သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ သန်း ၇၀ ဖိုး Cryptocurrency ငွေညှစ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု


Cyber attack
Cyber attack

Zawgyi/Unicode

အမေရိကန်နိုင်ငံနဲ့ နိုင်ငံတချို့က စီးပွားရေးလုပ်ငန်းတွေရဲ့ ကွန်ပြူတာစနစ်တွေထဲ အကြီးအကျယ် ထိုးဖောက်ဝင်ရောက်ပြီး လုပ်ငန်းတွေရပ်ဆိုင်းသွားအောင် ပိတ်ဆို့ ထားတဲ့စနစ်တွေကို ပြန်ဖွင့်ပေးဖို့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၇၀ နဲ့ညီတဲ့cryptocurrency ဒီဂျစ်တယ်ငွေကြေး ပေးရမယ်လို့ ငွေညှစ်တောင်းဆိုနေပါတယ်။

ဒီလူတွေဟာ ကွန်ပြူတာဖောက်ထွင်းပြီး အကြီးအကျယ်ငွေညှစ်နေသူတွေလို့ ယူဆရပါတယ်။ သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ ဒီ ဆိုက်ဘာတိုက်ခိုက်မှုဟာ ကမ္ဘာတဝှန်း ရာနဲ့ချီတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရဌာနတွေကို ထိခိုက်စေခဲ့တာပါ။

ဆိုက်ဘာ တိုက်ခိုက်သူတွေက အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် အခြေစိုက် ဆော့်ဖ်ဝဲ ကုမ္ပဏီ Kaseya ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် Kaseya ကုမ္ပဏီရဲ့ ဆော့်ဖ်ဝဲပစ္စည်းတွေကို အသုံးပြုတဲ့ ကုမ္ပဏီတွေနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ ကွန်ပြူတာစနစ်နဲ့ data အချက်အလက်တွေ အသုံးပြု မရနိုင်အောင် ရပ်ဆိုင်းသွားခဲ့ရတာပါ။

ဒီ တိုက်ခိုက်မှုဟာ ရှုပ်ထွေးပြီး အဆင့်မြင့်တဲ့ တိုက်ခိုက်မှုတခုဖြစ်ကြောင်း Kaseya ကုမ္ပဏီက ကြေညာထားပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ ဆော့ဝဲအသုံးပြုသူဖောက် သည်တွေအတွက် ဆိုက်ဘာတိုက်ခိုက်ခံရမှု ရှိ-မရှိ ထုတ်ဖော်နိုင်တဲ့ နည်းပညာတခု ရှိကြောင်းနဲ့ ကုမ္ပဏီရဲ့ data အချက်အလက် သိုလှောင်ထားတဲ့စင်တာတွေအားလုံး တနင်္လာနေ့ကုန်မှာ အွန်လိုင်းပေါ် ပြန်လည် ရာက်ရှိ အသုံးပြုနိုင်ဖို့ မျှော်လင့်ကြောင်း လည်း ထုတ်ပြန်ကြေညာထားပါတယ်။

ဒီလို ဓါးစားခံ ဒီဂျစ်တယ် ငွေကြေးတောင်းဆိုချက်ကို ရုရှားတို့နဲ့ ဆက်နွယ်နေတဲ့ ဂိုဏ်းတခုဖြစ်တဲ့ REvil ဂိုဏ်း အသုံးပြုတဲ့ ဝက်ဘ်ဆိုတ်မှာ တနင်္ဂနွေနေ့က တွေ့ရတာပါ။ ပြီးခဲ့တဲ့ မေလကုန်ပိုင်း JBS အသားထုတ်လုပ်မှု လုပ်ငန်းကြီး ဆိုက်ဘာ တိုက်ခိုက်ခံရမှုမှာလည်း ဒီ REvil ဂိုဏ်းနဲ့ ဆက်နွယ်နေတယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးရေးဌာန FBI ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode







#CyberAttack #RansomwareAttack #VOABurmese

XS
SM
MD
LG