သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omicron မျိုးကွဲဗိုင်းရပ် မြန်မာနိုင်ငံမှာ စတင်တွေ့ရှိ 


Omicron notice
Omicron notice

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ပြည်ပကဝင်ရောက်လာသူ နိုင်ငံသားလေးဦးဆီမှာ Omicron ကိုဗစ်မျိုးကွဲ ဗိုင်းရပ် ဓါတ်ခွဲအတည်ပြု တွေ့ရှိထားတယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပါတယ်။

ပြည်ပက ပြန်လည်ရောက်ရှိလာသူတွေထဲက ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကိုဗစ်ရောဂါပိုးအတည်ပြု တွေ့ ထားတဲ့ ဓါတ်ခွဲနမူနာ ၃၀ ကို ရောဂါမျိုးရိုးဗီဇစစ်ဆေးရာမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရရှိတဲ့အဖြေအရ ယူအေအီး နိုင်ငံ ဒူဘိုင်းကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသားလေးဦးထံမှာ Omicron ကိုဗစ်မျိုးကွဲဗိုင်းရပ် တွေ့ရှိရပြီး ကျန်ဓါတ်ခွဲနမူနာ ၂၆ ခုကတော့ Delta မျိုးကွဲဗိုင်းရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Omicron မျိုးကွဲဗိုင်းရပ်တွေ့သူ လေးဦးမှာ တဦးပဲ သာမန်ရောဂါလက္ခဏာပြပြီး ကျန်သူတွေကတော့ ရောဂါလက္ခဏာ မတွေ့ရဘူးလို့ပြောပါတယ်။ လက်ရှိအားဖြင့်လည်း လေးဦးလုံးဟာ ကျန်းမာရေးကောင်းမွန်ပြီး ကုသရေးစင်တာက ဆင်းခွင့်ပေးထားတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ဓါတ်ခွဲစစ်ဆေးမှုတွေအရတော့ ပိုးတွေ့သူ ၁၈၇ ဦး၊ ရောဂါကြောင့် သေဆုံးသူ ၃ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက ကြေညာပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]







=========

XS
SM
MD
LG