သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း နဲ႔ ဥေရာပလံုျခံဳေရးကိစၥ ကန္-႐ုရွား သေဘာထားကဲြ


Russian troops take part in drills at the Kadamovskiy firing range in Russia's southern Rostov region, near the country's border with Ukraine, Dec. 14, 2021.

ယူကရိန္း နဲ႔ ဥေရာပလံုျခံဳေရးကိစၥ ကန္-႐ုရွား သေဘာထားကဲြ

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

႐ုရွားရဲ႕ ဥေရာပ လံုျခံဳေရး အေပၚ စိုးရိမ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဒီသီတင္းပတ္ အတြင္း အေမရိကန္နဲ႔ ေတြ႕ဆံုေဆြးေႏြးမႈကေန တိုးတက္ ျဖစ္ထြန္းမႈ တခု ထြက္လာဖို႔ ေမွ်ာ္လင့္ခ်က္ သိပ္မရွိေၾကာင္း ႐ုရွားအစိုးရက အဂၤါေန႔မွာ ေျပာဆိုလိုက္ၿပီး အေမရိကန္ဘက္ကေတာ့ လက္ရွိ တင္းမာမႈေတြရဲ႕ အဓိကအေၾကာင္းရင္းက ယူကရိန္းနယ္စပ္ အနီးမွာ ႐ုရွားဘက္က အႀကီးအက်ယ္ စစ္အင္အား တည္ေဆာက္မႈ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ တာ၀န္ရွိသူေတြနဲ႔ ဆက္ၿပီး ညႇိႏိႈင္းဖို႔ သင့္မသင့္ မဆံုးျဖတ္ခင္ ဘရပ္ဆဲလ္မွာ ဗုဒၶဟူးေန႔ လုပ္မယ့္ ေဆြးေႏြးပြဲနဲ႔ ဗီယင္နာမွာ ၾကာသပေတးေန႔ လုပ္မယ့္ ေဆြးေႏြးပြဲ ရလဒ္ေတြကို ေစာင့္ၾကည့္မယ့္ အေၾကာင္း ႐ုရွားအစိုးရက ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာမွာ တနလာၤေန႔က အေမရိကန္ သံတမန္ေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးၿပီး ေနာက္တရက္မွာဘဲ ေျပာဆိုတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္မွာေတာ့ ႏိုင္ငံေရးဌာနႀကီး အၿမဲတမ္းအတြင္း၀န္ Victoria Nuland က သတင္းေထာက္ေတြကို ေျပာဆိုတာမွာေတာ့ ႐ုရွားဘက္က တင္းမာမႈေတြ ေလွ်ာ့ခ်မယ့္ အရိပ္အေယာင္ တစြန္းတစမွ မေတြ႕ရေၾကာင္း ေျပာဆိုပါတယ္။

ယူကရိ္န္းရဲ႕ အေရွ႕ပိုင္းနယ္စပ္ တေလွ်ာက္မွာ တပ္ဖြဲ႔၀င္ ၁၀၀,၀၀၀ ခ်ထားတဲ႔ ႐ုရွားဘက္က ဖန္တီးတဲ႔ ျပသနာသာ ျဖစ္တယ္လို႔လည္း ေျပာဆိုခဲ႔ပါတယ္။ အေနာက္ႏိုင္ငံ ၃၀ ပါ NATO စစ္ေရး မဟာမိတ္ အဖြဲ႔က ႐ုရွားဘက္ကို ဦးတည္တဲ႔ အေရွ႕ဘက္ပိုင္းကို ထပ္ၿပီး မခ်ဲ႕ထြင္ေရးနဲ႔ ဥေရာပ အေရွ႕ပိုင္းမွာ စစ္တပ္ ခ်ထားမႈကို ေလွ်ာ့ခ်ေရး အာမခံခ်က္ေပးဖို႔ ဂ်ီနီဗာ ေဆြးေႏြးပြဲမွာ ႐ုရွားဘက္က ေတာင္းဆိုၿပီး အေမရိကန္ဘက္က ပယ္ခ်ပါတယ္။ NATO ဟာ ႐ုရွားအတြက္ ၿခိမ္းေျခာက္မႈ မဟုတ္ေၾကာင္း၊ အဖြဲ႔၀င္ ႏိုင္ငံေတြကို ကာကြယ္ေရး အတြက္သာ ရည္ရြယ္တဲ႔ ကာကြယ္ေရး မဟာမိတ္သာ ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ႏိုင္ငံေရး ဌာနႀကီး အၿမဲတမ္း အတြင္း၀န္ Victoria Nuland က ေျပာပါတယ္။

..................................

ယူကရိန်း နဲ့ ဥရောပလုံခြုံရေးကိစ္စ ကန်-ရုရှား သဘောထားကွဲ

{{Unicode}}

ရုရှားရဲ့ ဥရောပ လုံခြုံရေး အပေါ် စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ် အတွင်း အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုကနေ တိုးတက် ဖြစ်ထွန်းမှု တခု ထွက်လာဖို့ မျှော်လင့်ချက် သိပ်မရှိကြောင်း ရုရှားအစိုးရက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး အမေရိကန်ဘက်ကတော့ လက်ရှိ တင်းမာမှုတွေရဲ့ အဓိကအကြောင်းရင်းက ယူကရိန်းနယ်စပ် အနီးမှာ ရုရှားဘက်က အကြီးအကျယ် စစ်အင်အား တည်ဆောက်မှု ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ညှိနှိုင်းဖို့ သင့်မသင့် မဆုံးဖြတ်ခင် ဘရပ်ဆဲလ်မှာ ဗုဒ္ဓဟူးနေ့ လုပ်မယ့် ဆွေးနွေးပွဲနဲ့ ဗီယင်နာမှာ ကြာသပတေးနေ့ လုပ်မယ့် ဆွေးနွေးပွဲ ရလဒ်တွေကို စောင့်ကြည့်မယ့် အကြောင်း ရုရှားအစိုးရက ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ တနလာၤနေ့က အမေရိကန် သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်တရက်မှာဘဲ ပြောဆိုတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်မှာတော့ နိုင်ငံရေးဌာနကြီး အမြဲတမ်းအတွင်းဝန် Victoria Nuland က သတင်းထောက်တွေကို ပြောဆိုတာမှာတော့ ရုရှားဘက်က တင်းမာမှုတွေ လျှော့ချမယ့် အရိပ်အယောင် တစွန်းတစမှ မတွေ့ရကြောင်း ပြောဆိုပါတယ်။

ယူကရိန်းရဲ့ အရှေ့ပိုင်းနယ်စပ် တလျှောက်မှာ တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ချထားတဲ့ ရုရှားဘက်က ဖန်တီးတဲ့ ပြသနာသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အနောက်နိုင်ငံ ၃၀ ပါ NATO စစ်ရေး မဟာမိတ် အဖွဲ့က ရုရှားဘက်ကို ဦးတည်တဲ့ အရှေ့ဘက်ပိုင်းကို ထပ်ပြီး မချဲ့ထွင်ရေးနဲ့ ဥရောပ အရှေ့ပိုင်းမှာ စစ်တပ် ချထားမှုကို လျှော့ချရေး အာမခံချက်ပေးဖို့ ဂျီနီဗာ ဆွေးနွေးပွဲမှာ ရုရှားဘက်က တောင်းဆိုပြီး အမေရိကန်ဘက်က ပယ်ချပါတယ်။ NATO ဟာ ရုရှားအတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံတွေကို ကာကွယ်ရေး အတွက်သာ ရည်ရွယ်တဲ့ ကာကွယ်ရေး မဟာမိတ်သာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေး ဌာနကြီး အမြဲတမ်း အတွင်းဝန် Victoria Nuland က ပြောပါတယ်။

XS
SM
MD
LG