သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ OSCE အဖြဲ႔ ဗီယန္နာမွာ ေတြ႔ဆုံေဆြးေႏြး 


ၾသစေၾတးလ်ႏုိင္ငံ၊ ဗီယင္နာၿမိဳ႕မွာက်င္းပေနတဲ့ OSCE အစည္းအေဝး (ဇန္နဝါရီ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွား-ယူကရိန္းနယ္စပ္မွာ တင္းမာမႈေလွ်ာ့ခ်ေရး ႀကိဳးပမ္းခ်က္ေတြဟာ ႐ုရွားနဲ႔ OSCE လို႔ေခၚတဲ့ ဥေရာပတိုက္ လုံၿခဳံေရးနဲ႔ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔တို႔ ဗီယန္နာၿမိဳ႕မွာ ဒီကေန႔ ေတြ႔ဆုံေဆြးေႏြးၾကတဲ့အေပၚ မူတည္ေနၿပီျဖစ္ပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားနယ္စပ္က တင္းမာမႈေတြ ေလွ်ာ့ခ်ေရးအတြက္ အေမရိကန္နဲ႔ ႐ုရွားတို႔ ဗီယင္နာၿမိဳ႕မွာ တနလၤာေန႔က ေတြ႔ဆုံတာနဲ႔ မေန႔ ဗုဒၶဟူးေန႔က ႐ုရွားနဲ႔ ေနတိုးအဖြဲ႔တို႔ Brussels ၿမိဳ႕မွာ ေတြ႕ဆုံမႈေတြအၿပီး ဒီကေန႔ စည္းေဝးပြဲကို က်င္းပတာပါ။ ဒီေဆြးေႏြးမႈေတြမွာ ပါဝင္သူအားလုံးက ေဆြးေႏြးပြဲရလဒ္ေတြကို ျပန္လည္သုံးသပ္ၿပီး ေနာက္တဆင့္ ဘာလုပ္မယ္ဆိုတာကို ဆုံးျဖတ္ၾကမွာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က သတင္းေထာက္ေတြကို မေန႔က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဒီစည္းေဝးပြဲကို တက္လာၾကတဲ့ ႐ုရွားကိုယ္စားလွယ္ေတြဟာလည္း သမၼတ Vladimir Putin ထံ ျပန္အစီရင္ခံၾကဦးမွာျဖစ္ေၾကာင္း၊ အေမရိကန္ဘက္က သံတမန္ေရးနဲ႔ ေတြ႔ဆုံေဆြးေႏြးတဲ့နည္းလမ္းကို ပိုၿပီး လိုလားတယ္ဆိုတာကို သိရွိထားတာနဲ႔အညီ သမၼတ ပူတင္အေနနဲ႔လည္း ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ဦးစားေပး ေ႐ြးခ်ယ္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း Ned Price က ေျပာပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ တင္းမာမႈေတြ ေလွ်ာ့ခ်ေရးအတြက္ သံတမန္ေရးနည္းလမ္းနဲ႔ အေျဖရွာၾကဖို႔ အေမရိကန္နဲ႔ ေနတိုးအဖြဲ႕တို႔က ႐ုရွားကို တိုက္တြန္းေနတာပါ။

မေန႔က Brussels ၿမိဳ႕မွာ ျပဳလုပ္တဲ့ ၄ နာရီၾကာ ေဆြးေႏြးမႈအၿပီး တင္းမာမႈေတြကို ေလွ်ာ့ခ်မယ္ဆိုတဲ့ ကတိကဝတ္ကို မရခဲ့သလို မေလွ်ာ့ခ်ဘူးဆိုတဲ့ ေၾကညာခ်က္လည္း မထြက္ေသးေၾကာင္း အေမရိကန္ကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္ ေဆြးေႏြးတဲ့ အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman က ေဆြးေႏြးပြဲအၿပီး က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုရွားတပ္ဖြဲ႕ဝင္ တသိန္းေလာက္ ခ်ထားၿပီး စစ္ေရးေလ့က်င့္မႈေတြလည္း ျပဳလုပ္ေနတဲ့အခ်ိန္မွာ သံတမန္ေရးအရ ေတြ႔ဆုံ ေဆြးေႏြးမႈေတြလုပ္ဖို႔ ခက္ခဲေၾကာင္းလည္း အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရုရှားနဲ့ OSCE အဖွဲ့ ဗီယန်နာမှာ တွေ့ဆုံဆွေးနွေး

ရုရှား-ယူကရိန်းနယ်စပ်မှာ တင်းမာမှုလျှော့ချရေး ကြိုးပမ်းချက်တွေဟာ ရုရှားနဲ့ OSCE လို့ခေါ်တဲ့ ဥရောပတိုက် လုံခြုံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ဗီယန်နာမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြတဲ့အပေါ် မူတည်နေပြီဖြစ်ပါတယ်။

ယူကရိန်းနဲ့ ရုရှားနယ်စပ်က တင်းမာမှုတွေ လျှော့ချရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ ဗီယင်နာမြို့မှာ တနင်္လာနေ့က တွေ့ဆုံတာနဲ့ မနေ့ ဗုဒ္ဓဟူးနေ့က ရုရှားနဲ့ နေတိုးအဖွဲ့တို့ Brussels မြို့မှာ တွေ့ဆုံမှုတွေအပြီး ဒီကနေ့ စည်းဝေးပွဲကို ကျင်းပတာပါ။ ဒီဆွေးနွေးမှုတွေမှာ ပါဝင်သူအားလုံးက ဆွေးနွေးပွဲရလဒ်တွေကို ပြန်လည်သုံးသပ်ပြီး နောက်တဆင့် ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ကြမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီစည်းဝေးပွဲကို တက်လာကြတဲ့ ရုရှားကိုယ်စားလှယ်တွေဟာလည်း သမ္မတ Vladimir Putin ထံ ပြန်အစီရင်ခံကြဦးမှာဖြစ်ကြောင်း၊ အမေရိကန်ဘက်က သံတမန်ရေးနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းကို ပိုပြီး လိုလားတယ်ဆိုတာကို သိရှိထားတာနဲ့အညီ သမ္မတ ပူတင်အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဦးစားပေး ရွေးချယ်လိမ့်မယ်လို့ ယုံကြည်ကြောင်း Ned Price က ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျှော့ချရေးအတွက် သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့က ရုရှားကို တိုက်တွန်းနေတာပါ။

မနေ့က Brussels မြို့မှာ ပြုလုပ်တဲ့ ၄ နာရီကြာ ဆွေးနွေးမှုအပြီး တင်းမာမှုတွေကို လျှော့ချမယ်ဆိုတဲ့ ကတိကဝတ်ကို မရခဲ့သလို မလျှော့ချဘူးဆိုတဲ့ ကြေညာချက်လည်း မထွက်သေးကြောင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် ဆွေးနွေးတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့ဝင် တသိန်းလောက် ချထားပြီး စစ်ရေးလေ့ကျင့်မှုတွေလည်း ပြုလုပ်နေတဲ့အချိန်မှာ သံတမန်ရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဖို့ ခက်ခဲကြောင်းလည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

#RussiaUkraineBorder #OSCE #voaburmese #ယူကရိန်းနယ်စပ် #ဗွီအိုအေမြန်မာပိုင်း

=============

XS
SM
MD
LG