(Zawgyi / Unicode)
ယူကရိန္း အစိုးရဌာနေတြရဲ႕ ကြန္ပ်ဴတာစနစ္ေတြ ဖ်က္ဆီး အတိုက္အခိုက္ ခံေနရတယ္လို႔ မိုက္ခ႐ိုေဆာ့ဖ္ ကုမၸဏီႀကီးက ေျပာပါတယ္။ ဒါေပမယ့္ ဌာန အေရအတြက္ကိုေတာ့ အတိအက် မေျပာပါဘူး။
အဂၤလိပ္လို malware လို႔ေခၚတဲ့ ဖ်က္ဆီးေရး ေဆာ့ဖ္ဝဲကို ၾကာသပေတးေန႔မွာ စေတြ႔ခဲ့တယ္လို႔ မိုက္ခ႐ိုေဆာ့ဖ္ ကုမၸဏီက သူ႔ရဲ႕ဘေလာ့ဂ္မွာ ေျပာပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ အဲဒီအခ်ိန္မွာပဲ ယူကရိန္းအစိုးရရဲ႕ website ေခၚ အင္တာနက္ စာမ်က္ႏွာေပါင္း ၇၀ ေက်ာ္ဟာလည္း အင္တာနက္နဲ႔ ျပတ္ေတာက္သြားၾကပါတယ္။
ခုလို တိုက္ခိုက္ခံရတာကို ယူကရိန္းအစိုးရရဲ႕ ထိပ္တန္း တာဝန္ရွိသူတဦးက စေနေန႔ အေစာပိုင္းမွာ ထုတ္ေဖာ္ေျပာၾကားပါတယ္။ အဲဒီ ဖ်က္ဆီးေရးေဆာ့ဖ္ဝဲဟာ ႐ုရွား ေထာက္လွမ္းေရးက အသုံးျပဳခဲ့တဲ့ ဖ်က္ဆီးေရး ေဆာ့ဖ္ဝဲနဲ႔ အလားတူျဖစ္တယ္လို႔ အမ်ိဳးသား လုံၿခဳံေရးနဲ႔ ကာကြယ္ေရးေကာင္စီရဲ႕ ဒုတိယအတြင္းဝန္ Serhiy Demedyuk က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။
ယူကရိန္း အစိုးရဌာနေတြကို ေဆာ့ဖ္ဝဲေရးေပးၾကတဲ့ ကုမၸဏီေတြကတဆင့္ အဲဒီ ဖ်က္ဆီးေရးေဆာ့ဖ္ဝဲကို တိုက္ခိုက္သူေတြက ထည့္ေပးလိုက္တာ ျဖစ္ပါတယ္။ တကယ္လို႔ အဲဒီ ဖ်က္ဆီးေရးေဆာ့ဖ္ဝဲကို ထည့္လိုက္သူက အသက္သြင္းလိုက္တာနဲ႔ ကြန္ပ်ဴတာစနစ္ေတြ အလုပ္လုပ္လို႔ မရေတာ့ဘဲ ရပ္သြားၾကမွာပါ။ ဒီလို တိုက္ခိုက္ပုံမ်ိဳးနဲ႔ပဲ ၂၀၀၀ ခုႏွစ္မွာ အေမရိကန္ အစိုးရကို တိုက္ခိုက္ခဲ့ဖူးပါတယ္။
၂၀၁၄ မွာ တႏိုင္ငံလုံး ေရြးေကာက္ပြဲ၊ ၂၀၁၅ နဲ႔ ၂၀၁၆ ေဆာင္းေတြမွာ လွ်ပ္စစ္ ပင္မဓာတ္အား ျဖန႔္ျဖဴးေရးလိုင္းေတြကို ယူကရိန္းက အတိုက္အခိုက္ ခံခဲ့ရဖူးပါတယ္။
----------------------
(Unicode)
ယူကရိန်းအစိုးရ ကွန်ပျူတာစနစ်များ ဖျက်ဆီးတိုက်ခိုက်ခံရ
ယူကရိန်း အစိုးရဌာနတွေရဲ့ ကွန်ပျူတာစနစ်တွေ ဖျက်ဆီး အတိုက်အခိုက် ခံနေရတယ်လို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးက ပြောပါတယ်။ ဒါပေမယ့် ဌာန အရေအတွက်ကိုတော့ အတိအကျ မပြောပါဘူး။
အင်္ဂလိပ်လို malware လို့ခေါ်တဲ့ ဖျက်ဆီးရေး ဆော့ဖ်ဝဲကို ကြာသပတေးနေ့မှာ စတွေ့ခဲ့တယ်လို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက သူ့ရဲ့ဘလော့ဂ်မှာ ပြောပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ ယူကရိန်းအစိုးရရဲ့ website ခေါ် အင်တာနက် စာမျက်နှာပေါင်း ၇၀ ကျော်ဟာလည်း အင်တာနက်နဲ့ ပြတ်တောက်သွားကြပါတယ်။
ခုလို တိုက်ခိုက်ခံရတာကို ယူကရိန်းအစိုးရရဲ့ ထိပ်တန်း တာဝန်ရှိသူတဦးက စနေနေ့ အစောပိုင်းမှာ ထုတ်ဖော်ပြောကြားပါတယ်။ အဲဒီ ဖျက်ဆီးရေးဆော့ဖ်ဝဲဟာ ရုရှား ထောက်လှမ်းရေးက အသုံးပြုခဲ့တဲ့ ဖျက်ဆီးရေး ဆော့ဖ်ဝဲနဲ့ အလားတူဖြစ်တယ်လို့ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီရဲ့ ဒုတိယအတွင်းဝန် Serhiy Demedyuk က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယူကရိန်း အစိုးရဌာနတွေကို ဆော့ဖ်ဝဲရေးပေးကြတဲ့ ကုမ္ပဏီတွေကတဆင့် အဲဒီ ဖျက်ဆီးရေးဆော့ဖ်ဝဲကို တိုက်ခိုက်သူတွေက ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ ဖျက်ဆီးရေးဆော့ဖ်ဝဲကို ထည့်လိုက်သူက အသက်သွင်းလိုက်တာနဲ့ ကွန်ပျူတာစနစ်တွေ အလုပ်လုပ်လို့ မရတော့ဘဲ ရပ်သွားကြမှာပါ။ ဒီလို တိုက်ခိုက်ပုံမျိုးနဲ့ပဲ ၂၀၀၀ ခုနှစ်မှာ အမေရိကန် အစိုးရကို တိုက်ခိုက်ခဲ့ဖူးပါတယ်။
၂၀၁၄ မှာ တနိုင်ငံလုံး ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၁၆ ဆောင်းတွေမှာ လျှပ်စစ် ပင်မဓာတ်အား ဖြန့်ဖြူးရေးလိုင်းတွေကို ယူကရိန်းက အတိုက်အခိုက် ခံခဲ့ရဖူးပါတယ်။