သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေညာင္ေလးပင္ခ႐ိုင္တြင္း စစ္ေရးတင္းမာလို႔ ေဒသခံေတြေဘးကင္းရာေျပးေရွာင္


တိုက္ပြဲေတြေၾကာင့္ထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ဒုကၡသည္ေတြအတြက္ ထိုင္းျမန္မာနယ္စပ္မွာ ယာယီတဲမ်ားေဆာက္လုပ္ေနစဥ္။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၁)

[[Zawgyi/Unicode]]

ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္မွာ စစ္ေကာင္စီက စစ္အင္အားတိုးခ်ဲ႕ေနတာေၾကာင့္ အဲဒီေဒသတဝိုက္႐ြာေတြက ျပည္သူေတြ ေဘးကင္းရာထြက္ေျပး ပုန္းေရွာင္ေနၾကပါတယ္။ ေဘးလြတ္ရာ ထြက္ေျပးေနၾကသူ ၅၅၀ ေက်ာ္ရွိတယ္လို႔ ကရင္လူမႈေရးရာအဖြဲ႔က ေျပာပါတယ္။ မူသယ္႐ြာဘက္ကို အေစာပိုင္းကလည္းလက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ ၃ ေယာက္ဒဏ္ရာရခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း နန္းေလာဝ္ကတင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္၊ ေညာင္ေလးပင္ခ႐ုိင္ ေက်ာက္ႀကီးၿမိဳ႕နယ္ မူသယ္ေဒသမွာ စစ္အင္အားတိုးခ်ဲ႕ေနတဲ့ စစ္ေကာင္စီတပ္နဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA ၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO တို႔ မူသယ္ေဒသမွာ မၾကာခဏ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တယ္လို႔ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU က ဒီေန႔ ဒီဇင္ဘာ ၂၈ ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။ မူသယ္ကတဆင့္စားနပ္ရိကၡာနဲ႔ ျမင္းေတြတင္ေဆာင္ထားတဲ့ စစ္ကား အစီး၃၀ ကို မူေၾတာ္ခ႐ိုင္ဘက္ကို စစ္တပ္က ပို႔ေဆာင္ေနတယ္လို႔ KNU ကေျပာပါတယ္။ အဲဒီလိုလုပ္ေနတဲ့အတြက္ မူသယ္ေက်းရြာအပါအဝင္ ကားလမ္းတဘက္တခ်က္မွာ႐ွိတဲ့ ေက်းရြာ ၅ ရြာေလာက္ ဒီဇင္ဘာ ၂၁ ရက္ကတည္းက ထြက္ေျပးေနၾကရပါတယ္။ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္႐ွားမႈေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနၾကသူ ၅၅၀ ထက္မနည္း႐ွိတယ္လို႔ ေညာင္ေလးပင္ခ႐ုိင္ ကရင္လူမႈေရးရာအဖြဲ႔ ဆက္ဆံေရးတာဝန္ခံက ေျပာပါတယ္။

“အခု အသစ္ေတြ ထပ္ေျပးတာကေတာ့ ဒီမူသယ္ရြာ၊ ေဒသခံက ဦးေရ ၅၅၈ ေလာက္ရွိပါတယ္။ အိမ္ေျခက ၈၈ အဲ့ဒီရြာက။ (စစ္ေကာင္စီ)သူတို႔က အဲ့ဒီလမ္းကို သူတို႔ ရိကၡာေတြ ဘာေတြသယ္တယ္။ လူအင္ အားေတြ ထပ္ျဖည့္တယ္။ အဲ့အေပၚမွာ တခါတေလက် ထိေတြ႔မႈေတြ ျဖစ္တဲ့အခါက်ေတာ့ အခုေတာ့ ဒီလမ္းေဘးတေလွ်ာက္ရွိတဲ့ ရြာေတြအမ်ားႀကီးကေတာ့ သူတို႔ကေတာ့ မေနရဲၾကဘူး။”

အခုလို မူသယ္မွာ စစ္တပ္ရဲ႕လႈပ္႐ွားမႈေတြ တိုးမလုပ္ခင္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းကလည္း ႐ြာေတြဘက္ လက္နက္ႀကီးနဲ႔ ပစ္ခတ္လို႔ သံုးဦး ဒဏ္ရာရခဲ့ရတယ္လို႔ သူက ဆက္ေျပာပါတယ္။

