သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုးတက္မႈမရွိေသးတဲ႔ ႐ုရွား - ေနတိုး ေဆြးေႏြးပဲြ


တိုးတက္မႈမရွိေသးတဲ႔ ႐ုရွား - ေနတိုး ေဆြးေႏြးပဲြ

{{Zawgyi/Unicode}}

အေမရိကန္ဦးေဆာင္တဲ့ NATO မဟာမိတ္အဖဲြ့နဲ့ ရုရွားကုိယ္္စားလွယ္ေတြ ဗုဒၶဟူးေန့က ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲလ္ ၿမိဳ့ေတာ္မွာေတြဆုံေဆြးေႏြးခဲ့ၾကၿပီး ရုရွားအေနနဲ့ ယူကရိန္း နယ္စပ္တင္း မာမွုေတြေလ်ာ့ခ်ဖုိ့နဲ့ လက္ႏွက္ထိန္းခ်ဳပ္ေရးကိစၥအပါအ၀င္ ေျဖရွင္းရမယ့္ကိစၥရပ္ေတြကု ိဆက္လက္ ေဆြးေႏြးသြားဖုိ့ အေမရိကန္နဲ့ NATO အဖဲြ့၀င္ ေတြကတညီတညြတ္ထဲ ရုရွားကုိတုိက္တြန္း ေတာင္းဆုိခဲ့ပါတယ္။

အေမရိကန္နဲ့မဟာမိတ္ ေနတုိးအေနနဲ့ ေဆြးေႏြးေျဖရွင္းဖုိ့ကုိတခါးပိတ္ထားမွာ မဟုတ္ပါဘူးလုိ့ NATO ရုရွားအစည္းအေ၀းအၿပီးျပုလုပ္တဲသတင္းစာရွင္းလင္းပဲြမွာအေမရိကန္ကုိယ္စားလွယ္အဖဲြေခါင္းေဆာင္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Wendy Sherman ေျပာဆုိခဲ့တာပါ။

ရုရွားအေနနဲ့တင္းမာမွုေတြေလ်ာ့ခ်ဖုိ့၊ သံတမန္နည္းလမ္းကုိေရြးခ်ယ္ဖုိ့၊ အားလုံး အတြက္အက်ိဳးရွိမယ့္ လုံၿခုံေရးအစီစဥ္ေတြေပၚထြန္းလာဖုိရုိသားတဲ့အျပန္အလွန္ ေဆြးေႏြးမွုေတြလုပ္ဖုိ့စတဲ့ ရုရွား အေပၚေတာင္းဆုိမွုေတြနဲ့ ရုရွား-ေနတုိးအစည္း အေ၀းဟာအဆုံးသတ္ခဲ့တယ္လုိ့ ဒုတိယႏုိင္ငံျခားေရး ၀န္ႀကီး Wendy Sherman ကေျပာဆုိခဲ့ပါတယ္။

ရုရွားအေနနဲ့တင္းမွာမွုေတြကုိေလ်ာ့ခ်ဖုိ့လုပ္ေဆာင္မယ္ဆုိတဲ့အာမခံခ်က္မ်ိဳးမရွိသလုိ၊ တင္းမာမွု ေတြကုိေလ်ာ့မခ်ဘူးလုိ့တိတိက်က်ျငင္းဆုိတဲ့ေဖၚျပခ်က္လည္းမရွိဘူးလုိ့ ၄ နာရီၾကာ ေဆြးေႏြးပဲြ အၿပီးျပုလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပဲြမွာ ဒု၀န္ႀကီး Sharman ကေျပာဆုိ ခဲ့ပါတယ္။

ယူကရိန္းနယ္စပ္မွာ စစ္အင္အား ၁ သိန္းေလာက္ခ်ထားၿပီး၊ လက္ႏွက္အစစ္ေတြနဲ့ ပစ္ခတ္စစ္ေရး ေလ့က်င့္မွုေတြလုပ္ေနတဲ့အေနအထားမ်ိဳးဟာ သံတမံနည္းအရေဆာင္ ရြက္ဖုိ့ဟာအလြန္ခက္ခဲ တယ္ဆုိတာကုိ ရုရွားသိေအာင္ေျပာဆုိခဲ့တယ္လုိ့လည္း အေမရိကန္ဒုႏုိင္ငံျခားေရး၀န္ႀကီး ကေျပာဆုိခဲ့ပါတယ္။

အခုလုိအခ်ိန္မွာဘဲ ရုရွားသမတ Vladimir Putiin အေနနဲ့ယူကရိန္းအေပၚဆက္လက္ ရန္ျပုေနဦး မယ္ဆုိရင္ ရုရွားဘဏ္ေတြ၊ ရုရွားစစ္ေခါင္းေဆာင္ေတြနဲ့အစိုးရတာ၀န္ရွိသူ ေတြကုိပိတ္ဆုိ့အေရးယူမွု ေတြပါ၀င္တဲ့ ယူကရိန္းအခ်ဳပ္အျခာအာဏာခုခံကာကြယ္ေရး ဥပေဒ ၂၀၂၂ ကုိျပဌာန္းဖုိ့ အျပည့္အစုံေရးသားထားတဲ့တင္ျပခ်က္တခုကုိ အေမရိကန္ ဒီမုိကရက္လႊတ္ေတာ္အမတ္ေတြက ဗုဒၶဟူးေန့မွာဘဲတင္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................

