သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ဝန္ႀကီး Blinken ထိုင္း ခရီးစဥ္ ဖ်က္သိမ္း


မေလးရွားႏိုင္ငံကို ေရာက္လာသည့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken (Dec. 14, 2021)

--- [ Zawgyi ] ---

ကန္ဝန္ႀကီး Blinken ထိုင္း ခရီးစဥ္ ဖ်က္သိမ္း

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ သူ႔ရဲ႕ အေရွ႕ေတာင္အာရွ သုံးႏိုင္ငံခရီးစဥ္အတြင္း လိုက္ပါလာတဲ့ အေမရိကန္ စာနယ္ဇင္းအဖြဲ႕ဝင္တဦးမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရေၾကာင္း ေတြ႕ရွိခဲ့တဲ့အတြက္ မေလးရွားကေန ထိုင္းႏိုင္ငံကို သြားေရာက္မယ့္ အစီအစဥ္ကို ဗုဒၶဟူးေန႔က ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။

အေရွ႕ေတာင္အာရွေဒသနဲ႔ ဆက္ဆံေရးခိုင္မာဖို႔ အေမရိကန္ရဲ႕ ႀကိဳးပမ္းမႈ တစိတ္တပိုင္းျဖစ္တဲ့ Blinken ရဲ႕ခရီးစဥ္အတြင္း ထိုင္းႏိုင္ငံကို ၾကာသပေတးေန႔မွာ သြားေရာက္ဖို႔ စီစဥ္ထားတာပါ။ ဒါေပမယ့္လည္း စီစဥ္ထားတဲ့အတိုင္း လာေရာက္ႏိုင္ျခင္း မရွိေတာ့ေၾကာင္း Blinken ရဲ႕ ဆုံးျဖတ္ခ်က္ကို ဗုဒၶဟူးေန႔က ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai ကို အေၾကာင္းၾကားခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေျပာၾကားခဲ့ပါတယ္။

"ကိုဗစ္-၁၉ ျပန႔္ပြားမယ့္ အႏၲရာယ္ကို ေလ်ာ့ပါး သက္သာေစဖို႔နဲ႔ သူနဲ႔အတူ လိုက္ပါလာတဲ့ ခရီးသြားတဖြဲ႕လုံးရဲ႕ က်န္းမားေရး၊ ေဘးကင္းဖို႔ကို ဦးစားေပးလုပ္ေဆာင္ဖို႔ အျပင္ အျခားသူေတြနဲ႔ ထိေတြ႕မယ့္ အေျခအေနမ်ိဳးကေန ကာကြယ္တဲ့ အေနနဲ႔ ဝါရွင္တန္ကိုပဲ ျပန္သြားဖို႔ သတိႀကီးစြာနဲ႔ ဆုံးျဖတ္ခဲ့ေၾကာင္း" ကို ႏိုင္ငံျခားေရးဝန္ႀကီး Blinken ကရွင္းျပခဲ့တယ္လို႔ Price ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးကိုလည္း အေမရိကန္ျပည္ေထာင္စုကို ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ အခြင့္အလမ္းရတာနဲ႔ အေစာဆုံး လာေရာက္ဖို႔ Blinken က ဖိတ္ၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ဗုဒၶဟူးေန႔ကေတာ့ မေလးရွားႏိုင္ငံကို ေရာက္ရွိေနတဲ့ Blinken ဟာ အေရွ႕ေတာင္ရွဆိုင္ရာ လူငယ္ေခါင္းေဆာင္မ်ား ဦးေဆာင္မႈအစီအစဥ္က မေလးရွားလူငယ္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး ၊ ကမ႓ာမွာ အႀကီးမားဆံုး စိန္ေခၚမႈျဖစ္ေနတဲ့ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ လႈပ္ရွားမႈမွာ လူငယ္ေတြရဲ႕ အခန္းက႑ကို အားေပးခဲ့သလို အေမရိကန္အေနနဲ႔ ဘယ္ေလာက္အထိ အေလးထားေဆာင္႐ြက္ေနသလဲဆိုတာ အခုလို ရွင္းျပခဲ့ပါတယ္။

"ကမ႓ာ့ ဖန္လံုအိမ္ဓါတ္ေငြ႔ထုတ္လႊင့္မႈမွာ အေမရိကန္က ၁၅%ရွိပါတယ္။ ကိုယ့္ရဲ႕ ႏိုင္ငံအတြင္း မွန္မွန္ကန္ကန္လုပ္ရင္ေတာင္ တျခားေနရာက ထုတ္လႊင့္ေနတဲ့ ဖန္လံုအိမ္ဓါတ္ေငြ႕က ၈၅% ရွိေနတာပါ။ ဒါေၾကာင့္ ဖန္လံုအိမ္ဓါတ္ေငြ႔ ေလွ်႕ာခ်ေရး ေသခ်ာေအာင္ အျခားႏိုင္ငံေတြနဲ႔ အေမရိကန္ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္။"

အင္ဒိုနီးရွားႏိုင္ငံခရီးစဥ္အၿပီး မေလးရွားႏိုင္ငံကို သြားေရာက္တဲ့ ခရီးစဥ္အတြင္း ၀န္ႀကီး Blinken ဟာ မေလးရွား၀န္ႀကီးခ်ဳပ္ Dato' Sri Ismail Sabri bin Yaakob နဲ႔ ေတြ႕ဆံုခဲ့ပါတယ္။

ကန္ဝန္ႀကီး Blinken ထိုင္းခရီးစဥ္ ဖ်က္သိမ္း
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္


--- { Unicode } ---

ကန်ဝန်ကြီး Blinken ထိုင်း ခရီးစဉ် ဖျက်သိမ်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သူ့ရဲ့ အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း လိုက်ပါလာတဲ့ အမေရိကန် စာနယ်ဇင်းအဖွဲ့ဝင်တဦးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တဲ့အတွက် မလေးရှားကနေ ထိုင်းနိုင်ငံကို သွားရောက်မယ့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ရွှေ့ဆိုင်းခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသနဲ့ ဆက်ဆံရေးခိုင်မာဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်တဲ့ Blinken ရဲ့ခရီးစဉ်အတွင်း ထိုင်းနိုင်ငံကို ကြာသပတေးနေ့မှာ သွားရောက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့်လည်း စီစဉ်ထားတဲ့အတိုင်း လာရောက်နိုင်ခြင်း မရှိတော့ကြောင်း Blinken ရဲ့ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကို အကြောင်းကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောကြားခဲ့ပါတယ်။

"ကိုဗစ်-၁၉ ပြန့်ပွားမယ့် အန္တရာယ်ကို လျော့ပါး သက်သာစေဖို့နဲ့ သူနဲ့အတူ လိုက်ပါလာတဲ့ ခရီးသွားတဖွဲ့လုံးရဲ့ ကျန်းမားရေး၊ ဘေးကင်းဖို့ကို ဦးစားပေးလုပ်ဆောင်ဖို့ အပြင် အခြားသူတွေနဲ့ ထိတွေ့မယ့် အခြေအနေမျိုးကနေ ကာကွယ်တဲ့ အနေနဲ့ ဝါရှင်တန်ကိုပဲ ပြန်သွားဖို့ သတိကြီးစွာနဲ့ ဆုံးဖြတ်ခဲ့ကြောင်း" ကို နိုင်ငံခြားရေးဝန်ကြီး Blinken ကရှင်းပြခဲ့တယ်လို့ Price ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလည်း အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် အခွင့်အလမ်းရတာနဲ့ အစောဆုံး လာရောက်ဖို့ Blinken က ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ Blinken ဟာ အရှေ့တောင်ရှဆိုင်ရာ လူငယ်ခေါင်းဆောင်များ ဦးဆောင်မှုအစီအစဉ်က မလေးရှားလူငယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ၊ ကမ္ဘာမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အားပေးခဲ့သလို အမေရိကန်အနေနဲ့ ဘယ်လောက်အထိ အလေးထားဆောင်ရွက်နေသလဲဆိုတာ အခုလို ရှင်းပြခဲ့ပါတယ်။

"ကမ္ဘာ့ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုမှာ အမေရိကန်က ၁၅%ရှိပါတယ်။ ကိုယ့်ရဲ့ နိုင်ငံအတွင်း မှန်မှန်ကန်ကန်လုပ်ရင်တောင် တခြားနေရာက ထုတ်လွှင့်နေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့က ၈၅% ရှိနေတာပါ။ ဒါကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့ လျှေ့ာချရေး သေချာအောင် အခြားနိုင်ငံတွေနဲ့ အမေရိကန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အပြီး မလေးရှားနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဝန်ကြီး Blinken ဟာ မလေးရှားဝန်ကြီးချုပ် Dato' Sri Ismail Sabri bin Yaakob နဲ့ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG