သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု တားဆီးဖို့ အမေရိကန်တိုက်တွန်း


Blinken
Blinken

မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု တားဆီးဖို့ အမေရိကန်တိုက်တွန်း

{{Zawgyi/Unicode}}

မကြာသေးခင်တုန်းက လူပေါင်း ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတလွှားက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်ကို လက်နက်တင်ပို့မှုတွေ တားမြစ်ရေး အမေရိကန်က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Save the Children အဖွဲ့က ဒေသခံ ဝန်ထမ်း ၂ ဦးနဲ့ အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် ကယားပြည်နယ်မှာ ခရစ္စမတ် အကြိုနေ့က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အပြစ်မဲ့ပြည်သူတွေနဲ့ လူသားခြင်းစာနာမှုလုပ်ငန်းကိုင်နေသူတွေကိုပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဒီလုပ်ရပ်တွေအတွက် စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာ အခုဖြစ်ရပ်တွေက မီးမောင်းထိုးပြနေတယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်တပ်အတွက် အသုံးဝင်မယ့် နည်းပညာတွေ တင်ပို့မှုကို ပိတ်ပင်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

စစ်ကောင်စီကတော့ ဖရူဆိုမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေကို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ စတင်တိုက်ခိုက်လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပေမဲ့ မီးရှို့ထားတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ပြောဆိုထားတာတော့ မရှိပါဘူး။

အင်္ဂါနေ့မှာပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း အကူအညီပေးရေး ဝန်ထမ်းတွေ သေဆုံးမှု အပါအဝင် မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ဒီထက်ပိုလုပ်ဖို့ လိုအပ်နေကြောင်း ပြောဆိုလိုက်ပါတယ်။ ကယားပြည်နယ်မှာ သေဆုံးခဲ့ရသူတွေနဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းလည်း အင်္ဂါနေ့က Twitter လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}





XS
SM
MD
LG