“အဲ့ဒီရြာကမေျပးခင္မွာ ရြာထဲမွာ တခါ သူတို႔ လက္နက္ႀကီးနဲ႔ထုတာ၊ အ့ဲဒီမွာ ျပည္သူသံုးဦးေလာက္ ဒဏ္ရာရတယ္။ အဲ့ေနာက္ပိုင္း အခုက အင္အားေတြ ထပ္တိုးတယ္။ ရိကၡာေတြ ထပ္ျဖည့္ေနတဲ့အခါက်ေတာ့ အဲ့ဒီအေရွ႕မွာ သူတို႔က သြားေနတဲ့အခါက်ေတာ့ ရြာသားေတြကေတာ့ မေနရဲၾကဘူးေလး။ ေျပးကုန္ၿပီ။”

အခုလို ေဘးလြတ္ရာ ေျပးေနၾကရသူေတြဟာ ေဆာင္းတြင္းကာလ အေအးဒဏ္နဲ႔ စားရိကၡာအခက္အခဲေၾကာင့္ ဒုကၡမ်ဳိးစံုရင္ဆိုင္ေနၾကရပါတယ္။

“ဒီေဆာင္းတြင္းမွာ ေအးတဲ့ရာသီဆိုေတာ့ အခက္အခဲကအမ်ားႀကီးရွိတယ္။ အခက္အခဲေပါင္းစံုပဲ။ အခုလည္း ေဆာင္းတြင္းကာလမွာ ေအးတဲ့ရာသီဆိုေတာ့လည္း သူတို႔လည္း အခက္အခဲေတြ၊ ၿပီးေတာ့ ေဒသခံေျပာမယ္ဆိုရင္ ဟို…တိုက္ပြဲကာလတေလွ်ာက္လံုးမွာ စစ္ေဘးဒဏ္ခံေနရတဲ့ ျပည္သူေတြေလ။ ဒီၿငိမ္းခ်မ္းေရးကာလ အပစ္ရပ္စဲေရးကာလမွာပဲ နည္းနည္းေလး ျပန္ၿပီးေတာ့ အေျခစိုက္ၿပီးေတာ့ လုပ္ကိုင္စားေသာက္ေနတယ္။ အခုလည္း ေျပာမယ္ဆိုရင္ ဥယ်ာဥ္ၿခံေျမမွာ အလုပ္သိမ္းတဲ့အခ်ိန္ေပါ့။ ဆိုေတာ့ အဲ့မွာ အေျခအေနက မေကာင္းေတာ့ သူတို႔ထပ္ေျပးရတယ္ဆိုေတာ့ အခက္အခဲက အမ်ားႀကီးရွိတာေပါ့။”

KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ထားတဲ့ ေလးေက့ေကာ္ေဒသအေပၚ စစ္တပ္က ထိုးစစ္ဆင္လို႔ တိုက္ပြဲေတြျဖစ္ ေနခ်ိန္ တျခားကရင္ေဒသေတြမွာ စစ္ေကာင္စီတပ္ေတြ စစ္ေရးလႈပ္႐ွား၊ အင္းအားတိုးခ်ဲ႕ ေနတာျဖစ္ပါတယ္။ တိုက္ပြဲေတြေၾကာင့္ ကရင္ေဒသမွာ အိုးအိမ္ပစ္ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ ေသာင္းဂဏန္း႐ွိေနပါတယ္။ ေဆာင္တြင္းကာလ ေတာေတာင္ထဲမွာ ပုန္းခိုေနၾကရသူေတြဟာ အေအးဒဏ္အျပင္ အခက္အခဲမ်ဳိးစံု ႀကံဳေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ညောင်လေးပင်ခရိုင်တွင်း စစ်ရေးတင်းမာလို့ ဒေသခံတွေဘေးကင်းရာပြေးရှောင်

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေတာကြောင့် အဲဒီဒေသတဝိုက်ရွာတွေက ပြည်သူတွေ ဘေးကင်းရာထွက်ပြေး ပုန်းရှောင်နေကြပါတယ်။ ဘေးလွတ်ရာ ထွက်ပြေးနေကြသူ ၅၅၀ ကျော်ရှိတယ်လို့ ကရင်လူမှုရေးရာအဖွဲ့က ပြောပါတယ်။ မူသယ်ရွာဘက်ကို အစောပိုင်းကလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ၃ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း နန်းလောဝ်ကတင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မူသယ်ဒေသမှာ စစ်အင်အားတိုးချဲ့နေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ မူသယ်ဒေသမှာ မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ မူသယ်ကတဆင့်စားနပ်ရိက္ခာနဲ့ မြင်းတွေတင်ဆောင်ထားတဲ့ စစ်ကား အစီး၃၀ ကို မူတြော်ခရိုင်ဘက်ကို စစ်တပ်က ပို့ဆောင်နေတယ်လို့ KNU ကပြောပါတယ်။ အဲဒီလိုလုပ်နေတဲ့အတွက် မူသယ်ကျေးရွာအပါအဝင် ကားလမ်းတဘက်တချက်မှာရှိတဲ့ ကျေးရွာ ၅ ရွာလောက် ဒီဇင်ဘာ ၂၁ ရက်ကတည်းက ထွက်ပြေးနေကြရပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြသူ ၅၅၀ ထက်မနည်းရှိတယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

“အခု အသစ်တွေ ထပ်ပြေးတာကတော့ ဒီမူသယ်ရွာ၊ ဒေသခံက ဦးရေ ၅၅၈ လောက်ရှိပါတယ်။ အိမ်ခြေက ၈၈ အဲ့ဒီရွာက။ (စစ်ကောင်စီ)သူတို့က အဲ့ဒီလမ်းကို သူတို့ ရိက္ခာတွေ ဘာတွေသယ်တယ်။ လူအင် အားတွေ ထပ်ဖြည့်တယ်။ အဲ့အပေါ်မှာ တခါတလေကျ ထိတွေ့မှုတွေ ဖြစ်တဲ့အခါကျတော့ အခုတော့ ဒီလမ်းဘေးတလျှောက်ရှိတဲ့ ရွာတွေအများကြီးကတော့ သူတို့ကတော့ မနေရဲကြဘူး။”

အခုလို မူသယ်မှာ စစ်တပ်ရဲ့လှုပ်ရှားမှုတွေ တိုးမလုပ်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သုံးဦး ဒဏ်ရာရခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“အဲ့ဒီရွာကမပြေးခင်မှာ ရွာထဲမှာ တခါ သူတို့ လက်နက်ကြီးနဲ့ထုတာ၊ အဲ့ဒီမှာ ပြည်သူသုံးဦးလောက် ဒဏ်ရာရတယ်။ အဲ့နောက်ပိုင်း အခုက အင်အားတွေ ထပ်တိုးတယ်။ ရိက္ခာတွေ ထပ်ဖြည့်နေတဲ့အခါကျတော့ အဲ့ဒီအရှေ့မှာ သူတို့က သွားနေတဲ့အခါကျတော့ ရွာသားတွေကတော့ မနေရဲကြဘူးလေး။ ပြေးကုန်ပြီ။”

အခုလို ဘေးလွတ်ရာ ပြေးနေကြရသူတွေဟာ ဆောင်းတွင်းကာလ အအေးဒဏ်နဲ့ စားရိက္ခာအခက်အခဲကြောင့် ဒုက္ခမျိုးစုံရင်ဆိုင်နေကြရပါတယ်။

“ဒီဆောင်းတွင်းမှာ အေးတဲ့ရာသီဆိုတော့ အခက်အခဲကအများကြီးရှိတယ်။ အခက်အခဲပေါင်းစုံပဲ။ အခုလည်း ဆောင်းတွင်းကာလမှာ အေးတဲ့ရာသီဆိုတော့လည်း သူတို့လည်း အခက်အခဲတွေ၊ ပြီးတော့ ဒေသခံပြောမယ်ဆိုရင် ဟို…တိုက်ပွဲကာလတလျှောက်လုံးမှာ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေလေ။ ဒီငြိမ်းချမ်းရေးကာလ အပစ်ရပ်စဲရေးကာလမှာပဲ နည်းနည်းလေး ပြန်ပြီးတော့ အခြေစိုက်ပြီးတော့ လုပ်ကိုင်စားသောက်နေတယ်။ အခုလည်း ပြောမယ်ဆိုရင် ဥယျာဉ်ခြံမြေမှာ အလုပ်သိမ်းတဲ့အချိန်ပေါ့။ ဆိုတော့ အဲ့မှာ အခြေအနေက မကောင်းတော့ သူတို့ထပ်ပြေးရတယ်ဆိုတော့ အခက်အခဲက အများကြီးရှိတာပေါ့။”

KNU တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ဒေသအပေါ် စစ်တပ်က ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဖြစ် နေချိန် တခြားကရင်ဒေသတွေမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှား၊ အင်းအားတိုးချဲ့ နေတာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ကရင်ဒေသမှာ အိုးအိမ်ပစ်ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် သောင်းဂဏန်းရှိနေပါတယ်။ ဆောင်တွင်းကာလ တောတောင်ထဲမှာ ပုန်းခိုနေကြရသူတွေဟာ အအေးဒဏ်အပြင် အခက်အခဲမျိုးစုံ ကြုံနေကြရပါတယ်။

#MyanmarViolence #MyanmarIDPs #VOABurmese

#ပဲခူးတိုင်း၊ညောင်လေးပင် #လေးကေ့ကော် #တပ်မဟာ၆ #ကေအဲန်ယူ #ကျောက်ကြီး #မူသယ် #မူတြော်ခရိုင် #လက်နက်ကြီး #ဗွီအိုအေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG