သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအစိုးရ အေျပာင္းအလဲလုပ္ဖို႔ ႐ုရွားႀကိဳးပမ္းေနဟု ၿဗိတိန္စြပ္စြဲ


ၿဗိတိန္ ႏုိင္ငံျခားေရးဝန္ႀကီး Liz Truss. (ဒီဇင္ဘာ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန္းအစိုးရေနရာကို ႐ုရွားလိုလားတဲ့ အစိုးရနဲ႔ အစားထိုးဖို႔ ႐ုရွားက လုပ္ေနေၾကာင္း ၿဗိတိန္အစိုးရက စေနေန႔က စြပ္စြဲ ေျပာၾကားလိုက္ပါတယ္။

အရင္ ယူကရိန္း လႊတ္ေတာ္အမတ္ Yevheniy Murayev ဟာ ျဖစ္ႏိုင္ဖြယ္ရွိတဲ့ အစိုးရ ေခါင္းေဆာင္တေယာက္ ျဖစ္တယ္လို႔လည္း ၿဗိတိန္အစိုးရက ေျပာပါတယ္။ သူဟာ ႐ုရွားလိုလားတဲ့ ပါတီငယ္ Nashi ရဲ႕ ေခါင္းေဆာင္ပါ။ ေလာေလာဆယ္ လႊတ္ေတာ္မွာေတာ့ အမတ္ေနရာ ရမထားပါဘူး။

႐ုရွားေထာက္လွမ္းေရးနဲ႔ အဆက္အသြယ္ ရွိတယ္ဆိုတဲ့ တျခား ယူကရိန္း ႏိုင္ငံေရးသမားေတြရဲ႕ နာမည္ေတြကိုလည္း ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာလိုက္ပါတယ္။

ယူကရိန္းမွာ ဘာေၾကာင့္ ႐ုရွားက သူလိုလားတဲ့ အစိုးရကို တင္ခ်င္တယ္လို႔ ယုံၾကည္ေနတာကိုေတာ့ မေျပာပါဘူး။ ေထာက္လွမ္းေရးသတင္းေပၚ အေျခခံၿပီး ခုလို ေျပာတယ္လို႔ ၿဗိတိန္အစိုးရက ဆိုပါတယ္။

ယူကရိန္းကို ၿဖိဳပစ္ဖို႔အတြက္ ႐ုရွားလုပ္ေနတာေတြရဲ႕ အတိုင္းအဆနဲ႔ အစိုးရ စဥ္းစားပုံကို ဒီသတင္းက ျပေနပါတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ႀကီး Liz Truss က ေျပာပါတယ္။

႐ုရွားအေနနဲ႔ သံတမန္ေရး ခ်ဥ္းကပ္ပုံ လမ္းေၾကာင္းကို လိုက္သင့္ပါတယ္။ ယူကရိန္းကို စစ္ေရးအရ ဝင္ေရာက္တိုက္ခိုက္တာဟာ မဟာဗ်ဴဟာအရ ႀကီးမားလွတဲ့ အမွားတရပ္ ျဖစ္ၿပီး ေပးဆပ္ရတာ ႀကီးမားလိမ့္မယ္လို႔လည္း ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

တျခားသတင္းတရပ္မွာေတာ့ Estonia, Latvia and Lithuania ေဘာလ္တစ္ သုံးႏိုင္ငံဟာ ယူကရိန္းရဲ႕ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈအေပၚ ေလးစားေၾကာင္းနဲ႔ သံခ်ပ္ကာကားနဲ႔ ေလယာဥ္ပစ္ ဒုံးက်ည္ေတြကို ယူကရိန္းကို ပို႔ေပးမယ္လို႔ ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ယူကရိန်းအစိုးရ အပြောင်းအလဲလုပ်ဖို့ ရုရှားကြိုးပမ်းနေဟု ဗြိတိန်စွပ်စွဲ

ယူကရိန်းအစိုးရနေရာကို ရုရှားလိုလားတဲ့ အစိုးရနဲ့ အစားထိုးဖို့ ရုရှားက လုပ်နေကြောင်း ဗြိတိန်အစိုးရက စနေနေ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အရင် ယူကရိန်း လွှတ်တော်အမတ် Yevheniy Murayev ဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အစိုးရ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့လည်း ဗြိတိန်အစိုးရက ပြောပါတယ်။ သူဟာ ရုရှားလိုလားတဲ့ ပါတီငယ် Nashi ရဲ့ ခေါင်းဆောင်ပါ။ လောလောဆယ် လွှတ်တော်မှာတော့ အမတ်နေရာ ရမထားပါဘူး။

ရုရှားထောက်လှမ်းရေးနဲ့ အဆက်အသွယ် ရှိတယ်ဆိုတဲ့ တခြား ယူကရိန်း နိုင်ငံရေးသမားတွေရဲ့ နာမည်တွေကိုလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ယူကရိန်းမှာ ဘာကြောင့် ရုရှားက သူလိုလားတဲ့ အစိုးရကို တင်ချင်တယ်လို့ ယုံကြည်နေတာကိုတော့ မပြောပါဘူး။ ထောက်လှမ်းရေးသတင်းပေါ် အခြေခံပြီး ခုလို ပြောတယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။

ယူကရိန်းကို ဖြိုပစ်ဖို့အတွက် ရုရှားလုပ်နေတာတွေရဲ့ အတိုင်းအဆနဲ့ အစိုးရ စဉ်းစားပုံကို ဒီသတင်းက ပြနေပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Liz Truss က ပြောပါတယ်။

ရုရှားအနေနဲ့ သံတမန်ရေး ချဉ်းကပ်ပုံ လမ်းကြောင်းကို လိုက်သင့်ပါတယ်။ ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တာဟာ မဟာဗျူဟာအရ ကြီးမားလှတဲ့ အမှားတရပ် ဖြစ်ပြီး ပေးဆပ်ရတာ ကြီးမားလိမ့်မယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တခြားသတင်းတရပ်မှာတော့ Estonia, Latvia and Lithuania ဘောလ်တစ် သုံးနိုင်ငံဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် လေးစားကြောင်းနဲ့ သံချပ်ကာကားနဲ့ လေယာဉ်ပစ် ဒုံးကျည်တွေကို ယူကရိန်းကို ပို့ပေးမယ်လို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG