတြမွာလည္း ရပ္တည္ေဆာင္ရြက္ဖို႔ လိုအပ္ေနတဲ့ အေမရိကန္သမၼတ Joe Biden အတြက္ေတာ့ တ႐ုတ္နဲ႔ ႐ုရွားၾကား ပိုၿပီးနီးစပ္တဲ့ မဟာမိတ္ဖြဲ႔မႈက စိန္ေခၚ အကဲစမ္းခ်က္တခု ျဖစ္လာေၾကာင္းလည္း ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အနောက်အုပ်စုနဲ့ ဆက်ဆံရေး တင်းမာနေချိန် ရုရှားနဲ့ တရုတ် လက်တွဲ

အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ တင်းမာမှု တိုးများလာနေတဲ့ အတောအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဗွီဒီယိုကွန်းဖရင့်နဲ့ ထိပ်သီး တွေ့ဆုံခဲ့ကြပြီးနောက် စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါတယ်။ ဗွီအိုအေရဲ့ သံတမန်ရေးဆိုင်ရာ အကြီးတန်း သတင်းတာဝန်ခံ Cindy Saine ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးပါမယ်။

ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်ခေါင်းဆောင် Xi Jinping တို့ကြား ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗွီဒီယိုကွန်းဖရင့်နဲ့ ထိပ်သီး တွေ့ဆုံဆွေးနွေးမှုကို ရုရှားနဲ့ တရုတ် မီဒီယာတွေက အထူးတလည် ဖော်ပြခဲ့ကြပါတယ်။ ဘေဂျင်းမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း အမေရိကန်နဲ့ တခြားသော နိုင်ငံအတော်များများက ကြေညာပြီးနောက်မှာ ရုရှားသမ္မတ Putin က ဘေဂျင်းအိုလံပစ်ပွဲတော်ကို တက်ရောက်မယ်လို့ ကြေညာခဲ့တဲ့ ပထမဆုံးသော ကမ္ဘာ့ခေါင်းဆောင် ဖြစ်ပါတယ်။

ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှားသမ္မတ Putin က စစ်ရေး တည်ဆောက်နေတာကို နားလည်ထောက်ခံကြောင်း တရုတ်သမ္မတ Xi ဘက်ကလည်း အခိုင်အမာ ပြောခဲ့ပါတယ်။ ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှားဘက်က စစ်အင်အား တည်ဆောက်လာမှု အပေါ် အမေရိကန်၊ NATO မဟာမိတ်အဖွဲ့နဲ့ ဥရောပသမဂ္ဂတို့က စိုးရိမ်နေကြပြီး ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့သလိုမျိုး ထပ်လုပ်လာရင် ရုရှားအစိုးရ ဘယ်တုန်းကမှ မကြုံဘူးသေးတဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း ပြောဆိုထားကြတာပါ။

ရုရှားသမ္မတက အင်အားပြပြီး အမေရိကန်သမ္မတ Joe Biden ကို စမ်းသပ်နေတာလို့လည်း သုံးသပ်သူတချို့ ရှိပါတယ်။ လန်ဒန်အခြေစိုက် Royal United Services Institute က Maryna Vorotnyuk က အခုလို ပြောပါတယ်။

“အမေရိကန်အစိုးရ အပေါ်မှာ ဖိအားပေးဖို့ သင့်တော်တဲ့ကာလလို့ ရုရှားအစိုးရဘက်က ရှုမြင်ထားတာပါ။ အမေရိကန်ဟာ တရုတ်အပေါ် အာရုံရောက်နေတယ်လို့ ယူဆထားတဲ့ အခုကာလမှာ ဖြစ်ပါတယ်။”

ရုရှားသမ္မတ Putin နဲ့ တရုတ်သမ္မတ Xi တို့ရဲ့ အွန်လိုင်းကနေ ထိပ်သီးဆွေးနွေးပွဲမှာ အကြိတ်အနယ် ဖြစ်စရာတွေ ရှိခဲ့ပေမယ့်လည်း ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးကောင်းရှိတဲ့ ပုံစံမျိုး ပေါ်အောင် ဆောင်ရွက်ခဲ့ကြတယ်လို့လည်း သုံးသပ်သူတွေလည်း ရှိပါတယ်။ German Marshall Fund က Michael Kimmage က Skype ကနေတဆင့် အခုလို ပြောပါတယ်။

“သူတို့ကြားမှာ အမှန်တကယ် အဆင်ပြေနေတဲ့ပုံစံမျိုး တွေ့မြင်ရတာဟာ ထူးခြားမှု ဖြစ်ပေမယ့် အသေအချာ မှတ်ယူလို့တော့ မရပါဘူး။ ဒါဟာဆိုရင် ဥရောပနဲ့ အမေရိကန်တို့ မကြီးစိုးစေရေးဆိုတဲ့ နားလည်မှုနဲ့ စည်းမျဉ်းတွေ ချမှတ်ရေး၊ ရုရှားနဲ့ တရုတ်လို နိုင်ငံတွေက သိပ်ပြီး အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရေးဆိုတဲ့ သူတို့လိုချင်တဲ့ ကမ္ဘာမျိုးအတွက် အသေအချာ သဘောတူညီချက်ရှိပြီး ဒီဘုံရည်မှန်းချက်အတွက် လုပ်နေကြတယ်ဆိုတာ ရှင်းပါတယ်။”

ရုရှားရဲ့ စွမ်းအင်အတွက် တရုတ်ဟာ ဈေးကွက်ကြီးတခု ဖြစ်တာကြောင့်လည်း နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှုကလည်း ကောင်းမွန်နေကြောင်း Michael Kimmage က ပြောပါတယ်။

“ဒါက ရုရှား စီးပွားရေးရဲ့ ပင်မသွေးကြောကြီးပါ။ နောက်ပြီး ဥရောပနဲ့ ရုရှားကြား အမှန်တကယ် တင်းမာမှုဖြစ်နေတဲ့ အချိန်ကာလမှာ အထူးပဲ အရေးကြီးပါတယ်။”

တရုတ်နဲ့ ရုရှား သမ္မတကြား ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ရေး ကတိပြုကြပေမယ်လို့လည်း ယူကရိန်း ဒါမှမဟုတ်လည်း ထိုင်ဝမ်ပဲဖြစ်စေ၊ အမေရိကန်နဲ့ ပြဿနာကြီး တခုခု ဖြစ်လာတဲ့ အခါမှာတော့ သမ္မတ Xi နဲ့ သမ္မတ Putin တို့အနေနဲ့ တဖက်ဖက်က စစ်ရေးထောက်ကူမှုတော့ အားကိုးလို့ရမယ့် အနေအထား မရှိကြောင်းလည်း Kimmage က ပြောပါတယ်။

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ Carnegie Moscow စင်တာက Alexander Gabuev က ရှုမြင်ပါတယ်။

“ရုရှားနဲ့ တရုတ်တို့ဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အလေးအနက် ထားကြတယ်လို့ ကျနော် ခန့်မှန်းပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ကလည်း အမြစ်တွယ်နေပါတယ်။ မယုံကြည်မှု အတိုင်းအတာ တခုအထိ ရှိသလို ယှဉ်ပြိုင်မှုတွေ တွေ့မြင်နေရတဲ့ အာကာသ အစီအစဉ်တို့လိုမျိုး နယ်ပယ်တွေမှာလည်း ယှဉ်ပြိုင်မှုက အတိုင်းအတာ တခုအထိ ရှိပါတယ်။”

အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ဖို့၊ ယူကရိန်းရဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးလို ကိစ္စတွေမှာလည်း ရပ်တည်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အမေရိကန်သမ္မတ Joe Biden အတွက်တော့ တရုတ်နဲ့ ရုရှားကြား ပိုပြီးနီးစပ်တဲ့ မဟာမိတ်ဖွဲ့မှုက စိန်ခေါ် အကဲစမ်းချက်တခု ဖြစ်လာကြောင်းလည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG