သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ဘော်လကန်ဒေသနိုင်ငံတွေ စစ်လက်နက်တင်ပို့ဖို့ အမေရိကန်ခွင့်ပြု


ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov. (ဇန်နဝါရီ ၂၁၊ ၂၀၂၂)
ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov. (ဇန်နဝါရီ ၂၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနဲ့ အိမ်နီးချင်း ရုရှားနိုင်ငံကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ ယူကရိန်းကို အမေရိကန်လုပ် လေယာဉ်ပစ်နဲ့ တင့်ကားဖျက် မစ်ဇိုင်းလက်နက်တွေ ပို့ပေးဖို့ ဘော်လကန်ဒေသက နိုင်ငံတွေဖြစ်တဲ့ Estonia, Latvia နဲ့ Lithuania နိုင်ငံတွေကို ခွင့်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စနေနေ့မှာ ပြောပါတယ်။

NATO စစ်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဒီနိုင်ငံတွေကနေ ယူကရိန်းစစ်အင်အား ပိုခိုင်မာစေဖို့နဲ့ ရုရှား ကျူးကျော်လာရင် ခုခံဖို့ ကာကွယ်ရေးပစ္စည်းတွေ ပို့ပေးဖို့ ခွင့်ပြုကြောင်း ဝန်ကြီး Blinken က တွစ်တာမှာ ရေးသားခဲ့တာပါ။ ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှားတို့ကြား တိုးတက်မှု အနည်းငယ်ရခဲ့တဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးမှုအပြီး နောက်တနေ့မှာ ဝန်ကြီး Blinken က ကြေညာခဲ့ပြီးနောက် စစ်လက်နက်တွေ ယူကရိန်းကို ရောက်ရှိလာခဲ့ပါတယ်။

ယူကရိန်းမှာရှိတဲ့ အမေရိကန်သံရုံး ဝန်ထမ်းတွေထဲက မရှိမဖြစ် လိုအပ်သူတွေကလွဲလို့ ကျန်တဲ့သူတွေနဲ့ မိသားစုဝင်တွေကို ပြန်ခွင့်ပြုဖို့ နိုင်ငံခြားရေးဌာနကို ပန်ကြားခဲ့ကြောင်း အမေရိကန် ရုပ်သံဌာနကြီးတွေဖြစ်တဲ့ CNN နဲ့ Fox သတင်းဌာနတွေက စနေနေ့မှာ ပြောပါတယ်။

နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူ တဦးကတော့ ဒါနဲ့ပတ်သက်ပြီး ခုထိ အမိန့်တစုံတရာ မထုတ်ပြန်သေးကြောင်း ကိုဗစ်နဲ့ပတ်သက်ပြီး ခရီးသွားအကြံပေးချက် အဆင့် ၄ ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနဲ့ ယူကရိန်းကို ရုရှားက တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် သတိထားကြဖို့ အကြံပေးထားသလို လေယာဉ်ခရီးစဉ်တွေ ရှိနေဆဲဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

ဝန်ကြီး Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ဟာ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲကနေ သိသာတဲ့တိုးတက်မှု မတွေ့ရပေမယ့် ဝန်ကြီး Lavrov ကတော့ ဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး အသုံးဝင်ကြောင်း ပြောခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG