သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းလုံၿခဳံေရး ကန္အကူအညီမ်ား စတင္ေရာက္ရွိ


ယူကရိန္းႏုိင္ငံ Donetsk ခ႐ုိင္ Mariupol ၿမိဳ႕မွာ လုံၿခဳံေရးယူေနတဲ့ ယူကရိန္းစစ္သည္အခ်ဳိ႕။ (ဇန္နဝါရီ ၂၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္္ငံအတြက္ အေမရိကန္္ျပည္ေထာင္စုက ကူညီတဲ့ ေဒၚလာသန္း ၂၀၀ ဖိုး လုံုၿခံဳေရးဆိုင္ရာ ပစၥည္းေတြထဲက ပထမအသုတ္ Kyiv ၿမိဳ႕ေတာ္မွာ ေရာက္လာၿပီလို႔ ယူကရိန္းႏုိ္င္ငံဆိုင္ရာ အေမရိကန္သံ႐ံုးက ဒီကေန႔ေျပာပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုုရွားတပ္ဖြဲ႔ဝင္ သိန္းနဲ႔ခ်ီခ်ထားၿပီး ယူကရိန္းကို က်ဴးေက်ာ္ တုိက္ခိုက္ေတာ့မယ္ဆုိတဲ့ စိုးရိမ္္ခ်က္ေတြ ထြက္ေနခ်ိန္္မွာပဲ ယူကရိ္န္းအတြက္ အေမရိကန္ အကူအညီေတြ စေရာက္လာတာပါ။ ႐ုရွားကေတာ့ က်ဴးေက်ာ္တိုက္ခိုက္ဖုိ႔ အစီအစဥ္ မရွိဘူးလို႔ ေျပာထားပါတယ္။

အေမရိကန္ ႏုိ္င္ငံေရးပါတီႀကီး ႏွစ္ရပ္လံုးက လႊတ္ေတာ္အမတ္ေတြ ပါဝင္တဲ့ အစုတစုကလည္း ယူကရိန္းအတြက္ စစ္လက္နက္ပစၥည္းေတြ ေပးမယ္လုိ႔ ကတိျပဳထားပါတယ္။ အဲဒီထဲမွာ ဒံုးက်ည္ေတြ၊ လက္နက္ငယ္ေတြနဲ႔ ေမာ္ေတာ္ဘုတ္ေတြ ပါဝင္ပါတယ္။

ၿဗိတိန္ႏုိင္ငံကလည္း ယူကရိန္းကို တင့္ကားဖ်က္လက္နက္ေတြ စၿပီး ေပးပို႔ေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ာမနီႏုိင္ငံကေတာ့ လက္နက္ခဲယမ္း ကူညီမွာမဟုတ္ဘူးလုိ႔ ဂ်ာမန္ကာကြယ္ေရးဝန္ႀကီး Christine Lambrecht က ေတြ႔ဆံုေမးျမန္းခန္းတခုမွာ ေျပာထားပါတယ္။ အျပည့္အစံုပါဝင္တဲ့ ေဆး႐ံုတခုနဲ႔ လိုအပ္တဲ့ ေလ့က်င့္မႈေတြ ေဖေဖာ္ဝါရီလမွာ ယူကရိန္းကို ေပးမွာျဖစ္ၿပီး ေဒၚလာ ၆ သန္းေက်ာ္ အကုန္အက်ခံမွာ ျဖစ္ၿပီးေတာ့ အားလံုးကုိ ဂ်ာမနီက က်ခံမွာျဖစ္တယ္လုိ႔ ဂ်ာမန္ ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ယူကရိန်းလုံခြုံရေး ကန်အကူအညီများ စတင်ရောက်ရှိ

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုက ကူညီတဲ့ ဒေါ်လာသန်း ၂၀၀ ဖိုး လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေထဲက ပထမအသုတ် Kyiv မြို့တော်မှာ ရောက်လာပြီလို့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့ဝင် သိန်းနဲ့ချီချထားပြီး ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တော့မယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်နေချိန်မှာပဲ ယူကရိန်းအတွက် အမေရိကန် အကူအညီတွေ စရောက်လာတာပါ။ ရုရှားကတော့ ကျူးကျော်တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောထားပါတယ်။

အမေရိကန် နိုင်ငံရေးပါတီကြီး နှစ်ရပ်လုံးက လွှတ်တော်အမတ်တွေ ပါဝင်တဲ့ အစုတစုကလည်း ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ပေးမယ်လို့ ကတိပြုထားပါတယ်။ အဲဒီထဲမှာ ဒုံးကျည်တွေ၊ လက်နက်ငယ်တွေနဲ့ မော်တော်ဘုတ်တွေ ပါဝင်ပါတယ်။

ဗြိတိန်နိုင်ငံကလည်း ယူကရိန်းကို တင့်ကားဖျက်လက်နက်တွေ စပြီး ပေးပို့နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီနိုင်ငံကတော့ လက်နက်ခဲယမ်း ကူညီမှာမဟုတ်ဘူးလို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး Christine Lambrecht က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောထားပါတယ်။ အပြည့်အစုံပါဝင်တဲ့ ဆေးရုံတခုနဲ့ လိုအပ်တဲ့ လေ့ကျင့်မှုတွေ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ပေးမှာဖြစ်ပြီး ဒေါ်လာ ၆ သန်းကျော် အကုန်အကျခံမှာ ဖြစ်ပြီးတော့ အားလုံးကို ဂျာမနီက ကျခံမှာဖြစ်တယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

XS
SM
MD
LG