သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ျမန္မာ ၂၄ ဦး ထိုင္း ဆန္ခလဘူရီခ႐ိုင္မွာဖမ္းဆီးခံရ


ထိုင္းႏုိင္ငံထဲကို အလုပ္လိုခ်င္လို႔ဝင္ေရာက္လာတဲ့ ျမန္မာမ်ားကို ထိုင္းျမန္မာနယ္စပ္မွာ ဖမ္းမိစဥ္။ (ယခင္ပံုေဟာင္း) (Photo- Thai Police)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ ဆန္ခလဘူရီ ခ႐ိုင္အတြင္း တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာ ၂၄ ေယာက္ကို တနလၤာေန႔ ညက ဖမ္းဆီးလိုက္တယ္လို႔ ရဲက ေျပာပါတယ္။

ေယာက္်ား ၁၇ ေယာက္နဲ႔ မိန္းမ ၇ ေယာက္တို႔ကို ည ၁၁ နာရီခြဲေလာက္မွာ လွည့္ကင္းက ေတြ႔ရွိခဲ့တာပါ။tambon Nong Lu နယ္မွာရွိတဲ့ ဘန္ေဆာင္ကာရီယ႐ြာအနားက ၿခဳံပုတ္ေတြထဲမွာ ပုန္းေအာင္းေနၾကတာ ကို ေတြ႔ခဲ့တာ ျဖစ္ပါတယ္။ အားလုံးဟာ ပဲခူးၿမိဳ႕နယ္ကျဖစ္ၾကၿပီး ဘန္ေကာက္မွာ အလုပ္ရဖို႔ ပြဲစားကို ဘတ္ ၂၀,၀၀၀ စီ ေပးခဲ့ၾကရတယ္လို႔ ရဲက ေျပာပါတယ္။ဘန္ေကာက္ကို ပို႔ေပးမွာကို ေစာင့္ေနၾကရင္း ခုလို အဖမ္းခံခဲ့ၾကရတာ ျဖစ္ပါတယ္။

ဆန္ခလဘူရီ ရဲဌာနမွာ ဥပေဒေၾကာင္းအရ ကိစၥေတြလုပ္ၿပီးတာနဲ႔ သူတို႔ကို ျမန္မာျပည္ ျပန္ပို႔မယ္လို႔ ရဲ က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အထောက်အထားမဲ့မြန်မာ ၂၄ဦး ထိုင်း ဆန်ခလဘူရီခရိုင်မှာဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆန်ခလဘူရီ ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၄ ယောက်ကို တနင်္လာနေ့ ညက ဖမ်းဆီးလိုက်တယ်လို့ ရဲက ပြောပါတယ်။

ယောက်ျား ၁၇ ယောက်နဲ့ မိန်းမ ၇ ယောက်တို့ကို ည ၁၁ နာရီခွဲလောက်မှာ လှည့်ကင်းက တွေ့ရှိခဲ့တာပါ။tambon Nong Lu နယ်မှာရှိတဲ့ ဘန်ဆောင်ကာရီယရွာအနားက ခြုံပုတ်တွေထဲမှာ ပုန်းအောင်းနေကြတာ ကို တွေ့ခဲ့တာ ဖြစ်ပါတယ်။ အားလုံးဟာ ပဲခူးမြို့နယ်ကဖြစ်ကြပြီး ဘန်ကောက်မှာ အလုပ်ရဖို့ ပွဲစားကို ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ကြရတယ်လို့ ရဲက ပြောပါတယ်။ဘန်ကောက်ကို ပို့ပေးမှာကို စောင့်နေကြရင်း ခုလို အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဆန်ခလဘူရီ ရဲဌာနမှာ ဥပဒေကြောင်းအရ ကိစ္စတွေလုပ်ပြီးတာနဲ့ သူတို့ကို မြန်မာပြည် ပြန်ပို့မယ်လို့ ရဲ က ပြောပါတယ်။

#MyanmarMigrants #MyanmarThailand #VOABurmese

#ဆန်ခလဘူရီ #အထောက်အထားမဲ့မြန်မာ #၂၄ဦး #ဗွီအိုအေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG