သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္-႐ုရွားေဆြးေႏြးပြဲ ယူကရိန္းအေရးတိုးတက္မႈမရေသး


Switzerland US Russia Security Talks

[[Zawgyi/Unicode]]

ယူကရိန္းအက်ပ္အတည္းနဲ႔ပတ္သက္လို႔ အေမရိကန္နဲ႔ ပထမအသုတ္ ေဆြးေႏြးခဲ့ရာမွာ အေကာင္းမျမင္ေသးဘူးလို႔ ႐ုရွားေျပာေရးဆိုခြင့္ရွိသူက အဂၤါေန႔မွာ ေျပာလိုက္ပါတယ္။ ဒီအေတာအတြင္းမွာပဲ ႐ုရွားရဲ႕လုံၿခဳံေရးဆိုင္ရာ အဆိုျပဳခ်က္အေပၚ စာနဲ႔ေရးသား တုံ႔ျပန္ပါမယ္လို႔ အေမရိကန္က ကတိျပဳလိုက္ေၾကာင္း ႐ုရွားႏိုင္ငံေတာ္ပိုင္သတင္းဌာန RIA က ဆိုပါတယ္။

ပြင့္ပြင့္လင္းလင္း၊ တိုက္႐ိုက္၊ အသားပါပါ ေဆြးေႏြးၾကတာကေတာ့ အျပဳသေဘာ ေဆာင္ပါတယ္လို႔ ေျပာခြင့္ရပုဂၢိဳလ္ Dmitry Peskov က ဆိုပါတယ္။

႐ုရွားက ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္လက္မခံဖို႔ ေတာင္းဆိုထားတာကို အေမရိကန္က လက္မခံခဲ့ပါဘူး။ ဒါေပမဲ့ ႐ုရွားရဲ႕အဆိုျပဳခ်က္ထဲမွာပါတဲ့ ဒုံးက်ည္ ခ်ထားေရးနဲ႔ စစ္ေရးေလ့က်င့္မႈအ႐ြယ္အစားကိစၥေတြကိုေတာ့ ေဆြးေႏြးဖို႔ ဆႏၵရွိေၾကာင္း ေျပာပါတယ္။

ဂ်နီဗာ ပထမအႀကိမ္ေဆြးေႏြးပြဲအၿပီးမွာေတာ့ ႐ုရွားနဲ႔အေမရိကန္ၾကား ကြဲျပားျခားနားခ်က္ေတြက နီးစပ္လာေနေၾကာင္း မျပသခဲ့ၾကပါဘူး။

ဗုဒၶဟူးေန႔၊ ဘရပ္ဆဲၿမိဳ႕မွာ ေနတိုးနဲ႔ ၾကာသပေတးေန႔ Vienna မွာ ဥေရာပ လုံၿခဳံေရး နဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OSCE) တို႔နဲ႔ ႐ုရွားက ေဆြးေႏြးဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ကန်-ရုရှားဆွေးနွေးပွဲ ယူကရိန်းအရေးတိုးတက်မှုမရသေး

ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ပထမအသုတ် ဆွေးနွေးခဲ့ရာမှာ အကောင်းမမြင်သေးဘူးလို့ ရုရှားပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ ရုရှားရဲ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက်အပေါ် စာနဲ့ရေးသား တုံ့ပြန်ပါမယ်လို့ အမေရိကန်က ကတိပြုလိုက်ကြောင်း ရုရှားနိုင်ငံတော်ပိုင်သတင်းဌာန RIA က ဆိုပါတယ်။

ပွင့်ပွင့်လင်းလင်း၊ တိုက်ရိုက်၊ အသားပါပါ ဆွေးနွေးကြတာကတော့ အပြုသဘော ဆောင်ပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဆိုပါတယ်။

ရုရှားက ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လက်မခံဖို့ တောင်းဆိုထားတာကို အမေရိကန်က လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ ရုရှားရဲ့အဆိုပြုချက်ထဲမှာပါတဲ့ ဒုံးကျည် ချထားရေးနဲ့ စစ်ရေးလေ့ကျင့်မှုအရွယ်အစားကိစ္စတွေကိုတော့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။

ဂျနီဗာ ပထမအကြိမ်ဆွေးနွေးပွဲအပြီးမှာတော့ ရုရှားနဲ့အမေရိကန်ကြား ကွဲပြားခြားနားချက်တွေက နီးစပ်လာနေကြောင်း မပြသခဲ့ကြပါဘူး။

ဗုဒ္ဓဟူးနေ့၊ ဘရပ်ဆဲမြို့မှာ နေတိုးနဲ့ ကြာသပတေးနေ့ Vienna မှာ ဥရောပ လုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့နဲ့ ရုရှားက ဆွေးနွေးဖို့ ရှိပါတယ်။

#USRussia #USRussiaTalks #Ukraine #VOABurmese #အမေရိကန် #ရုရှား #ယူကရိန်းအကျပ်အတည်း #ဂျနီဗာဆွေးနွေးပွဲ #ဘရပ်ဆဲလ် #ဗွီအိုအေ

================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG