သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-႐ုရွား ထိပ္သီးေဆြးေႏြးပဲြမွာ ဆိုက္ဘာရာဇဝတ္မႈကိစၥ ပါဝင္မည္


အေမရိကန္သမၼတ Joe Biden (ဝဲ) နဲ႔ ႐ုရွားသမၼတ Vladimir Putin.

(Zawgyi / Unicode)

Cyber criminals လုိ႔ေခၚတဲ့ အင္တာနက္ေပၚမွာ ရာဇဝတ္မႈ က်ဴးလြန္မႈနဲ႔ ဖမ္းမိထားသူေတြကုိ အေမရိကန္ျပည္ေထာင္စုက ႐ုရွားကုိ ျပန္လည္လႊဲေျပာင္းေပးရင္ ႐ုရွားဘက္ကလည္း သူတုိ႔ဖမ္းမိထားတဲ့သူေတြကုိ ျပန္လႊတ္ေပးမယ္လုိ႔ ႐ုရွားသမၼတ Vladimir Putin က ေျပာၾကားလုိက္တဲ့အေပၚ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္ ရရွိခဲ့ေၾကာင္း ႐ုရွားအေျခစုိက္ Interfax သတင္းဌာနမွာ တနဂၤေႏြေန႔က ေဖာ္ျပထားပါတယ္။

Ransomware cyber attack လုိ႔ေခၚတဲ့ ကုမၸဏီေတြရဲ႕ အင္တာနက္ ဝက္ဘ္ဆုိက္ေတြကုိ ထုိးေဖာက္တုိက္ခုိက္ၿပီး ျပန္ေပးေငြေတာင္းဆုိတဲ့ လုပ္ရပ္ေတြကုိ ႐ုရွားႏုိင္ငံအတြင္းက ရာဇဝတ္ဂုိဏ္းေတြက လုပ္ေဆာင္ေနတယ္ဆုိတဲ့ အခ်က္ကုိ ဂ်ီနီဗာၿမိဳ႕မွာ ဇြန္လ ၁၆ ရက္ေန႔ သမၼတ Putin နဲ႔ ျပဳလုပ္မယ့္ ထိပ္သီးစည္းေဝးပြဲမွာ သမၼတ Joe Biden က ထည့္သြင္း ေဆြးေႏြးသြားဖုိ႔ရွိေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။

“တကယ္လုိ႔ ရာဇဝတ္မႈ က်ဴးလြန္ထားသူေတြ အျပန္အလွန္လဲလွယ္ဖုိ႔ သေဘာတူညီမႈရတယ္၊ အေမရိကန္ဘက္ကလည္း အဲဒီ ရာဇဝတ္သားေတြကုိ ျပန္လႊတ္ေပးမယ္ဆုိရင္ က်ေနာ္တုိ႔ဘက္ကလည္း ျပန္လႊတ္ေပးမွာပါ” လုိ႔ ႐ုရွားသမၼတရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး Interfax သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကန်-ရုရှား ထိပ်သီးဆွေးနွေးပွဲမှာ ဆိုက်ဘာရာဇဝတ်မှုကိစ္စ ပါဝင်မည်

Cyber criminals လို့ခေါ်တဲ့ အင်တာနက်ပေါ်မှာ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ဖမ်းမိထားသူတွေကို အမေရိကန်ပြည်ထောင်စုက ရုရှားကို ပြန်လည်လွှဲပြောင်းပေးရင် ရုရှားဘက်ကလည်း သူတို့ဖမ်းမိထားတဲ့သူတွေကို ပြန်လွှတ်ပေးမယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောကြားလိုက်တဲ့အပေါ် နှစ်နိုင်ငံ သဘောတူညီချက် ရရှိခဲ့ကြောင်း ရုရှားအခြေစိုက် Interfax သတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

Ransomware cyber attack လို့ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို ထိုးဖောက်တိုက်ခိုက်ပြီး ပြန်ပေးငွေတောင်းဆိုတဲ့ လုပ်ရပ်တွေကို ရုရှားနိုင်ငံအတွင်းက ရာဇဝတ်ဂိုဏ်းတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်ကို ဂျီနီဗာမြို့မှာ ဇွန်လ ၁၆ ရက်နေ့ သမ္မတ Putin နဲ့ ပြုလုပ်မယ့် ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ Joe Biden က ထည့်သွင်း ဆွေးနွေးသွားဖို့ရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

“တကယ်လို့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ အပြန်အလှန်လဲလှယ်ဖို့ သဘောတူညီမှုရတယ်၊ အမေရိကန်ဘက်ကလည်း အဲဒီ ရာဇဝတ်သားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ပြန်လွှတ်ပေးမှာပါ” လို့ ရုရှားသမ္မတရဲ့ ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းဌာနမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG