သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္ ကန္အေရွ႕ျခမ္းပို႔လႊတ္တဲ့ ေလာင္စာပိုက္လိုင္း ရပ္ဆိုင္းထား


ေလာင္စာဆီ အဓိတင္ပုိ႔ေနတဲ့ Colonial Pipeline ကုမၸဏီ။ (ေမ ၀၉၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ အေရွ႕ဘက္ျခမ္းျပည္နယ္ေတြကို ေလာင္စာဆီ အဓိတင္ပုိ႔ေနတဲ့ Colonial Pipeline ကုမၸဏီ ဆိုက္ဘာ တိုက္ခုိက္ခံရတာေၾကာင့္ ပုိက္လုိင္းေတြ ပိတ္ထားရၿပီး ကုမၸဏီတာ၀န္ရွိသူေတြနဲ႔ သမၼတအိမ္ျဖဴေတာ္ၾကား လုပ္ငန္းျပန္စႏုိင္ေအာင္ အနီးကပ္လုပ္ကိုင္ေနပါတယ္။

ဆိုက္ဘာအင္တာနက္ထဲကေန အခ်က္အလက္ေဖာက္ယူ Ransomwear တုိက္္ခိုက္မႈေၾကာင့္ လူဦးေရထူထပ္လွတဲ့ အေမရိကန္အေရွ႕ဘက္ျခမ္းျပည္နယ္ေတြကို ပို႔လႊတ္တဲ့ ဓာတ္ေငြ႔ပိုက္လုိင္းေတြ တနဂၤေႏြေန႔ကတည္းက ပိတ္ထားရတာပါ။ ဒီျဖစ္ရပ္ေၾကာင့္ အေရးႀကီးလွတဲ့ အေမရိကန္စြမ္းအင္က႑ေတြ ဆုိင္ဘာ တုိက္ခိုက္မခံရေအာင္အခိုင္အမာ ကာကြယ္ေပးဖို႔ အေမရိကန္လႊတ္ေတာ္အမတ္ေတြကို ေတာင္းဆိုလာၾကပါတယ္။

ဓာတ္ေငြ႔ပိုက္လုိင္းျပန္ဖြင့္ႏုိင္ဖို႔က သမၼတဘုိင္ဒန္အစိုးရအတြက္ ထိပ္တန္းဦးစားေပးျဖစ္တယ္လို႔ ကုန္သြယ္ေရး၀န္ႀကီး Gina Raimondo ကေျပာပါတယ္။ ေလာင္စာျပတ္လပ္မႈေတြ ဒီထက္ပို္ဆိုးမလာေအာင္ မုိင္ေပါင္း ၅,၅၀၀ ေက်ာ္ရွည္လ်ားတဲ့ ဓာတ္ေငြ႔ပိုက္လိုင္း အျမန္ဆုံးျပန္ဖြင့္ႏုိင္ဖို႔ Cononial ကုမၸဏီကို ကူညီေနပါတယ္လို႔လည္း ၀န္ႀကီး Raimondo ကေျပာပါတယ္။

တကၠဆတ္ကေန နယူးဂ်ာဆီျပည္နယ္ကို ဓာတ္ေငြ႔ပိုက္လိုင္းေတြ သြယ္တန္းထားတာျဖစ္ပါတယ္။ အဓိက ပိုက္လုိင္းႀကီးေတြကို ပိတ္ထားရေပမယ့္ ပင္မစခန္းကေန ေလာင္စာျဖန္႔တဲ့ေနရာေတြမွာေတာ့ လုပ္ငန္းျပန္စေနၿပီလို႔ ကုမၸဏီက မေန႔တနဂၤေႏြေန႔မွာေျပာပါတယ္။ ဓာတ္ေငြ႔ပိုက္လုိင္းအားလုံး ဘယ္ေတာ့ အျပည့္အ၀ျပန္ဖြင့္ႏုိင္မလဲဆိုတာကိုေတာ့ ၀န္ႀကီး Raimondo ေရာ ကုမၸဏီကပါ မေျပာပါဘူး။ ဒီျဖစ္ရပ္ေၾကာင့္ အေမရိ္ကန္ရဲ ႔တနလၤာေန႔ ႀကိဳေရာင္းႀကိဳ၀ယ္ ဆီေစ်းေတြ ၂၀၁၈ ခုနွစ္ေနာက္ပိုင္း အျမင့္ဆုံးအျဖစ္ ၃ ရာခုိင္ႏႈန္းတက္ၿပီး တဂါလံကို ၂.၂ ေဒၚလာထိေရာက္သြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ကန်အရှေ့ခြမ်းပို့လွှတ်တဲ့လောင်စာပိုက်လိုင်းရပ်ဆိုင်းထား

အမေရိကန် အရှေ့ဘက်ခြမ်းပြည်နယ်တွေကို လောင်စာဆီ အဓိတင်ပို့နေတဲ့ Colonial Pipeline ကုမ္ပဏီ ဆိုက်ဘာ တိုက်ခိုက်ခံရတာကြောင့် ပိုက်လိုင်းတွေ ပိတ်ထားရပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ သမ္မတအိမ်ဖြူတော်ကြား လုပ်ငန်းပြန်စနိုင်အောင် အနီးကပ်လုပ်ကိုင်နေပါတယ်။

ဆိုက်ဘာအင်တာနက်ထဲကနေ အချက်အလက်ဖောက်ယူ Ransomwear တိုက်ခိုက်မှုကြောင့် လူဦးရေထူထပ်လှတဲ့ အမေရိကန်အရှေ့ဘက်ခြမ်းပြည်နယ်တွေကို ပို့လွှတ်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ တနင်္ဂနွေနေ့ကတည်းက ပိတ်ထားရတာပါ။ ဒီဖြစ်ရပ်ကြောင့် အရေးကြီးလှတဲ့ အမေရိကန်စွမ်းအင်ကဏ္ဍတွေ ဆိုင်ဘာ တိုက်ခိုက်မခံရအောင်အခိုင်အမာ ကာကွယ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေကို တောင်းဆိုလာကြပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းပြန်ဖွင့်နိုင်ဖို့က သမ္မတဘိုင်ဒန်အစိုးရအတွက် ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ကုန်သွယ်ရေးဝန်ကြီး Gina Raimondo ကပြောပါတယ်။ လောင်စာပြတ်လပ်မှုတွေ ဒီထက်ပိုဆိုးမလာအောင် မိုင်ပေါင်း ၅,၅၀၀ ကျော်ရှည်လျားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ Cononial ကုမ္ပဏီကို ကူညီနေပါတယ်လို့လည်း ဝန်ကြီး Raimondo ကပြောပါတယ်။

တက္ကဆတ်ကနေ နယူးဂျာဆီပြည်နယ်ကို ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်းထားတာဖြစ်ပါတယ်။ အဓိက ပိုက်လိုင်းကြီးတွေကို ပိတ်ထားရပေမယ့် ပင်မစခန်းကနေ လောင်စာဖြန့်တဲ့နေရာတွေမှာတော့ လုပ်ငန်းပြန်စနေပြီလို့ ကုမ္ပဏီက မနေ့တနင်္ဂနွေနေ့မှာပြောပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းအားလုံး ဘယ်တော့ အပြည့်အဝပြန်ဖွင့်နိုင်မလဲဆိုတာကိုတော့ ဝန်ကြီး Raimondo ရော ကုမ္ပဏီကပါ မပြောပါဘူး။ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ရဲ့တနင်္လာနေ့ ကြိုရောင်းကြိုဝယ် ဆီဈေးတွေ ၂၀၁၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၃ ရာခိုင်နှုန်းတက်ပြီး တဂါလံကို ၂.၂ ဒေါ်လာထိရောက်သွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG