သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္-႐ုရွား အဆင့္ျမင့္အရာရွိေဆြးေႏြးပြဲစတင္


Switzerland US Russia Security Talks

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုနဲ႔ ႐ုရွားႏိုင္ငံကသံတမန္ေတြ ဂ်နီဗာမွာ ဒီကေန႔ စတင္ေတြ႔ဆုံပါတယ္။ ယူကရိန္းနယ္ျခားမွာ ႐ုရွားက စစ္အင္အား အလုံးအရင္းခ်ထားတဲ့ကိစၥအပါအဝင္ အေနာက္ ႏိုင္ငံေတြဘက္က လုံၿခဳံေရးအာမခံခ်က္ေပးဖို႔ ႐ုရွားက ေတာင္းဆိုေနတာေတြနဲ႔ ပတ္သက္ၿပီး ဆက္တိုက္က်င္းပမယ့္ အဆင့္ျမင့္ ေဆြးေႏြးပြဲေတြ ဒီကေန႔ စတင္ပါတယ္။

ဂ်နီဗာ ေဒသစံေတာ္ခ်ိန္ မနက္ ၉ နာရီမတိုင္ခင္ ေဆြးေႏြးပြဲစတင္တဲ့အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ယူကရိန္းတင္မဟုတ္ဘဲ ေနတိုးနဲ႔ တျခားမဟာမိတ္ႏိုင္ငံေတြနဲ႔လည္း တိုင္ပင္ညႇိႏိုင္းေဆာင္႐ြက္ေနတာကို အေလးအနက္ ေျပာဆိုသြားပါတယ္။ ယူကရိန္းအပါအဝင္ ဥေရာပမဟာမိတ္နဲ႔ လက္တြဲဘက္ ႏိုင္ငံေတြရဲ႕လုံၿခဳံေရးနဲ႔ ပတ္သက္ရင္ အားလုံးဘယ္သူမွမက်န္ေစဘဲ ပါဝင္ရမယ္ဆိုတဲ့ အေျခခံမူအေပၚမွာ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ အခိုင္အမာရပ္တည္တယ္လို႔လည္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ဂ်နီဗာမွာက်င္းပတဲ့ ေဆြးေႏြးပြဲၿပီးရင္ ေနတိုးမဟာမိတ္အဖြဲ႔နဲ႔ ႐ုရွားအၾကား Brussels မွာ ဗုဒၶဟူးေန႔ ေဆြးေႏြးဖို႔ ရွိသလို ၾကာသာပေတးေန႔ ဗီယင္နာမွာ ဥေရာပလုံၿခဳံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႔နဲ႔ ေဆြးေႏြးဖို႔ရွိပါတယ္။ ႐ုရွားနဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား တင္းမာမႈေတြဟာ ဒီသီတင္းပတ္အတြင္း ေလ်ာ့က်သြားဖို႔ေတာ့ ေမွ်ာ္လင့္ခ်က္ မထားတဲ့အေၾကာင္း တနလၤာေန႔ ေဆြးေႏြးပြဲမတိုင္ခင္ အေမရိကန္ ျပည္ေထာင္စုနဲ႔ ႐ုရွားထိပ္တန္းသံတမန္ေတြက ေျပာဆိုထားပါတယ္။

“ယူကရိန္းရဲ႕ ေခါင္းကိုေတ့ထားတဲ့ေသနတ္နဲ႔ တိုးတက္မႈရေအာင္လုပ္ႏိုင္ဖို႔ သိပ္ခက္ပါတယ္” လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က စီအင္န္အင္န္ သတင္းဌာနကို ေျပာပါတယ္။

“ဖိအားေအာက္မွာ ဘာသေဘာတူညီခ်က္ကိုမွ က်ေနာ္တို႔ ေပးမွာ မဟုတ္ပါဘူး။” လို႔ ႐ုရွား ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Sergey Ryabkov က ႐ုရွား ႏိုင္ငံေတာ္ပိုင္ RIA သတင္းဌာနကို ေျပာပါတယ္။

ကန္-႐ုရွား အဆင့္ျမင့္အရာရွိေဆြးေႏြးပြဲစတင္
please wait

No media source currently available

0:00 0:00:45 0:00
တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

ကန်-ရုရှား အဆင့်မြင့်အရာရှိဆွေးနွေးပွဲစတင်

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံကသံတမန်တွေ ဂျနီဗာမှာ ဒီကနေ့ စတင်တွေ့ဆုံပါတယ်။ ယူကရိန်းနယ်ခြားမှာ ရုရှားက စစ်အင်အား အလုံးအရင်းချထားတဲ့ကိစ္စအပါအဝင် အနောက် နိုင်ငံတွေဘက်က လုံခြုံရေးအာမခံချက်ပေးဖို့ ရုရှားက တောင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ကျင်းပမယ့် အဆင့်မြင့် ဆွေးနွေးပွဲတွေ ဒီကနေ့ စတင်ပါတယ်။

ဂျနီဗာ ဒေသစံတော်ချိန် မနက် ၉ နာရီမတိုင်ခင် ဆွေးနွေးပွဲစတင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ယူကရိန်းတင်မဟုတ်ဘဲ နေတိုးနဲ့ တခြားမဟာမိတ်နိုင်ငံတွေနဲ့လည်း တိုင်ပင်ညှိနိုင်းဆောင်ရွက်နေတာကို အလေးအနက် ပြောဆိုသွားပါတယ်။ ယူကရိန်းအပါအဝင် ဥရောပမဟာမိတ်နဲ့ လက်တွဲဘက် နိုင်ငံတွေရဲ့လုံခြုံရေးနဲ့ ပတ်သက်ရင် အားလုံးဘယ်သူမှမကျန်စေဘဲ ပါဝင်ရမယ်ဆိုတဲ့ အခြေခံမူအပေါ်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခိုင်အမာရပ်တည်တယ်လို့လည်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ဂျနီဗာမှာကျင်းပတဲ့ ဆွေးနွေးပွဲပြီးရင် နေတိုးမဟာမိတ်အဖွဲ့နဲ့ ရုရှားအကြား Brussels မှာ ဗုဒ္ဓဟူးနေ့ ဆွေးနွေးဖို့ ရှိသလို ကြာသာပတေးနေ့ ဗီယင်နာမှာ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ ဆွေးနွေးဖို့ရှိပါတယ်။ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေဟာ ဒီသီတင်းပတ်အတွင်း လျော့ကျသွားဖို့တော့ မျှော်လင့်ချက် မထားတဲ့အကြောင်း တနင်္လာနေ့ ဆွေးနွေးပွဲမတိုင်ခင် အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားထိပ်တန်းသံတမန်တွေက ပြောဆိုထားပါတယ်။

“ယူကရိန်းရဲ့ ခေါင်းကိုတေ့ထားတဲ့သေနတ်နဲ့ တိုးတက်မှုရအောင်လုပ်နိုင်ဖို့ သိပ်ခက်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စီအင်န်အင်န် သတင်းဌာနကို ပြောပါတယ်။

“ဖိအားအောက်မှာ ဘာသဘောတူညီချက်ကိုမှ ကျနော်တို့ ပေးမှာ မဟုတ်ပါဘူး။” လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ရုရှား နိုင်ငံတော်ပိုင် RIA သတင်းဌာနကို ပြောပါတယ်။

#USRussia #USRussiaTalks #VOABurmese
#ယူကရိန်း #ရုရှား #အမေရိကန် #ဂျနီဗာ #နေတိုးမဟာမိတ် #လုံခြုံရေးအာမခံချက် #ဗွီအိုအေ

=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG