သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္တာနက္က ေငြညႇစ္တဲ့ ဟက္ကာဂိုဏ္းဝင္ေတြ ႐ုရွား ဆက္လက္ဖမ္းဆီး


ဖမ္းဆီးခံရတဲ့ ႐ုရွားဟက္ကာဂုိဏ္းဝင္ Dmitry Korotayev. (ဇန္နဝါရီ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

အင္တာနက္ကတဆင့္ ေငြညႇစ္ေနတဲ့ REvil ရာဇဝတ္ဂိုဏ္းဝင္အျဖစ္ မသကၤာသူ ေနာက္ထပ္ ၆ ဦးကို ႐ုရွားအာဏာပိုင္ေတြ ဖမ္းဆီးလိုက္ၿပီး တရားမဝင္ ေငြေၾကးလဲႊေျပာင္းမႈနဲ႔ စေနေန႔က ေမာ္စကိုတရား႐ုံးမွာ ခ်ဳပ္ရမန္ ယူလိုက္ပါတယ္။

Ransomware လို႔ေခၚတဲ့ ေဆာ့ဖ္ဝဲနဲ႔ ကြန္ပ်ဴတာစနစ္ကို ထိန္းခ်ဳပ္ၿပီး ေငြညႇစ္ေနတဲ့ ရာဇဝတ္ဂိုဏ္းကို အေမရိကန္ရဲ႕ ပန္ၾကားခ်က္ေၾကာင့္ ၿဖိဳခဲြခဲ့ေၾကာင္း ႐ုရွားအစိုးရ ေၾကညာခဲ့ၿပီး ေနာက္တေန႔မွာပဲ ဖမ္းဆီးရမန္ ယူခဲ့တာပါ။

ေနာက္ထပ္ဖမ္းဆီးလိုက္တဲ့ ၆ ေယာက္ဟာ Mikhail Golovachuk, Ruslan Khansvyarov, Dmitry Korotayev, Alexei Malozemov, Artyom Zayets နဲ႔ Daniil Puzyrevsky တို႔ျဖစ္ေၾကာင္း တရား႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ ႐ုရွား ၂ ႏိုင္ငံ တင္းမာမႈေရခ်ိန္ အျမင့္ဆံုး ေရာက္ေနခ်ိန္မွာ ႐ုရွားအာဏာပိုင္ေတြက REvil ဂိုဏ္းသားေတြကို ဆိုက္ဘာရာဇဝတ္မႈနဲ႔ ဖမ္းဆီး တရားစြဲၿပီး အေမရိကန္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈရွိေၾကာင္း ရွားရွားပါးပါး ျပသလိုက္တာလည္း ျဖစ္ပါတယ္။

ရဲနဲ႔ ႐ုရွား ျပည္တြင္းေထာက္လွမ္းေရး FSB တို႔ပူးတြဲၿပီး ေနရာေပါင္း ၂၅ ေနရာမွာ စီးနင္းရွာေဖြခဲ့သလို လူေပါင္း ၁၄ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ FSB က ေသာၾကာေန႔မွာ ေျပာပါတယ္။ ဒီစီးနင္းဖမ္းဆီးမႈကေန အေမရိကန္ေဒၚလာ ၆ သိန္း တန္ဖိုးရွိတဲ့ ကြန္ပ်ဴတာပစၥည္းနဲ႔ ဇိမ္ခံကား အစီး ၂၀ ကို သိမ္းဆည္းရမိေၾကာင္းလည္း ေျပာပါတယ္။

အခုလို ရာဇဝတ္ဂိုဏ္းသားေတြကို ဖမ္းဆီးခဲ့တာအတြက္ အေမရိကန္ဘက္က ႀကိဳဆိုလိုက္ပါတယ္။ ဒီ REvil အဖြဲ႔ရဲ႕ လုပ္ငန္းေတြကို အဓိက တာဝန္ယူထားသူ တေယာက္ေယာက္ကိုျဖစ္ေစ သူတို႔ရွိတဲ့ေနရာကိုျဖစ္ေစ ေျပာႏိုင္ အခ်က္အလက္ေပးႏိုင္ရင္ အေမရိကန္ေဒၚလာ ၁၀ သန္း ဆုခ်ီးျမႇင့္မွာျဖစ္ေၾကာင္း အေမရိကန္အစိုးရက မႏွစ္က ႏိုဝင္ဘာလမွာ ဆုေၾကးထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ဒီအဖြဲ႔ထဲက ႐ုရွားႏိုင္ငံသားေတြကိုေတာ့ အေမရိကန္ဘက္ကို လႊဲေျပာင္းေပးဖို႔ မရွိဘူးလို႔ အမႈနဲ႔နီးစပ္သူတဦးကို ကိုးကားၿပီး ႐ုရွားသတင္းဌာန Interfax က ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အင်တာနက်က ငွေညှစ်တဲ့ ဟက်ကာဂိုဏ်းဝင်တွေ ရုရှား ဆက်လက်ဖမ်းဆီး

အင်တာနက်ကတဆင့် ငွေညှစ်နေတဲ့ REvil ရာဇဝတ်ဂိုဏ်းဝင်အဖြစ် မသင်္ကာသူ နောက်ထပ် ၆ ဦးကို ရုရှားအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပြီး တရားမဝင် ငွေကြေးလွဲှပြောင်းမှုနဲ့ စနေနေ့က မော်စကိုတရားရုံးမှာ ချုပ်ရမန် ယူလိုက်ပါတယ်။

Ransomware လို့ခေါ်တဲ့ ဆော့ဖ်ဝဲနဲ့ ကွန်ပျူတာစနစ်ကို ထိန်းချုပ်ပြီး ငွေညှစ်နေတဲ့ ရာဇဝတ်ဂိုဏ်းကို အမေရိကန်ရဲ့ ပန်ကြားချက်ကြောင့် ဖြိုခွဲခဲ့ကြောင်း ရုရှားအစိုးရ ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ ဖမ်းဆီးရမန် ယူခဲ့တာပါ။

နောက်ထပ်ဖမ်းဆီးလိုက်တဲ့ ၆ ယောက်ဟာ Mikhail Golovachuk, Ruslan Khansvyarov, Dmitry Korotayev, Alexei Malozemov, Artyom Zayets နဲ့ Daniil Puzyrevsky တို့ဖြစ်ကြောင်း တရားရုံးက သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံ တင်းမာမှုရေချိန် အမြင့်ဆုံး ရောက်နေချိန်မှာ ရုရှားအာဏာပိုင်တွေက REvil ဂိုဏ်းသားတွေကို ဆိုက်ဘာရာဇဝတ်မှုနဲ့ ဖမ်းဆီး တရားစွဲပြီး အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ရှားရှားပါးပါး ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ရဲနဲ့ ရုရှား ပြည်တွင်းထောက်လှမ်းရေး FSB တို့ပူးတွဲပြီး နေရာပေါင်း ၂၅ နေရာမှာ စီးနင်းရှာဖွေခဲ့သလို လူပေါင်း ၁၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ FSB က သောကြာနေ့မှာ ပြောပါတယ်။ ဒီစီးနင်းဖမ်းဆီးမှုကနေ အမေရိကန်ဒေါ်လာ ၆ သိန်း တန်ဖိုးရှိတဲ့ ကွန်ပျူတာပစ္စည်းနဲ့ ဇိမ်ခံကား အစီး ၂၀ ကို သိမ်းဆည်းရမိကြောင်းလည်း ပြောပါတယ်။

အခုလို ရာဇဝတ်ဂိုဏ်းသားတွေကို ဖမ်းဆီးခဲ့တာအတွက် အမေရိကန်ဘက်က ကြိုဆိုလိုက်ပါတယ်။ ဒီ REvil အဖွဲ့ရဲ့ လုပ်ငန်းတွေကို အဓိက တာဝန်ယူထားသူ တယောက်ယောက်ကိုဖြစ်စေ သူတို့ရှိတဲ့နေရာကိုဖြစ်စေ ပြောနိုင် အချက်အလက်ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မှာဖြစ်ကြောင်း အမေရိကန်အစိုးရက မနှစ်က နိုဝင်ဘာလမှာ ဆုကြေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ထဲက ရုရှားနိုင်ငံသားတွေကိုတော့ အမေရိကန်ဘက်ကို လွှဲပြောင်းပေးဖို့ မရှိဘူးလို့ အမှုနဲ့နီးစပ်သူတဦးကို ကိုးကားပြီး ရုရှားသတင်းဌာန Interfax က ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG