သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကို ႐ုရွား က်ဳးေက်ာ္ရင္ ျပတ္ျပတ္သားသား တံု႔ျပန္ဖို႔ ကန္ဝန္ႀကီးသတိေပး


রাশিয়ান সাঁজোয়া যানবাহনের একটি কনভয় ক্রিমিয়ার একটি মহাসড়ক বরাবর চলে যাচ্ছে। মঙ্গলবার, ১৮ জানুয়ারী, ২০২২৷

ယူကရိန္းကို ႐ုရွား က်ဳးေက်ာ္ရင္ ျပတ္ျပတ္သားသား တံု႔ျပန္ဖို႔ ကန္ဝန္ႀကီးသတိေပး


{{Zawgyi/Unicode}}
ရုရွားအေနနဲ့ ယူကရိန္းနဲ့ပတ္သက္ၿပီး စစ္ေရးအရရန္လုိမွုေတြ ဆက္လက္လုပ္ေနမယ္ဆုိရင္၊ အေမရိကန္နဲ့ မဟာမိတ္ေတြဟာ ျပတ္ျပတ္သားသားနဲ့ ျပင္းျပင္းထန္ထန္တုံျပန္သြားမယ္လုိ့ ယူကရိန္းႏုိင္ငံၿမိဳ့ေတာ္ Kyiv ေရာက္ရွိေနတဲ့အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken က ဗုဒၶဟူးေန့က VOA နဲ့ ေတြ့ဆုံေမးျမန္းစဥ္ သတိေပးေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ရုရွားအေနနဲ့ ျပႆနာေတြကုိ သံတမန္ေရးနည္းလမ္းအရဘဲ ေျဖရွင္းလိမ့္မယ္လုိ့ ေမွ်ာ္လင့္ပါေၾကာင္း အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Blinken ကတဆက္တည္းေျပာဆုိခဲ့ပါတယ္။

ေတြ့ဆုံေဆြးေႏြးၿပီး သံတမန္ေရးနည္းလမ္းနဲ့ ေျဖရွင္းမလား ဒါမွမဟုတ္ ထိပ္တုိက္ရင္ဆုိင္တုိးမွုေတြနဲ့ ေနာက္ဆက္တဲြရလဒ္ေတြ ကုိရင္ဆုိင္မလားဆုိတဲ့ေရြးခ်ယ္စရာ နည္းလမ္း ၂ ခုကုိ ရုရွားကုိ ရွင္းရွင္းလင္းလင္းခ်ျပထားၿပီးသားလုိ့ ႏုိင္ငံျခားေရး၀န္ႀကီး Blinken က VOA ရဲ့ဥေရာပဌာနအႀကီးအကဲ Myroslava Gongadze နဲ႔ေတြ့ဆုံ ေမးျမန္းစဥ္ေျပာဆုိခဲ့ပါတယ္။

ရုရွားအေနနဲ့ယူရိန္းနယ္စပ္မွာစစ္အင္အားတသိန္းေလာက္ခ်ထားၿပီး၊ အခ်ိန္တုိအတြင္း မွာ ၂ ဆေလာက္တုိးလာႏုိင္ေၾကာင္းနဲ့။ အေမရိကန္ကေန ယူကရိန္းကုိ ကူညီေထာက္ပံမယ့္ ရုပ္၀တၱဳပစၥည္းေတြဟာ မၾကာမီေရာက္ရွိလာမွာျဖစ္တယ္လုိ့ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Blinken နဲ့ ယူကရိန္းႏုိင္ငံျခားေရး၀န္ႀကီး Dmytro Kuleba နဲ့ အေစာပုိင္းက ပူးတဲြထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့လထဲတုန္းက ယူကရိန္းကာကြယ္ေရးနဲ့ လုံၿခုံေရးအတြက္ ထပ္ေဆာင္းကူညီေထာက္ပံ့ေငြ အေမရိကန္ေဒၚလာ သန္း ၂၀၀ ကုိေပးဖုိ့ အေမရိကန္သမတအိမ္ျဖူေတာ္ ကအတည္ျပုခဲ့ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းကို ရုရှား ကျုးကျော်ရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ကန်ဝန်ကြီးသတိပေး


{{Zawgyi/Unicode}}
ရုရှားအနေနဲ့ ယူကရိန်းနဲ့ပတ်သက်ပြီး စစ်ရေးအရရန်လိုမှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင်၊ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန်တုံပြန်သွားမယ်လို့ ယူကရိန်းနိုင်ငံမြို့တော် Kyiv ရောက်ရှိနေတဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့က VOA နဲ့ တွေ့ဆုံမေးမြန်းစဉ် သတိပေးပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ရုရှားအနေနဲ့ ပြဿနာတွေကို သံတမန်ရေးနည်းလမ်းအရဘဲ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကတဆက်တည်းပြောဆိုခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပြီး သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းမလား ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်တိုးမှုတွေနဲ့ နောက်ဆက်တွဲရလဒ်တွေ ကိုရင်ဆိုင်မလားဆိုတဲ့ရွေးချယ်စရာ နည်းလမ်း ၂ ခုကို ရုရှားကို ရှင်းရှင်းလင်းလင်းချပြထားပြီးသားလို့ နိုင်ငံခြားရေးဝန်ကြီး Blinken က VOA ရဲ့ဥရောပဌာနအကြီးအကဲ Myroslava Gongadze နဲ့တွေ့ဆုံ မေးမြန်းစဉ်ပြောဆိုခဲ့ပါတယ်။

ရုရှားအနေနဲ့ယူရိန်းနယ်စပ်မှာစစ်အင်အားတသိန်းလောက်ချထားပြီး၊ အချိန်တိုအတွင်း မှာ ၂ ဆလောက်တိုးလာနိုင်ကြောင်းနဲ့။ အမေရိကန်ကနေ ယူကရိန်းကို ကူညီထောက်ပံမယ့် ရုပ်ဝတ္တုပစ္စည်းတွေဟာ မကြာမီရောက်ရှိလာမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ အစောပိုင်းက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လထဲတုန်းက ယူကရိန်းကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ထပ်ဆောင်းကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကိုပေးဖို့ အမေရိကန်သမတအိမ်ဖြူတော် ကအတည်ပြုခဲ့ပါတယ်။

XS
SM
MD
LG