{{Unicode}}

အမေရိကန်ဦးဆောင်တဲ့ NATO မဟာမိတ်အဖွဲ့နဲ့ ရုရှားကိုယ်စားလှယ်တွေ ဗုဒ္ဓဟူးနေ့က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာတွေဆုံဆွေးနွေးခဲ့ကြပြီး ရုရှားအနေနဲ့ ယူကရိန်း နယ်စပ်တင်း မာမှုတွေလျော့ချဖို့နဲ့ လက်နှက်ထိန်းချုပ်ရေးကိစ္စအပါအဝင် ဖြေရှင်းရမယ့်ကိစ္စရပ်တွေကု ိဆက်လက် ဆွေးနွေးသွားဖို့ အမေရိကန်နဲ့ NATO အဖွဲ့ဝင် တွေကတညီတညွတ်ထဲ ရုရှားကိုတိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နဲ့မဟာမိတ် နေတိုးအနေနဲ့ ဆွေးနွေးဖြေရှင်းဖို့ကိုတခါးပိတ်ထားမှာ မဟုတ်ပါဘူးလို့ NATO ရုရှားအစည်းအဝေးအပြီးပြုလုပ်တဲသတင်းစာရှင်းလင်းပွဲမှာအမေရိကန်ကိုယ်စားလှယ်အဖွဲခေါင်းဆောင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ပြောဆိုခဲ့တာပါ။


ရုရှားအနေနဲ့တင်းမာမှုတွေလျော့ချဖို့၊ သံတမန်နည်းလမ်းကိုရွေးချယ်ဖို့၊ အားလုံး အတွက်အကျိုးရှိမယ့် လုံခြုံရေးအစီစဉ်တွေပေါ်ထွန်းလာဖိုရိုသားတဲ့အပြန်အလှန် ဆွေးနွေးမှုတွေလုပ်ဖို့စတဲ့ ရုရှား အပေါ်တောင်းဆိုမှုတွေနဲ့ ရုရှား-နေတိုးအစည်း အဝေးဟာအဆုံးသတ်ခဲ့တယ်လို့ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Wendy Sherman ကပြောဆိုခဲ့ပါတယ်။


ရုရှားအနေနဲ့တင်းမှာမှုတွေကိုလျော့ချဖို့လုပ်ဆောင်မယ်ဆိုတဲ့အာမခံချက်မျိုးမရှိသလို၊ တင်းမာမှု တွေကိုလျော့မချဘူးလို့တိတိကျကျငြင်းဆိုတဲ့ဖေါ်ပြချက်လည်းမရှိဘူးလို့ ၄ နာရီကြာ ဆွေးနွေးပွဲ အပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီး Sharman ကပြောဆို ခဲ့ပါတယ်။


ယူကရိန်းနယ်စပ်မှာ စစ်အင်အား ၁ သိန်းလောက်ချထားပြီး၊ လက်နှက်အစစ်တွေနဲ့ ပစ်ခတ်စစ်ရေး လေ့ကျင့်မှုတွေလုပ်နေတဲ့အနေအထားမျိုးဟာ သံတမံနည်းအရဆောင် ရွက်ဖို့ဟာအလွန်ခက်ခဲ တယ်ဆိုတာကို ရုရှားသိအောင်ပြောဆိုခဲ့တယ်လို့လည်း အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ကပြောဆိုခဲ့ပါတယ်။

အခုလိုအချိန်မှာဘဲ ရုရှားသမတ Vladimir Putiin အနေနဲ့ယူကရိန်းအပေါ်ဆက်လက် ရန်ပြုနေဦး မယ်ဆိုရင် ရုရှားဘဏ်တွေ၊ ရုရှားစစ်ခေါင်းဆောင်တွေနဲ့အစိုးရတာဝန်ရှိသူ တွေကိုပိတ်ဆို့အရေးယူမှု တွေပါဝင်တဲ့ ယူကရိန်းအချုပ်အခြာအာဏာခုခံကာကွယ်ရေး ဥပဒေ ၂၀၂၂ ကိုပြဌာန်းဖို့ အပြည့်အစုံရေးသားထားတဲ့တင်ပြချက်တခုကို အမေရိကန် ဒီမိုကရက်လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့မှာဘဲတင်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG