(Zawgyi / Unicode)
အေမရိကန္ အေရွ႕ဘက္ ကမ္း႐ုိးတန္းေဒသ တခုလံုးရဲ႕ ထက္ဝက္နီးပါးကို ေလာင္စာဆီ တင္ပုိ႔ေနတဲ့ အဓိက ေရနံပိုက္လိုင္းလုပ္ငန္း Colonial Pipeline ကုိ ဆိုက္ဘာ တိုက္ခုိက္ခံရၿပီးေနာက္ လုပ္ငန္းတခုလံုး ပိတ္လုိက္ရပါတယ္။
ေငြညႇစ္တဲ့ Ransomware နဲ႔ တိုက္ခုိက္ခံရတာျဖစ္ေၾကာင္း သတင္းရင္းျမစ္ေတြက ေျပာပါတယ္။
အေမရိကန္ေတာင္ပိုင္း ပင္လယ္ေကြ႔က ေရနံခ်က္စက္႐ုံေတြနဲ႔ ႏုိင္ငံအေရွ႕ေတာင္ပိုင္းတလႊားကို ခ်ိတ္ဆက္ထားတဲ့ မိုင္ ၅,၅၀၀ အရွည္ ပိုက္လိုင္းေတြကေန တဆင့္ ဓာတ္ဆီ၊ ဒီဇယ္၊ ေလယာဥ္သံုး အပါအဝင္ တျခား ေလာင္စာဆီ စည္ေပပါေပါင္း တရက္ကို ၂ သန္းခဲြေလာက္ Colonial Pipeline လုပ္ငန္းႀကီးက ပို႔ေဆာင္ေပးေနတာပါ။
တိုက္ခုိက္ခံေနရတာကို ေသာၾကာေန႔က သိရွိခဲ့ၿပီးေနာက္ တိုက္ခုိက္ ၿခိမ္းေျခာက္မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ စနစ္ႀကီးတခုလံုးကို ပိတ္ခဲ့ေၾကာင္း Colonial ပိုက္လုိင္း လုပ္ငန္းႀကီးရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။ ဒီေဆာင္ရြက္ခ်က္ေၾကာင့္ လုပ္ငန္းလည္ပတ္မႈကို ယာယီရပ္ဆိုင္းခဲ့ရသလို IT စနစ္မွာလည္း ထိခုိက္သက္ေရာက္မႈ ရွိေၾကာင္း ကုမၸဏီက ေျပာပါတယ္။
အစိုးရကလည္း စၿပီး စံုစမ္းစစ္ေဆးေနပါတယ္။ ထိပ္တန္း ကၽြမ္းက်င္အဆင့္ရွိ ဆိုက္ဘာ ရာဇဝတ္အဖြဲ႔က ဟက္ကာေတြ ျဖစ္ႏုိင္ေၾကာင္း အေမရိကန္အစိုးရ အရာရွိေဟာင္းတဦးနဲ႔ လုပ္ငန္းႀကီးရဲ႕ သတင္းရင္းျမစ္ ၂ ဦးက ေျပာပါတယ္။
ဆိုက္ဘာတုိက္ခိုက္မႈကို DarkSide ဆိုတဲ့အဖြဲ႔က လုပ္သလားဆိုတာကို စံုစမ္းစစ္ေဆးေရးမွဴးေတြ စစ္ေဆးေနတဲ့အေၾကာင္း အေမရိကန္အစိုးရ အရာရွိေဟာင္းက ေျပာပါတယ္။ DarkSide အဖြဲ႔ဟာ အရင္ ဆိုဗီယက္ႏုိင္ငံေဟာင္းေတြကို ေရွာင္ၿပီး တျခားသူေတြထံကို Ransomware ပို႔လႊတ္ၿပီး ေငြညႇစ္ေနတာပါ။
Ransomware ဆိုတာကေတာ့ ကြန္ပ်ဴတာဖိုင္ေတြကို ဖြင့္မရေအာင္ လုပ္လုိက္ၿပီး သူတို႔ေတာင္းတဲ့ပိုက္ဆံေပးမွ ကြန္ပ်ဴတာဖုိင္ေတြကို ျပန္ဖြင့္ေပးတဲ့ Malware တမ်ိဳး ျဖစ္ပါတယ္။
အေမရိကန္ ပို႔ေဆာင္ဆက္သြယ္ေရး လံုၿခံဳေရးဆိုင္ရာ ဌာနကလည္း တျခားဌာနေတြနဲ႔ ပူးေပါင္းၿပီး ဒီကိစၥကုိ ေဆာင္ရြက္ေနေၾကာင္း Reuters ကို ေျပာပါတယ္။
ေရနံပိုက္လိုင္းကို ဘယ္ေလာက္ၾကာၾကာ ပိတ္ထားမလဲဆိုတာ အပါအဝင္ တျခား အေသးစိတ္ေတြကိုေတာ့ Colonial လုပ္ငန္းႀကီးက မထုတ္ျပန္ေသးပါဘူး။
--------------------------
(Unicode)
အမေရိကန် ရေနံလုပ်ငန်း ဟက်ကာတွေ တိုက်ခိုက်ခံရ
အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းဒေသ တခုလုံးရဲ့ ထက်ဝက်နီးပါးကို လောင်စာဆီ တင်ပို့နေတဲ့ အဓိက ရေနံပိုက်လိုင်းလုပ်ငန်း Colonial Pipeline ကို ဆိုက်ဘာ တိုက်ခိုက်ခံရပြီးနောက် လုပ်ငန်းတခုလုံး ပိတ်လိုက်ရပါတယ်။
ငွေညှစ်တဲ့ Ransomware နဲ့ တိုက်ခိုက်ခံရတာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန်တောင်ပိုင်း ပင်လယ်ကွေ့က ရေနံချက်စက်ရုံတွေနဲ့ နိုင်ငံအရှေ့တောင်ပိုင်းတလွှားကို ချိတ်ဆက်ထားတဲ့ မိုင် ၅,၅၀၀ အရှည် ပိုက်လိုင်းတွေကနေ တဆင့် ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်သုံး အပါအဝင် တခြား လောင်စာဆီ စည်ပေပါပေါင်း တရက်ကို ၂ သန်းခွဲလောက် Colonial Pipeline လုပ်ငန်းကြီးက ပို့ဆောင်ပေးနေတာပါ။
တိုက်ခိုက်ခံနေရတာကို သောကြာနေ့က သိရှိခဲ့ပြီးနောက် တိုက်ခိုက် ခြိမ်းခြောက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် စနစ်ကြီးတခုလုံးကို ပိတ်ခဲ့ကြောင်း Colonial ပိုက်လိုင်း လုပ်ငန်းကြီးရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ ဒီဆောင်ရွက်ချက်ကြောင့် လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းခဲ့ရသလို IT စနစ်မှာလည်း ထိခိုက်သက်ရောက်မှု ရှိကြောင်း ကုမ္ပဏီက ပြောပါတယ်။
အစိုးရကလည်း စပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ထိပ်တန်း ကျွမ်းကျင်အဆင့်ရှိ ဆိုက်ဘာ ရာဇဝတ်အဖွဲ့က ဟက်ကာတွေ ဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရ အရာရှိဟောင်းတဦးနဲ့ လုပ်ငန်းကြီးရဲ့ သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုကို DarkSide ဆိုတဲ့အဖွဲ့က လုပ်သလားဆိုတာကို စုံစမ်းစစ်ဆေးရေးမှူးတွေ စစ်ဆေးနေတဲ့အကြောင်း အမေရိကန်အစိုးရ အရာရှိဟောင်းက ပြောပါတယ်။ DarkSide အဖွဲ့ဟာ အရင် ဆိုဗီယက်နိုင်ငံဟောင်းတွေကို ရှောင်ပြီး တခြားသူတွေထံကို Ransomware ပို့လွှတ်ပြီး ငွေညှစ်နေတာပါ။
Ransomware ဆိုတာကတော့ ကွန်ပျူတာဖိုင်တွေကို ဖွင့်မရအောင် လုပ်လိုက်ပြီး သူတို့တောင်းတဲ့ပိုက်ဆံပေးမှ ကွန်ပျူတာဖိုင်တွေကို ပြန်ဖွင့်ပေးတဲ့ Malware တမျိုး ဖြစ်ပါတယ်။
အမေရိကန် ပို့ဆောင်ဆက်သွယ်ရေး လုံခြုံရေးဆိုင်ရာ ဌာနကလည်း တခြားဌာနတွေနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို ဆောင်ရွက်နေကြောင်း Reuters ကို ပြောပါတယ်။
ရေနံပိုက်လိုင်းကို ဘယ်လောက်ကြာကြာ ပိတ်ထားမလဲဆိုတာ အပါအဝင် တခြား အသေးစိတ်တွေကိုတော့ Colonial လုပ်ငန်းကြီးက မထုတ်ပြန်သေးပါဘူး။