ယူကရိန္းအေရး ျပတ္ျပတ္သားသားဆံုးျဖတ္ရမယ္ အခိ်န္ေရာက္ၿပီ (ကန္ဝန္ႀကီး Blinken)
{{Zawgyi/Unicode}}
ယူကရိန္းအေရး ေျဖရွင္းရာမွာ ျပတ္ျပတ္သားသား ဆုံးျဖတ္ရမယ့္ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က သတိေပးလုိက္ပါတယ္။ ယူကရိန္းနယ္စပ္ကုိ ႐ုရွားက တပ္အင္အား ၁ သိန္းေလာက္ တုိးျမႇင့္ထားတာေၾကာင့္ ႐ုရွားနဲ႔ အေနာက္ႏုိင္ငံေတြၾကား တင္းမာမႈေတြ ႀကီးထြားလာေနခ်ိန္မွာပဲ သတိေပးေျပာၾကားလုိက္တာပါ။
“၂ ႏုိင္ငံ ပဋိပကၡထက္ ပုိႀကီးမားပါတယ္။ ႐ုရွားနဲ႔ ေနတိုးမဟာမိတ္အဖဲြ႔ၾကား ပဋိပကၡထက္လည္း ႀကီးမားပါတယ္။ ကမာၻတဝွမ္း အက်ဳိးဆက္ေတြႀကံဳရမယ့္ အက်ပ္အတည္းပါ။ ဒါေၾကာင့္လည္း ကမာၻတ၀ွမ္းက အာ႐ုံစုိက္မႈေတြနဲ႔ အေရးယူေဆာင္ရြက္မႈေတြ လုိအပ္ပါတယ္။” လုိ႔ ဂ်ာမနီႏုိင္ငံ ဘာလင္ၿမိဳ႕မွာ ၾကာသပေတးေန႔က ဝန္ႀကီးဘလင္ကန္ ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။
႐ုရွားတပ္ေတြ ယူကရိန္းႏုိင္ငံထဲ က်ဳးေက်ာ္ဝင္ေရာက္လာခဲ့ရင္ အေမရိကန္နဲ႔ မဟာမိတ္ေတြရဲ႕ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြနဲ႔ ရင္ဆုိင္ရလိမ့္မယ္လုိ႔လည္း ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ သံတမန္ေရးနည္းလမ္းနဲ႔ ေျဖရွင္းဖုိ႔ ႐ုရွားသမၼတ Vladimir Putin အေနနဲ႔ အခြင့္အလန္းေတြ ရွိေနဆဲျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ ေဆြးေႏြးညႇိႏႈိင္းမႈေတြ၊ သံတမန္ေရး နည္းလမ္းေတြကုိ သုံးမလား၊ ထိပ္တုိက္ရင္ဆုိင္တဲ့နည္းကုိ သုံးမလားဆုိတာ ႐ုရွားအေနနဲ႔ ေရြးခ်ယ္ရမွာ ျဖစ္ေၾကာင္းလည္း ဂ်ာမန္ႏုိင္ငံျခားေရး၀န္ႀကီး Annalena Baerbock နဲ႔ ေတြ႔ဆုံအၿပီး အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာဆုိခဲ့တာပါ။
ယူကရိန္းအေရး တင္းမာမႈေတြနဲ႔ ပတ္သက္လုိ႔ အေမရိကန္နဲ႔ ႐ုရွားတာ၀န္ရွိသူေတြ တုိက္႐ုိက္ေဆြးေႏြးေနရာမွာ သီတင္းတပတ္အတြင္း ၄ ႀကိမ္ေျမာက္အျဖစ္ ေသာၾကာေန႔က်ရင္ ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕မွာ ၀န္ႀကီးဘလင္ကန္ဟာ ႐ုရွားႏုိင္ငံျခားေရး၀န္ႀကီး Sergey Lavrov နဲ႔ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။
ယူကရိန္းနယ္စပ္ကေန တပ္ေတြ ျပန္႐ုပ္သိမ္းဖုိ႔ အေမရိကန္နဲ႔ မဟာမိတ္ေတြက ေတာင္းဆုိေနတဲ့ တခ်ိန္တည္းမွာပဲ ႐ုရွားကေတာ့ ယူကရိန္းကုိ ေနတုိးမဟာမိတ္အဖဲြ႔မွာ လက္မခံဖုိ႔နဲ႔ အေရွ႕ဥေရာပမွာ မဟာမိတ္အဖဲြ႔ တုိးခ်ဲ႕တာေတြ မလုပ္ဖုိ႔ ေတာင္းဆုိထားတာ ျဖစ္ပါတယ္။
........................................
ယူကရိန်းအရေး ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ် အချိန်ရောက်ပြီ (ကန်ဝန်ကြီး Blinken)
{{Zawgyi/Unicode}}
ယူကရိန်းအရေး ဖြေရှင်းရာမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်တန်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးလိုက်ပါတယ်။ ယူကရိန်းနယ်စပ်ကို ရုရှားက တပ်အင်အား ၁ သိန်းလောက် တိုးမြှင့်ထားတာကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ သတိပေးပြောကြားလိုက်တာပါ။
“၂ နိုင်ငံ ပဋိပက္ခထက် ပိုကြီးမားပါတယ်။ ရုရှားနဲ့ နေတိုးမဟာမိတ်အဖွဲ့ကြား ပဋိပက္ခထက်လည်း ကြီးမားပါတယ်။ ကမ္ဘာတဝှမ်း အကျိုးဆက်တွေကြုံရမယ့် အကျပ်အတည်းပါ။ ဒါကြောင့်လည်း ကမ္ဘာတဝှမ်းက အာရုံစိုက်မှုတွေနဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။” လို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကြာသပတေးနေ့က ဝန်ကြီးဘလင်ကန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ ကျုးကျော်ဝင်ရောက်လာခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရုရှားသမ္မတ Vladimir Putin အနေနဲ့ အခွင့်အလန်းတွေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဆွေးနွေးညှိနှိုင်းမှုတွေ၊ သံတမန်ရေး နည်းလမ်းတွေကို သုံးမလား၊ ထိပ်တိုက်ရင်ဆိုင်တဲ့နည်းကို သုံးမလားဆိုတာ ရုရှားအနေနဲ့ ရွေးချယ်ရမှာ ဖြစ်ကြောင်းလည်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နဲ့ တွေ့ဆုံအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ယူကရိန်းအရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေ တိုက်ရိုက်ဆွေးနွေးနေရာမှာ သီတင်းတပတ်အတွင်း ၄ ကြိမ်မြောက်အဖြစ် သောကြာနေ့ကျရင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဝန်ကြီးဘလင်ကန်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်ကနေ တပ်တွေ ပြန်ရုပ်သိမ်းဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ ရုရှားကတော့ ယူကရိန်းကို နေတိုးမဟာမိတ်အဖွဲ့မှာ လက်မခံဖို့နဲ့ အရှေ့ဥရောပမှာ မဟာမိတ်အဖွဲ့ တိုးချဲ့တာတွေ မလုပ်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။