သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ယူကရိန္းၿမိဳ႕ေတာ္ေရာက္ရွိ


ယူကရိန္းနိုင္ငံ Kyiv ျမိဳ ့က အေမရိကန္သံရံုးမွာ သံ၀န္ထမ္းေတြြကို မိန္ ့ခြန္းေျပာေနတဲ့ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး Antony Blinken (ဓာတ္ပံု - Reuters)

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ယူကရိန္းၿမိဳ႕ေတာ္ေရာက္ရွိ

႐ုရွား-ယူကရိန္း နယ္စပ္တေလွ်ာက္ တင္းမာမႈေလွ်ာ့ခ်ေရးမွာ သံတမန္နည္းလမ္းကို အသံုးခ်ဖို႔အတြက္ “ရွင္းလင္းတဲ့ ဦးစားေပး” ေရြးခ်ယ္ခ်က္တခု ရွိေနတယ္လုိ႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken ကို ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုရွား အေနနဲ႔ ယူကရိန္းကို ထပ္ၿပီး က်ဴးေက်ာ္ရင္ “သိပ္ကိုဆိုးရြားတဲ့ အက်ဳိးဆက္ေတြ” နဲ႔ ရင္ဆုိင္ရမယ္လုိ႔ ဝန္ႀကီး Blinken က ဆိုပါ တယ္။

“ဒီကေန႔ဆိုရင္ ယူကရိန္းနယ္စပ္ေတြနားမွာ ႐ုရွားစစ္သား ၁ သိန္းပတ္ဝန္းက်င္ရွိေနၿပီး ယူကရိန္းကို ၿခိမ္းေျခာက္ေနတယ္ဆိုတဲ့ ခံစားမႈက အရင္ကနဲ႔ မတူပါဘူး” လို႔ Kyiv ၿမိဳ႕ေတာ္မွာ ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ ေတြ႔ဆံုခ်ိန္အတြင္း ဝန္ႀကီး Blinken က ေျပာခဲ့ပါတယ္။

ယူကရိန္းႏုိင္္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမပိုင္ဆိုင္မႈကို အေမရိကန္က ေထာက္ခံေၾကာင္း ဝန္ႀကီး Blinken က ထပ္ေျပာခဲ့ သလို “သူတို႔ကိုယ္တိုင္ရဲ႕ အနာဂတ္နဲ႔ သူတို႔တိုင္းျပည္ရဲ႕ အနာဂတ္အတြက္ ယူကရိန္းႏုိင္ငံသားေတြကို္ယ္တုိင္ ဆံုးျဖတ္ရမွာျဖစ္ ၿပီး ဘယ္သူကမွ ဆံုးျဖတ္ရမွာမဟုတ္ပါဘူး” လို႔လည္း ေျပာခဲ့ပါတယ္။

ယူကရိန္းကို စစ္ေရးအကူအညီ တိုးျမွင့္ေပးအပ္တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း သမၼတ Zelenskiy က ဝန္ႀကီး Blinken ကို ေျပာခဲ့ပါတယ္။ ယူကရိန္းအတြက္ ကာကြယ္ေရးဆုိင္ရာအကူအညီ ေနာက္ထပ္ ေဒၚလာ သန္း ၂၀၀ ကို သမၼတဘိုင္ဒန္အစိုးရက ၿပီးခဲ့တဲ့လမွာ အတည္ျပဳခဲ့တယ္လုိ႔ ႏုိင္ငံျခားေရးဌာန အႀကီးတန္းတာဝန္ရိွသူတဦးက သတင္းေထာက္ေတြကို ဒီကေန႔ေျပာပါတယ္။

ယူကရိန္းသမၼတနဲ႔ မေတြ႔ခင္ Kyiv ၿမိဳ႕ အေမရိကန္သံ႐ံုးက ဝန္ထမ္းေတြနဲ႔ ေတြ႔ဆံုခ်ိန္တုံုးကလည္း ဝန္ႀကီး Blinken က ႐ုရွား-ယူကရိန္း နယ္စပ္တေလွ်ာက္ တင္းမာမႈေလွ်ာ့ခ်ေရး ႀကိဳးပမ္းခ်က္ေတြဟာ “သံတမန္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း” မွာ ဆက္ရွိေနႏုိင္မယ္လို႔ အခုိင္အမာ ေမွ်ာ္လင့္တဲ့အေၾကာင္း၊ ဒါေပမယ့္လည္း ဒီအတြက္ တကယ္တမ္းဆံုးျဖတ္ရမွာက ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ျဖစ္တယ္လို႔ ေျပာခဲ့ပါေသးတယ္။

ဘာျဖစ္ေနတယ္ဆုိတာကို ကမာၻႀကီးက ေစာင့္ၾကည့္ေနတဲ့အေၾကာင္း ဝန္ႀကီး Blinken ကေျပာပါတယ္။ ႐ုရွားရဲ႕လုပ္ရပ္နဲ႔ ေနာက္ထပ္က်ဴးေက်ာ္မယ့္ ၿခိမ္းေျခာက္မႈဟာ “ႏုိင္္ငံတကာစနစ္တရပ္လံုးကို စည္းကြပ္ထားတဲ့ တကယ့့္ အေျခခံမူဝါဒတခ်ဳိ႕ကို” ထိပ္တိုက္ေတြ႔ေနတယ္လို႔ ဝန္ႀကီး Blinken ကေျပာပါတယ္။

ယူကရိန္းခရီးစဥ္ကေန ဝန္ႀကီး Blinken ဟာ ဂ်ာမနီႏုိင္္ငံ၊ ဘာလင္ၿမိဳ႕ေတာ္ကို ခရီးဆက္မွာျဖစ္ပါတယ္။ ဂ်ာမနီခရီးစဥ္အတြင္း “မၾကာေသးခင္က ႐ုရွားႏုိုင္ငံနဲ႔ သံတမန္ေရး ေျပာဆိုခဲ့တာေတြ၊ ယူကရိန္းကို ႐ုရွားက ထပ္ၿပီးက်ဴးေက်ာ္မယ့္အေရး တားဆီးဖို႔ ပူးတြဲႀကိဳးပမ္းခ်က္ေတြကို” ဂ်ာမနီႏုိင္ငံျခားေရးဝန္ႀကီး Annalena Baerbock နဲ႔ ၾကာသပေတးေန႔မွာ ေတြ႔ဆံု ေဆြးေႏြးမယ္လုိ႔ ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

ဂ်ာမနီကေနတဆင့္ ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်ီနီဗာၿမိဳ႕ကုိခရီးဆက္ၿပီး ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergey Lavrov နဲ႔ ေသာၾကာေန႔မွာ ေတြ႔ဆံုေဆြးေႏြးတဲ့အခါ “တင္းမာမႈေလွ်ာ့ခ်ေရး ခ်က္ျခင္းလုပ္ေဆာင္ဖုိ႔” ဝန္ႀကီး Blinken က ႐ုရွားကို တိုက္တြန္းမွာျဖစ္ပါတယ္။

ယူကရိန္းအေရးနဲ႔ လံုျခံဳေရးဆိုင္ရာ တျခားကိစၥေတြအေပၚ သေဘာထားကြဲျပားမႈေတြကို ေျပလည္ေအာင္ေျဖရွင္းဖို႔ ရည္ရြယ္ခ်က္ နဲ႔ ႐ုရွားနဲ႔ အေမရိကန္တာဝန္ရွိသူေတြ ၿပီးခဲ့တဲ့သီတင္းပတ္က ဂ်ီနီဗာမွာ ေဆြးေႏြးၿပီးတဲ့ေနာက္ ဝန္ႀကီး Blinken ရဲ႕ အခုခရီးစဥ္ ျဖစ္လာတာပါ။ အဲဒီေဆြးေႏြးပြဲေတြအတြင္း တုိးတက္မႈမရခဲ့ပါဘူး။ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO စစ္မဟာမိတ္အဖြဲ႔ထဲကို ယူကရိန္းႏုိင္ငံ ဘယ္ေတာ့မွ မဝင္ပါဘူးဆိုတဲ့ အာမခံခ်က္ေပးဖို႔ ႐ုရွားက ေတာင္းဆိုခဲ့ပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


ကန်နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းမြို့တော်ရောက်ရှိ

(Unicode)

ရုရှား-ယူကရိန်း နယ်စပ်တလျှောက် တင်းမာမှုလျှော့ချရေးမှာ သံတမန်နည်းလမ်းကို အသုံးချဖို့အတွက် “ရှင်းလင်းတဲ့ ဦးစားပေး” ရွေးချယ်ချက်တခု ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှား အနေနဲ့ ယူကရိန်းကို ထပ်ပြီး ကျူးကျော်ရင် “သိပ်ကိုဆိုးရွားတဲ့ အကျိုးဆက်တွေ” နဲ့ ရင်ဆိုင်ရမယ်လို့ ဝန်ကြီး Blinken က ဆိုပါ တယ်။

“ဒီကနေ့ဆိုရင် ယူကရိန်းနယ်စပ်တွေနားမှာ ရုရှားစစ်သား ၁ သိန်းပတ်ဝန်းကျင်ရှိနေပြီး ယူကရိန်းကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ ခံစားမှုက အရင်ကနဲ့ မတူပါဘူး” လို့ Kyiv မြို့တော်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တွေ့ဆုံချိန်အတွင်း ဝန်ကြီး Blinken က ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အမေရိကန်က ထောက်ခံကြောင်း ဝန်ကြီး Blinken က ထပ်ပြောခဲ့ သလို “သူတို့ကိုယ်တိုင်ရဲ့ အနာဂတ်နဲ့ သူတို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် ယူကရိန်းနိုင်ငံသားတွေကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ် ပြီး ဘယ်သူကမှ ဆုံးဖြတ်ရမှာမဟုတ်ပါဘူး” လို့လည်း ပြောခဲ့ပါတယ်။

ယူကရိန်းကို စစ်ရေးအကူအညီ တိုးမြှင့်ပေးအပ်တဲ့အတွက် ကျေးဇူးတင်ကြောင်း သမ္မတ Zelenskiy က ဝန်ကြီး Blinken ကို ပြောခဲ့ပါတယ်။ ယူကရိန်းအတွက် ကာကွယ်ရေးဆိုင်ရာအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၂၀၀ ကို သမ္မတဘိုင်ဒန်အစိုးရက ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူတဦးက သတင်းထောက်တွေကို ဒီကနေ့ပြောပါတယ်။

ယူကရိန်းသမ္မတနဲ့ မတွေ့ခင် Kyiv မြို့ အမေရိကန်သံရုံးက ဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်တုံးကလည်း ဝန်ကြီး Blinken က ရုရှား-ယူကရိန်း နယ်စပ်တလျှောက် တင်းမာမှုလျှော့ချရေး ကြိုးပမ်းချက်တွေဟာ “သံတမန်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း” မှာ ဆက်ရှိနေနိုင်မယ်လို့ အခိုင်အမာ မျှော်လင့်တဲ့အကြောင်း၊ ဒါပေမယ့်လည်း ဒီအတွက် တကယ်တမ်းဆုံးဖြတ်ရမှာက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

ဘာဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးက စောင့်ကြည့်နေတဲ့အကြောင်း ဝန်ကြီး Blinken ကပြောပါတယ်။ ရုရှားရဲ့လုပ်ရပ်နဲ့ နောက်ထပ်ကျူးကျော်မယ့် ခြိမ်းခြောက်မှုဟာ “နိုင်ငံတကာစနစ်တရပ်လုံးကို စည်းကွပ်ထားတဲ့ တကယ့် အခြေခံမူဝါဒတချို့ကို” ထိပ်တိုက်တွေ့နေတယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

ယူကရိန်းခရီးစဉ်ကနေ ဝန်ကြီး Blinken ဟာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကို ခရီးဆက်မှာဖြစ်ပါတယ်။ ဂျာမနီခရီးစဉ်အတွင်း “မကြာသေးခင်က ရုရှားနိုင်ငံနဲ့ သံတမန်ရေး ပြောဆိုခဲ့တာတွေ၊ ယူကရိန်းကို ရုရှားက ထပ်ပြီးကျူးကျော်မယ့်အရေး တားဆီးဖို့ ပူးတွဲကြိုးပမ်းချက်တွေကို” ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဂျာမနီကနေတဆင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ကိုခရီးဆက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးတဲ့အခါ “တင်းမာမှုလျှော့ချရေး ချက်ခြင်းလုပ်ဆောင်ဖို့” ဝန်ကြီး Blinken က ရုရှားကို တိုက်တွန်းမှာဖြစ်ပါတယ်။

ယူကရိန်းအရေးနဲ့ လုံခြုံရေးဆိုင်ရာ တခြားကိစ္စတွေအပေါ် သဘောထားကွဲပြားမှုတွေကို ပြေလည်အောင်ဖြေရှင်းဖို့ ရည်ရွယ်ချက် နဲ့ ရုရှားနဲ့ အမေရိကန်တာဝန်ရှိသူတွေ ပြီးခဲ့တဲ့သီတင်းပတ်က ဂျီနီဗာမှာ ဆွေးနွေးပြီးတဲ့နောက် ဝန်ကြီး Blinken ရဲ့ အခုခရီးစဉ် ဖြစ်လာတာပါ။ အဲဒီဆွေးနွေးပွဲတွေအတွင်း တိုးတက်မှုမရခဲ့ပါဘူး။ မြောက်အတ္တလန်တိတ်စာချုပ် NATO စစ်မဟာမိတ်အဖွဲ့ထဲကို ယူကရိန်းနိုင်ငံ ဘယ်တော့မှ မဝင်ပါဘူးဆိုတဲ့ အာမခံချက်ပေးဖို့ ရုရှားက တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG