သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အိႏၵိယ-ျမန္မာနယ္စပ္ မဏိပူရျပည္နယ္မွာ Omicron ကိုဗစ္မ်ိဳးကြဲေတြ႔


အိႏၵိယႏုိင္ငံအေရွ႕ေျမာက္ မဏိပူရ္ျပည္နယ္၊ မိုးေရးၿမိဳ႕က အိႏၵိယ-ျမန္မာ နယ္စပ္ခ်စ္ၾကည္ေရးတံတား။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံနဲ႔ နယ္နမိတ္ခ်င္းထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္မွာ ပထမဆုံး Omicron ကိုဗစ္ပိုးသစ္ကူးစက္သူ စတင္ေတြ႕ရွိထားပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ျမန္မာႏိုင္ငံကေန အိႏၵိယႏိုင္ငံဘက္ကို တိမ္းေရွာင္ေနတဲ့ ဒုကၡသည္ေတြအမ်ားအျပား မဏိပူရျပည္နယ္ဘက္မွာ ရွိေနတာေၾကာင့္ Omicron ကိုဗစ္ပိုးသစ္ကူးစက္ ပ်ံ႕ႏွံ႔မွာ အေတာ္ေလးစိုးရိမ္ေနၾကေၾကာင္း ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ေဒသမွာရွိတဲ့ ျပည္နယ္ ၇ ျပည္နယ္အနက္ ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ ထိဆက္ေနတဲ့ မဏိပူရျပည္နယ္မွာ Omicron ကိုဗစ္ကပ္ေရာဂါ ပိုးသစ္အတည္ျပဳလူနာ ပထမဆုံး စတင္ေတြ႔ရွိတယ္ လို႔ အိႏၵိယႏိုင္ငံက ဒီလ ၂၇ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ကပ္ေနတဲ့ မဏိပူရျပည္နယ္မွာ Omicron အတည္ျပဳလူနာ စတင္ေတြ႕ရွိတာနဲ႔ လက္ရွိ ကုသေပးေနတဲ့ အေျခအေနကို အင္ဖားၿမိဳ႕မွာ ေနထိုင္ေနတဲ့ ကိုသိန္းက VOA ကို အခုလို ေျပာျပပါတယ္။

“အသက္ ၄၈ ႏွစ္ရွိတဲ့ေယာက်ၤားေလး တန္ဇန္နီးယားကေန ကာလကတၱားကို ေရာက္တာ ဒီဇင္ ဘာ ၁၂ ရက္ေန႔ကေန ေရာက္တာ။ အင္ဖားကိုက ဒီဇင္ဘာ ၁၃ ရက္ေန႔က ေရာက္တာ။ သူ႔ကို ဒီဇင္ဘာ ၂၀ ရက္ေန႔မွာ စစ္တာ။ ၂၁ ရက္ေန႔မွာ သူက Positive ျဖစ္တယ္လို႔ ေျပာတယ္။ အဲဒီအတြက္ သူ႔ကို အဲဒီေန႔မွာပဲ Jawaharlal Nehru Institute of Medical Science ဆိုတဲ့ ေဆး႐ုံမွာ သူ႔ကို ထားထားတယ္။ Omicron ေတြ႕တဲ့အတြက္ ဒီဟာက Delta ထက္ ၃-၄ ဆေလာက္ ပိုၿပီးေတာ့ ကူးစက္ျမန္တဲ့ဟာျဖစ္တဲ့အတြက္ Mask ကို တပ္ၾကဖို႔၊ အျပင္သြားရင္ ျပန္ၿပီးေတာ့ ဒီလို ေျပာလာတယ္။ Curfew ေတြ ဘာေတြေတာ့ လုပ္လိုက္ၿပီလို႔ မေျပာေသးဘူး။ ”

မဏိပူရျပည္နယ္ က်န္းမာေရးဌာနကေတာ့ ႏိုင္ငံျခားကေနမဏိပူရကို ျပန္လာသူ ၄၈၀ ကို ေစာင့္ၾကပ္ၾကည့္ရႈေနၿပီး ၁၄၈ ေယာက္ကေတာ့ ၁၄ ရက္ၾကာ Quarantine ထားရွိမႈၿပီးဆုံးသြားေၾကာင္း ၊ စစ္ေဆးၾကည့္ရာမွာ Negative အေျဖရရွိေၾကာင္းနဲ႔ က်န္သူေတြကို ဆက္လက္ ေစာင့္ၾကည့္ေနေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကတည္းက ေထာင္နဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြဟာ စစ္ကိုင္းတိုင္း တမူးၿမိဳ႕နဲ႔ ထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္ထဲက မိုးေရးၿမိဳ႕အပါအဝင္ နယ္စပ္ၿမိဳ႕တခ်ိဳ႕ကို ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကပါတယ္။

အိႏၵိယႏိုင္ငံေရာက္ ဒုကၡသည္ေတြဟာ လတ္တေလာ က်န္းမာေရး ေစာင့္ေရွာက္မႈ မျပည့္စုံတဲ့ အေျခအေန ေၾကာင့္ Omicron ကိုဗစ္ပိုးကူးစက္မွာကို အထူး စိုးရိမ္ေနေၾကာင္း မိုးေရးၿမိဳ႕ေရာက္ ဒုကၡသည္အမ်ိဳးသမီး တစ္ဦးက ေျပာပါတယ္။

“ဒီဘက္က တရားမဝင္နဲ႔လည္း ေနရတာဆိုေတာ့ေလ က်မတို႔ Prevention အေနနဲ႔ လုပ္လို႔ ရတဲ့ဟာဆိုတာက ဘာမွ မရွိဘူး။ တကယ္က။ အဲလိုမ်ိဳး ပိုးေတြ႕တယ္ဆိုေတာ့ အရမ္းေတာ့ စိုးရိမ္တာေပါ့။ တကယ္လို႔ မေျပာေကာင္း မဆိုေကာင္းေပါ့။ က်မတို႔ မိုးေရးနယ္စပ္မွာရွိတဲ့ စစ္ေရွာင္ေနတဲ့ သူေတြထံမွာ ေရာက္လာခဲ့လို႔ ရွိရင္ေတာ့ မရႈႏိုင္ မကယ္ႏိုင္ ျဖစ္မယ့္အေျခအေန ျဖစ္မယ္လို႔ေတာ့ ျမင္တယ္ေပါ့ေနာ္။ ဒီအခ်ိန္မွာက အစားအေသာက္အတြက္ေတာင္မွ မနည္း႐ုန္းကန္ေနရတာေလ ဒီဘက္ေနတဲ့ဟာ။ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ဟာဆိုလို႔ ရွိရင္ေတာ့ အေဝးႀကီးေပါ့ေနာ။”

အိႏၵိယအစိုးရက ျမန္မာျပည္က တိမ္းေရွာင္လာသူေတြကို Covid 19 ကာကြယ္ေဆးထိုးေပးတာေတြ ရွိခဲ့ေပမဲ့တခ်ိဳ႕က တႀကိမ္သာ ကာကြယ္ေဆး ထိုးႏွံထားၿပီးၾကပါတယ္။

မဏိပူရျပည္နယ္ထဲကပဲ မိုးေရးၿမိဳ႕နဲ႔ ထိစပ္ေနတဲ့ တမူးၿမိဳ႕မွာေနထိုင္သူတဦးကေတာ့ အင္ဖာမွာ Omicron ပိုးေတြ႕တာကို ၾကားသိရေၾကာင္းနဲ႔ တမူးၿမိဳ႕မွာေတာ့ ထူးျခားတဲ့ က်န္းမာေရး သတိေပးခ်က္ေတြ ထုတ္ျပန္တာ မရွိေသးေၾကာင္း ေျပာပါတယ္။

“Omicron နဲ႔ ပတ္သက္လို႔ေတာ့ ကာကြယ္ေရးကိစၥနဲ႔ပတ္သက္လို႔ေတာ့ ဘာမွေတာ့ မၾကားရေသးဘူး။”

တမူးၿမိဳ႕မွာ က်န္းမာေရးေဆာင္႐ြက္ခ်က္နဲ႔ ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ုံးကို ဆက္သြယ္ခဲ့ေပမဲ့ တာဝန္ရွိသူေတြ မအားလပ္တာေၾကာင့္ ျပန္လည္ ေျဖၾကားႏိုင္တာ မရွိခဲ့ပါဘူး။ ျမန္မာနဲ႔ အိႏၵိယႏိုင္ငံၾကား နယ္စပ္ဂိတ္ျဖစ္တဲ့ မိုးေရးနဲ႔ တမူးနယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကိုေတာ့ ေလာေလာဆယ္ျပန္မဖြင့္ေသးပါဘူး။

တရားဝင္ နယ္စပ္ဂိတ္ေတြ ပိတ္ထားေပမဲ့ တရားမဝင္လမ္းေၾကာင္းေတြကေန သြားလာတာေတြ ရွိေနဆဲျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ဒီေန႔ ဒီဇင္ဘာ ၂၈ ရက္ အတြက္ Covid 19 အတည္ျပဳလူနာ ၆၃၀၀ ေက်ာ္ရွိၿပီး Omicron ပိုးကူးစက္မႈသူ၆၅၃ ဦးရွိေၾကာင္း အိႏၵိယႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

===========

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်မှာ Omicron ကိုဗစ်မျိုးကွဲတွေ့

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ပထမဆုံး Omicron ကိုဗစ်ပိုးသစ်ကူးစက်သူ စတင်တွေ့ရှိထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအများအပြား မဏိပူရပြည်နယ်ဘက်မှာ ရှိနေတာကြောင့် Omicron ကိုဗစ်ပိုးသစ်ကူးစက် ပျံ့နှံ့မှာ အတော်လေးစိုးရိမ်နေကြကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမှာရှိတဲ့ ပြည်နယ် ၇ ပြည်နယ်အနက် မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိဆက်နေတဲ့ မဏိပူရပြည်နယ်မှာ Omicron ကိုဗစ်ကပ်ရောဂါ ပိုးသစ်အတည်ပြုလူနာ ပထမဆုံး စတင်တွေ့ရှိတယ် လို့ အိန္ဒိယနိုင်ငံက ဒီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ မဏိပူရပြည်နယ်မှာ Omicron အတည်ပြုလူနာ စတင်တွေ့ရှိတာနဲ့ လက်ရှိ ကုသပေးနေတဲ့ အခြေအနေကို အင်ဖားမြို့မှာ နေထိုင်နေတဲ့ ကိုသိန်းက VOA ကို အခုလို ပြောပြပါတယ်။

“အသက် ၄၈ နှစ်ရှိတဲ့ယောင်္ကျားလေး တန်ဇန်နီးယားကနေ ကာလကတ္တားကို ရောက်တာ ဒီဇင် ဘာ ၁၂ ရက်နေ့ကနေ ရောက်တာ။ အင်ဖားကိုက ဒီဇင်ဘာ ၁၃ ရက်နေ့က ရောက်တာ။ သူ့ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စစ်တာ။ ၂၁ ရက်နေ့မှာ သူက Positive ဖြစ်တယ်လို့ ပြောတယ်။ အဲဒီအတွက် သူ့ကို အဲဒီနေ့မှာပဲ Jawaharlal Nehru Institute of Medical Science ဆိုတဲ့ ဆေးရုံမှာ သူ့ကို ထားထားတယ်။ Omicron တွေ့တဲ့အတွက် ဒီဟာက Delta ထက် ၃-၄ ဆလောက် ပိုပြီးတော့ ကူးစက်မြန်တဲ့ဟာဖြစ်တဲ့အတွက် Mask ကို တပ်ကြဖို့၊ အပြင်သွားရင် ပြန်ပြီးတော့ ဒီလို ပြောလာတယ်။ Curfew တွေ ဘာတွေတော့ လုပ်လိုက်ပြီလို့ မပြောသေးဘူး။ ”

မဏိပူရပြည်နယ် ကျန်းမာရေးဌာနကတော့ နိုင်ငံခြားကနေမဏိပူရကို ပြန်လာသူ ၄၈၀ ကို စောင့်ကြပ်ကြည့်ရှုနေပြီး ၁၄၈ ယောက်ကတော့ ၁၄ ရက်ကြာ Quarantine ထားရှိမှုပြီးဆုံးသွားကြောင်း ၊ စစ်ဆေးကြည့်ရာမှာ Negative အဖြေရရှိကြောင်းနဲ့ ကျန်သူတွေကို ဆက်လက် စောင့်ကြည့်နေကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းက ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ကိုင်းတိုင်း တမူးမြို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက မိုးရေးမြို့အပါအဝင် နယ်စပ်မြို့တချို့ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်တွေဟာ လတ်တလော ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံတဲ့ အခြေအနေ ကြောင့် Omicron ကိုဗစ်ပိုးကူးစက်မှာကို အထူး စိုးရိမ်နေကြောင်း မိုးရေးမြို့ရောက် ဒုက္ခသည်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ဒီဘက်က တရားမဝင်နဲ့လည်း နေရတာဆိုတော့လေ ကျမတို့ Prevention အနေနဲ့ လုပ်လို့ ရတဲ့ဟာဆိုတာက ဘာမှ မရှိဘူး။ တကယ်က။ အဲလိုမျိုး ပိုးတွေ့တယ်ဆိုတော့ အရမ်းတော့ စိုးရိမ်တာပေါ့။ တကယ်လို့ မပြောကောင်း မဆိုကောင်းပေါ့။ ကျမတို့ မိုးရေးနယ်စပ်မှာရှိတဲ့ စစ်ရှောင်နေတဲ့ သူတွေထံမှာ ရောက်လာခဲ့လို့ ရှိရင်တော့ မရှုနိုင် မကယ်နိုင် ဖြစ်မယ့်အခြေအနေ ဖြစ်မယ်လို့တော့ မြင်တယ်ပေါ့နော်။ ဒီအချိန်မှာက အစားအသောက်အတွက်တောင်မှ မနည်းရုန်းကန်နေရတာလေ ဒီဘက်နေတဲ့ဟာ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဟာဆိုလို့ ရှိရင်တော့ အဝေးကြီးပေါ့နော။”

အိန္ဒိယအစိုးရက မြန်မာပြည်က တိမ်းရှောင်လာသူတွေကို Covid 19 ကာကွယ်ဆေးထိုးပေးတာတွေ ရှိခဲ့ပေမဲ့တချို့က တကြိမ်သာ ကာကွယ်ဆေး ထိုးနှံထားပြီးကြပါတယ်။

မဏိပူရပြည်နယ်ထဲကပဲ မိုးရေးမြို့နဲ့ ထိစပ်နေတဲ့ တမူးမြို့မှာနေထိုင်သူတဦးကတော့ အင်ဖာမှာ Omicron ပိုးတွေ့တာကို ကြားသိရကြောင်းနဲ့ တမူးမြို့မှာတော့ ထူးခြားတဲ့ ကျန်းမာရေး သတိပေးချက်တွေ ထုတ်ပြန်တာ မရှိသေးကြောင်း ပြောပါတယ်။

“Omicron နဲ့ ပတ်သက်လို့တော့ ကာကွယ်ရေးကိစ္စနဲ့ပတ်သက်လို့တော့ ဘာမှတော့ မကြားရသေးဘူး။”

တမူးမြို့မှာ ကျန်းမာရေးဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ရှိသူတွေ မအားလပ်တာကြောင့် ပြန်လည် ဖြေကြားနိုင်တာ မရှိခဲ့ပါဘူး။ မြန်မာနဲ့ အိန္ဒိယနိုင်ငံကြား နယ်စပ်ဂိတ်ဖြစ်တဲ့ မိုးရေးနဲ့ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုတော့ လောလောဆယ်ပြန်မဖွင့်သေးပါဘူး။

တရားဝင် နယ်စပ်ဂိတ်တွေ ပိတ်ထားပေမဲ့ တရားမဝင်လမ်းကြောင်းတွေကနေ သွားလာတာတွေ ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက် အတွက် Covid 19 အတည်ပြုလူနာ ၆၃၀၀ ကျော်ရှိပြီး Omicron ပိုးကူးစက်မှုသူ၆၅၃ ဦးရှိကြောင်း အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#Covid19 #OmicronVariant #India-Myanmar #VOABurmese #ကိုဗစ် #အိုမီခရွန #အိန္ဒိယ #မြန်မာ #မဏိပူရ #မိုးရေး #တမူး

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG