သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း အစိုးရဌာနေတြ ဆိုက္ဘာတိုက္ခိုက္ခံရ


cyber attack Ukraine

ယူကရိန္း အစိုးရဌာနေတြ ဆိုက္ဘာတိုက္ခိုက္ခံရ

{{Zawgyi/Unicode}}

ယူကရိန္းမွာ ကြန္ျပဴတာ ဆိုက္ဘာတိုက္ခိုက္မႈ ခံခဲ့ရတဲ့အတြက္ အစိုးရဌာနအမ်ားအျပားရဲ႕ လုပ္ငန္းေတြ ထိခိုက္ခဲ့ရတာနဲ႔ ပတ္သက္ၿပီး ယူကရိန္းကို အကူအညီေတြ ေပးဖို႔ အေမရိကန္အစိုးရက ကမ္းလွမ္းလိုက္တယ္လို႔ သမၼတအိမ္ျဖဴက ေသာၾကာေန႔မွာ ေျပာပါတယ္။

ယူကရိန္းအစိုးရရဲ႕ ဝက္ဘ္ဆိုဒ္စာမ်က္ႏွာ ၁၅ ခုေလာက္ ပိတ္ပစ္ခဲ့ရတဲ့ ဆိုက္ဘာတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး သမၼတဂ်ိဳးဘိုင္ဒန္ကို တင္ျပခဲ့တယ္လို႔ အေမရိကန္ အမ်ဳိးသားလုံျခံဳေရးေကာင္စီ ေျပာခြင့္ရက VOA ကို ေျပာပါတယ္။ ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ထိခိုက္မႈ ဘယ္ေလာက္ရွိတယ္ ဆိုတာကို ဆက္လက္ဆန္းစစ္ေနခ်ိန္မွာ လိုအပ္တဲ့အကူညီေတြကိုေပးဖို႔ ယူကရိန္းကို ကမ္းလွမ္းခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ခဲ့ရတဲ့ ဌာနေတြထဲမွာ ဘ႑ာေရးဌာန၊ အမ်ိဳးသားအေရးေပၚ ဝန္ေဆာင္မႈ နဲ႔ ယူကရိန္းႏိုင္ငံရဲ႕ e passport နဲ႔ ကိုဗစ္ကာကြယ္ေရး ထိုးၿပီးေၾကာင္း မွတ္တမ္းေတြ သိမ္းထားတဲ့ အစိုးရဝန္ေဆာင္မႈ ဌာနေတြပါ ပါဝင္တယ္လို႔ ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေသာၾကာေန႔မွာ ေျပာပါတယ္။

ယူကရိန္းႏိုင္ငံသားေတြရဲ႕ကိုယ္ေရး အခ်က္လက္ေတြ အင္တာနက္မွာ ပ်ံ႕ႏွံ႔ေနၿပီလို႔ ယူကရိန္း၊ ႐ုရွားနဲ႔ ပိုလန္ႏိုင္ငံသား ဟက္ကာေတြက ေျပာေနေပမဲ့ ယူကရိန္းအစိုးရ ဆက္သြယ္ေရးဝန္ေဆာင္မႈနဲ႔ အခ်က္လက္ကာကြယ္ေရး ဌာနကေတာ့ မဟုတ္မွန္ေၾကာင္း AP သတင္းဌာနကို ေျပာပါတယ္။

ဟက္ကာေတြ အေနနဲ႔ ယူကရိန္းအစိုးရရဲ႕ အေရးပါတဲ့ လုပ္ငန္းေတြကိုထိခိုက္ေအာင္ လုပ္ဖို႔ ၾကံရြယ္တဲ့ သူတို႔ရဲ႕ ရည္မွန္းခ်က္အတိုင္း မျဖစ္ခဲ့ဘူးလို႔ ယူကရိန္း အမ်ိဳးသား ကာကြယ္ေရးနဲ႔ လံုျခံဳေရးေကာင္စီ ဝန္ႀကီး Oleksiy Danilov က VOA ကို ေျပာပါတယ္။ည ၂ နာရီေလာက္မွာ ဆိုက္ဘာ တိုက္ခိုက္ခံခဲ့ရၿပီးေနာက္ပိုင္း အစိုးရဝက္ဘ္ဆိုဒ္ အမ်ားအျပားကို ခ်က္ျခင္းဆိုသလို ျပန္ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ လည္း ေျပာပါတယ္။

ဆိုက္ဘာ တိုက္ခိုက္မႈအတြက္ အီးယူ ဥေရာပသမဂၢတာဝန္ရွိသူေတြက ရႈတ္ခ်လိုက္ၿပီး အကူညီေတြ ေပးမွာျဖစ္ေၾကာင္း ေသာၾကာေန႔မွာပဲ ေျပာပါတယ္။

.........................................

ယူကရိန္း အစိုးရဌာနေတြ ဆိုက္ဘာတိုက္ခိုက္ခံရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္


ယူကရိန်း အစိုးရဌာနတွေ ဆိုက်ဘာတိုက်ခိုက်ခံရ

{{Unicode}}

ယူကရိန်းမှာ ကွန်ပြူတာ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွက် အစိုးရဌာနအများအပြားရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ယူကရိန်းကို အကူအညီတွေ ပေးဖို့ အမေရိကန်အစိုးရက ကမ်းလှမ်းလိုက်တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။

ယူကရိန်းအစိုးရရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာ ၁၅ ခုလောက် ပိတ်ပစ်ခဲ့ရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်ကို တင်ပြခဲ့တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက VOA ကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်မှု ဘယ်လောက်ရှိတယ် ဆိုတာကို ဆက်လက်ဆန်းစစ်နေချိန်မှာ လိုအပ်တဲ့အကူညီတွေကိုပေးဖို့ ယူကရိန်းကို ကမ်းလှမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ ဌာနတွေထဲမှာ ဘဏ္ဍာရေးဌာန၊ အမျိုးသားအရေးပေါ် ဝန်ဆောင်မှု နဲ့ ယူကရိန်းနိုင်ငံရဲ့ e passport နဲ့ ကိုဗစ်ကာကွယ်ရေး ထိုးပြီးကြောင်း မှတ်တမ်းတွေ သိမ်းထားတဲ့ အစိုးရဝန်ဆောင်မှု ဌာနတွေပါ ပါဝင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေရဲ့ကိုယ်ရေး အချက်လက်တွေ အင်တာနက်မှာ ပျံ့နှံ့နေပြီလို့ ယူကရိန်း၊ ရုရှားနဲ့ ပိုလန်နိုင်ငံသား ဟက်ကာတွေက ပြောနေပေမဲ့ ယူကရိန်းအစိုးရ ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ အချက်လက်ကာကွယ်ရေး ဌာနကတော့ မဟုတ်မှန်ကြောင်း AP သတင်းဌာနကို ပြောပါတယ်။

ဟက်ကာတွေ အနေနဲ့ ယူကရိန်းအစိုးရရဲ့ အရေးပါတဲ့ လုပ်ငန်းတွေကို ထိခိုက်အောင် လုပ်ဖို့ ကြံရွယ်တဲ့ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း မဖြစ်ခဲ့ဘူးလို့ ယူကရိန်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဝန်ကြီး Oleksiy Danilov က VOA ကို ပြောပါတယ်။ ည ၂ နာရီလောက်မှာ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အစိုးရဝက်ဘ်ဆိုဒ် အများအပြားကို ချက်ခြင်းဆိုသလို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ လည်း ပြောပါတယ်။

ဆိုက်ဘာ တိုက်ခိုက်မှုအတွက် အီးယူ ဥရောပသမဂ္ဂတာဝန်ရှိသူတွေက ရှုတ်ချလိုက်ပြီး အကူညီတွေ ပေးမှာဖြစ်ကြောင်း သောကြာနေ့မှာပဲ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG