သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတစီစဥ္တဲ့ ဒီမိုကေရစီထိပ္သီးအစည္းအေဝး တ႐ုတ္နဲ႔႐ုရွားကန႔္ကြက္


Biden

{{Zawgyi/Unicode}}

အေမရိကန္သမၼတ Joe Biden ကမကထျပဳက်င္းပဖို႔စီစဥ္ထားတဲ့ ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးအတြက္ သူတို႔ကိုမဖိတ္ဘဲ ခ်န္ထားတဲ့အေပၚ တ႐ုတ္နဲ႔႐ုရွားတို႔က ဒီကေန႔ အျပင္းအထန္ တုံ႔ျပန္လိုက္ၾကပါတယ္။

ဒီအစည္းအေဝးအတြက္ တိုင္ဝမ္ကိုဖိတ္ထားတဲ့အေပၚ တ႐ုတ္က အမ်က္ ထြက္ၿပီး ႐ုရွားကေတာ့ ဒီအစည္းအေဝးကို ေသြးခြဲတဲ့လုပ္ရပ္အျဖစ္ တံဆိပ္ကပ္ ေျပာဆိုပါတယ္။
ႏိုင္ငံေပါင္း ၁၁၀ ေလာက္ကို ဖိတ္ၾကားထားတဲ့ ဒီထိပ္သီးအစည္းအေဝးဟာ သမၼတဘိုင္ဒန္ရဲ႕ေ႐ြးေကာက္ပြဲ ကတိကဝတ္တခုျဖစ္ပါတယ္။ ဒီမိုကေရစီအစိုးရေတြနဲ႔ အာဏာရွင္အစိုးရေတြၾကား အားၿပိဳင္မႈကို ႏိုင္ငံျခားေရးဆိုင္ရာ သူ႔ရဲ႕ အဓိကမူဝါဒအျဖစ္ သမၼတဘိုင္ဒန္က သတ္မွတ္ထားတာပါ။

"ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးလို႔ဆိုတာကို" တက္ဖို႔ တိုင္ဝမ္ကို ဖိတ္ၾကားတဲ့အေပၚ "အျပင္းအထန္ ကန႔္ကြက္တယ္" လို႔ တ႐ုတ္ႏိုင္ငံက ေျပာပါတယ္။

ဖိတ္ၾကားထားတဲ့ ႏိုင္ငံေတြထဲမွာ အေမရိကန္ရဲ႕ အဓိကမဟာမိတ္ အေနာက္ႏိုင္ငံေတြသာမက အီရတ္၊ အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံတို႔လည္း ပါဝင္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာန ဝက္ဘ္ဆိုက္တ္မွာ အဂၤါေန႔ကထုတ္ျပန္ထားတဲ့ ဖိတ္ၾကားႏိုင္ငံစာရင္းအရ အေမရိကန္ဟာ "ခြဲျခားတဲ့ စည္းသစ္ေတြကို ဖန္တည္းဖို႔၊ သူတို႔အျမင္မွာ ေကာင္းတဲ့ႏိုင္ငံ၊ ဆိုးတဲ့ႏိုင္ငံဆိုတာမ်ိဳးနဲ႔ ႏိုင္ ငံေတြကို ေသြးခြဲဖို႔ ပိုၿပီးလိုလားတယ္" ဆိုတာ ျပေနတယ္လို႔ ႐ုရွားႏိုင္ငံကေျပာပါတယ္။

ေၾကညာထားတဲ့ အေတာ္ၾကာၿပီျဖစ္တဲ့ ဒီအစည္းအေဝးကို လာမယ့္ ဒီဇင္ ဘာလ ၉ ရက္ေန႔နဲ႔ ၁၀ ရက္ေန႔ေတြ က်ရင္ အြန္လိုင္းကေန က်င္းပမွာျဖစ္ၿပီး ေနာက္ႏွစ္မွာလုပ္မယ့္ ဒုတိယအႀကိမ္ အစည္းအေဝးကေတာ့ လူကိုယ္တိုင္ တက္ေရာက္ရမွာျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုက ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမားထားခဲ့တဲ့ ႏိုင္ ငံေတြမွာ ဒီမိုကေရစီ ဆုတ္ယုတ္ က်ဆင္းေနခ်ိန္မွာပဲ ဒီထိပ္သီးအစည္းအေဝးကို က်င္းပမွာျဖစ္ပါတယ္။

ဆူဒန္နဲ႔ ျမန္မာႏိုင္ငံတို႔မွာ စစ္တပ္က အာဏာသိမ္းတာနဲ႔ ႀကဳံထားရၿပီး အီသီယိုးပီးယားႏိုင္ငံက အေမရိကန္ သံတမန္ေတြ အဆိုအားျဖင့္ "ေပါက္ကြဲထြက္မယ့္" အေျခအေနဆီ ဦးတည္သြားႏိုင္တဲ့ ပဋိပကၡတခုအလယ္ မွာ ေရာက္ေနပါတယ္။ အာဖဂန္နစၥတန္မွာေတာ့ ႏွစ္ ၂၀ ေက်ာ္ၾကာၿပီးတဲ့ေနာက္ အေမရိကန္တပ္ဖြဲ႕ေတြ ျပန္႐ုပ္သိမ္းလိုက္အၿပီး တာလီဘန္ေတြ အာဏာရလာပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ကန်သမ္မတစီစဉ်တဲ့ ဒီမိုကရေစီထိပ်သီးအစည်းအဝေး တရုတ်နဲ့ရုရှားကန့်ကွက်

အမေရိကန်သမ္မတ Joe Biden ကမကထပြုကျင်းပဖို့စီစဉ်ထားတဲ့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးအတွက် သူတို့ကိုမဖိတ်ဘဲ ချန်ထားတဲ့အပေါ် တရုတ်နဲ့ရုရှားတို့က ဒီကနေ့ အပြင်းအထန် တုံ့ပြန်လိုက်ကြပါတယ်။

ဒီအစည်းအဝေးအတွက် တိုင်ဝမ်ကိုဖိတ်ထားတဲ့အပေါ် တရုတ်က အမျက် ထွက်ပြီး ရုရှားကတော့ ဒီအစည်းအဝေးကို သွေးခွဲတဲ့လုပ်ရပ်အဖြစ် တံဆိပ်ကပ် ပြောဆိုပါတယ်။
နိုင်ငံပေါင်း ၁၁၀ လောက်ကို ဖိတ်ကြားထားတဲ့ ဒီထိပ်သီးအစည်းအဝေးဟာ သမ္မတဘိုင်ဒန်ရဲ့ရွေးကောက်ပွဲ ကတိကဝတ်တခုဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရတွေနဲ့ အာဏာရှင်အစိုးရတွေကြား အားပြိုင်မှုကို နိုင်ငံခြားရေးဆိုင်ရာ သူ့ရဲ့ အဓိကမူဝါဒအဖြစ် သမ္မတဘိုင်ဒန်က သတ်မှတ်ထားတာပါ။

"ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးလို့ဆိုတာကို" တက်ဖို့ တိုင်ဝမ်ကို ဖိတ်ကြားတဲ့အပေါ် "အပြင်းအထန် ကန့်ကွက်တယ်" လို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဖိတ်ကြားထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ် အနောက်နိုင်ငံတွေသာမက အီရတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့လည်း ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ဝက်ဘ်ဆိုက်တ်မှာ အင်္ဂါနေ့ကထုတ်ပြန်ထားတဲ့ ဖိတ်ကြားနိုင်ငံစာရင်းအရ အမေရိကန်ဟာ "ခွဲခြားတဲ့ စည်းသစ်တွေကို ဖန်တည်းဖို့၊ သူတို့အမြင်မှာ ကောင်းတဲ့နိုင်ငံ၊ ဆိုးတဲ့နိုင်ငံဆိုတာမျိုးနဲ့ နိုင် ငံတွေကို သွေးခွဲဖို့ ပိုပြီးလိုလားတယ်" ဆိုတာ ပြနေတယ်လို့ ရုရှားနိုင်ငံကပြောပါတယ်။

ကြေညာထားတဲ့ အတော်ကြာပြီဖြစ်တဲ့ ဒီအစည်းအဝေးကို လာမယ့် ဒီဇင် ဘာလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေ ကျရင် အွန်လိုင်းကနေ ကျင်းပမှာဖြစ်ပြီး နောက်နှစ်မှာလုပ်မယ့် ဒုတိယအကြိမ် အစည်းအဝေးကတော့ လူကိုယ်တိုင် တက်ရောက်ရမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မျှော်လင့်ချက် ကြီးကြီးမားမားထားခဲ့တဲ့ နိုင် ငံတွေမှာ ဒီမိုကရေစီ ဆုတ်ယုတ် ကျဆင်းနေချိန်မှာပဲ ဒီထိပ်သီးအစည်းအဝေးကို ကျင်းပမှာဖြစ်ပါတယ်။ဆူဒန်နဲ့ မြန်မာနိုင်ငံတို့မှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ကြုံထားရပြီး အီသီယိုးပီးယားနိုင်ငံက အမေရိကန် သံတမန်တွေ အဆိုအားဖြင့် "ပေါက်ကွဲထွက်မယ့်"

အခြေအနေဆီ ဦးတည်သွားနိုင်တဲ့ ပဋိပက္ခတခုအလယ် မှာ ရောက်နေပါတယ်။ အာဖဂန်နစ္စတန်မှာတော့ နှစ် ၂၀ ကျော်ကြာပြီးတဲ့နောက် အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းလိုက်အပြီး တာလီဘန်တွေ အာဏာရလာပါတယ်။

#DemocracySummit #JoeBiden #VOABurmese
#ဘိုင်ဒန်#ဒီမိုကရေစီထိပ်သီးအစည်းအဝေး#တရုတ်#ရုရှား

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG