သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး အေမရိကန္နဲ႔ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီးေတြ ထပ္မံေဆြးေႏြး 


RUSSIA-USA/SECURITY


ယူကရိန္းအေရး အေမရိကန္နဲ႔ ႐ုရွားႏုိင္ငံျခားေရး၀န္ႀကီးေတြ ထပ္မံေဆြးေႏြး

{{Zawgyi/Unicode}}
အေမရိကန္နဲ႔ မဟာမိတ္ေတြ အေနနဲ႔ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္လာရင္ တုံ႔ျပန္ဖို႔ အသင့္ရွိေနေၾကာင္း ဆြစ္ဇာလန္ႏိ္ုင္ငံ ဂ်နီဗာမွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov နဲ႔ ေသာၾကာေန႔ ေဆြးေႏြးပြဲအၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ထပ္မံေျပာၾကားလိုက္ပါတယ္။

"က်ေနာ္တို႔ဘက္က ရွင္းပါတယ္။ တကယ္လို႔ ႐ုရွားတပ္ေတြ ယူကရိန္းနယ္စပ္ကို ျဖတ္လာမယ္ဆိုရင္ ဒါဟာ ေနာက္ထပ္က်ဴးေက်ာ္တာ ျဖစ္ၿပီး အေမရိကန္နဲ႔ မဟာမိတ္ေတြ၊ မိတ္ေဆြေတြဘက္က တစုတစည္းထဲ အလ်င္အျမန္၊ ျပင္းျပင္းထန္ထန္ တုံ႔ျပန္တာ ခံရမွာပါ”- လို႔ ေျပာသြားတာပါ။

ယူကရိန္းနယ္စပ္မွာ ခ်ထားတဲ့ တပ္ေတြကို ႐ုရွားဘက္က ျပန္႐ုပမ္းဖို႔ အေနာက္ႏိုင္ငံေတြက ေတာင္းဆိုေနခ်ိန္မွာပဲ ႐ုရွားကေတာ့ ဥေရာပအေရွ႕နဲ႔ အလယ္ပုိ္င္းမွာ NATO မဟာမိတ္အဖြဲ႔ရဲ႕ လႈပ္ရွားမႈေတြကုိ ရပ္တန္႔ဖုိ႔နဲ႔ ယူကရိန္းကို NATO အဖြဲ႔ထဲ အဝင္မခံဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

မိနစ္ ၉၀ ၾကာ သူတို႔ ၂ ဦး ရဲ႕ ေတြ႕ဆံုပြဲဟာ ဒီသီတင္းပတ္ေတြ အတြင္း အေမရိကန္နဲ႔ ႐ုရွားအရာရွိေတြရဲ႕ တိုက္႐ိုက္ေတြ႕ဆံု ေျပာၾကားမႈေတြထဲက ၄ ႀကိမ္ေျမာက္ေတြ႕ဆံုတာ ျဖစ္ပါတယ္။ အခုေတြ႔ဆုံမႈကေန ထူးျခားတဲ့ ရလဒ္ေတြ ထြက္ေပၚလိမ့္မယ္လုိ႔ ေမွ်ာ္လင့္မထားေၾကာင္းလည္း ေဆြးေႏြးပဲြ မတုိင္ခင္မွာပဲ ေျပာဆုိထားၾကတာပါ။

ရုရွားရဲ႕ လုံၿခံဳေရးအတြက္ စုိးရိမ္မႈေတြအေပၚ အေမရိကန္နဲ႔ မဟာမိတ္ေတြ ေျဖရွင္းႏုိင္ဖုိ႔ ျဖစ္ႏုိင္မယ့္ နည္းလမ္းေတြအတြက္ ျပင္ဆင္ထားေပမဲ့ ႐ုရွားက က်ဳးေက်ာ္လာမယ္ဆုိရင္ ယူကရိန္းကုိ အကာအကြယ္ေပးမယ့္ သေဘာထားေတြကေတာ့ အေျပာင္းအလဲ မရွိေၾကာင္းလည္း ဝန္ႀကီး Blinken က ေျပာပါတယ္။ အေမရိကန္နဲ႔ မဟာမိတ္ေတြဖက္က စုိးရိမ္မႈေတြအေပၚမွာလည္း ႐ုရွားက အျပန္အလွန္တုံ႔ျပန္ေျဖရွင္းဖုိ႔ လုိအပ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

႐ုရွားႏုိင္ငံျခားေရး၀န္ႀကီး Lavrov ကေတာ့ ယူကရိန္းကို က်ဴးေက်ာ္ဖို႔ လုပ္ေနတယ္ဆိုတာကို ထပ္မံျငင္းဆိုလိုက္ၿပီး ယူကရိန္းအေနနဲ႔ NATO မွာ မဝင္ဖို႔ အပါအဝင္ ႐ုရွားအတြက္ လံုျခံဳေရးအာမခံေပးဖို႔ ေတာင္းဆိုရင္း အခု ေဆြးေႏြးပြဲဟာ အျပဳသေဘာေဆာင္ၿပီး အသံုးဝင္ေၾကာင္း ေဆြးေႏြးပြဲ အၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ ထပ်မံဆွေးနွေး

{{Zawgyi/Unicode}}
အမေရိကန်နဲ့ မဟာမိတ်တွေ အနေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်လာရင် တုံ့ပြန်ဖို့ အသင့်ရှိနေကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ သောကြာနေ့ ဆွေးနွေးပွဲအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထပ်မံပြောကြားလိုက်ပါတယ်။

"ကျနော်တို့ဘက်က ရှင်းပါတယ်။ တကယ်လို့ ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ကို ဖြတ်လာမယ်ဆိုရင် ဒါဟာ နောက်ထပ်ကျူးကျော်တာ ဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေဘက်က တစုတစည်းထဲ အလျင်အမြန်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်တာ ခံရမှာပါ”- လို့ ပြောသွားတာပါ။

ယူကရိန်းနယ်စပ်မှာ ချထားတဲ့ တပ်တွေကို ရုရှားဘက်က ပြန်ရုပမ်းဖို့ အနောက်နိုင်ငံတွေက တောင်းဆိုနေချိန်မှာပဲ ရုရှားကတော့ ဥရောပအရှေ့နဲ့ အလယ်ပိုင်းမှာ NATO မဟာမိတ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့နဲ့ ယူကရိန်းကို NATO အဖွဲ့ထဲ အဝင်မခံဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

မိနစ် ၉၀ ကြာ သူတို့ ၂ ဦး ရဲ့ တွေ့ဆုံပွဲဟာ ဒီသီတင်းပတ်တွေ အတွင်း အမေရိကန်နဲ့ ရုရှားအရာရှိတွေရဲ့ တိုက်ရိုက်တွေ့ဆုံ ပြောကြားမှုတွေထဲက ၄ ကြိမ်မြောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ အခုတွေ့ဆုံမှုကနေ ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်လိမ့်မယ်လို့ မျှော်လင့်မထားကြောင်းလည်း ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ ပြောဆိုထားကြတာပါ။

ရုရှားရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေအပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေအတွက် ပြင်ဆင်ထားပေမဲ့ ရုရှားက ကျုးကျော်လာမယ်ဆိုရင် ယူကရိန်းကို အကာအကွယ်ပေးမယ့် သဘောထားတွေကတော့ အပြောင်းအလဲ မရှိကြောင်းလည်း ဝန်ကြီး Blinken က ပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဖက်က စိုးရိမ်မှုတွေအပေါ်မှာလည်း ရုရှားက အပြန်အလှန်တုံ့ပြန်ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ကတော့ ယူကရိန်းကို ကျူးကျော်ဖို့ လုပ်နေတယ်ဆိုတာကို ထပ်မံငြင်းဆိုလိုက်ပြီး ယူကရိန်းအနေနဲ့ NATO မှာ မဝင်ဖို့ အပါအဝင် ရုရှားအတွက် လုံခြုံရေးအာမခံပေးဖို့ တောင်းဆိုရင်း အခု ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး အသုံးဝင်ကြောင်း ဆွေးနွေးပွဲ အပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

XS
SM
MD
LG