သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဘော်လကန်သုံးနိုင်ငံ လက်နက်ထောက်ပံ့မည်


Kyiv မြို့မှာ စစ်ရေးလေ့ကျင့်နေတဲ့ ယူကရိန်းစစ်သားများ။ (ဇန်နဝါရီ ၂၂၊ ၂၀၂၂)
Kyiv မြို့မှာ စစ်ရေးလေ့ကျင့်နေတဲ့ ယူကရိန်းစစ်သားများ။ (ဇန်နဝါရီ ၂၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနဲ့ အိမ်နီးချင်း ရုရှားနိုင်ငံကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ ယူကရိန်းကို အမေရိကန်လုပ် လေယာဉ်ပစ်လက်နက်တွေနဲ့ တင့်ကားဖျက် မစ်ဇိုင်းလက်နက်တွေ ပို့ပေးဖို့ ဘော်လကန်ဒေသက နိုင်ငံတွေဖြစ်တဲ့ Estonia, Latvia နဲ့ Lithuania နိုင်ငံတွေကို ခွင့်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စနေနေ့မှာ ပြောပါတယ်။

မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်တွေဖြစ်တဲ့ အဲဒီနိုင်ငံတွေကနေ ယူကရိန်းနိုင်ငံ စစ်အင်အား ပိုခိုင်မာစေရေးနဲ့ ရုရှားကျူးကျော်လာရင် ခုခံနိုင်ရေး ကာကွယ်ရေးပစ္စည်းတွေ ပို့ပေးဖို့ ခွင့်ပြုကြောင်း ဝန်ကြီး Blinken က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဘက်က တောက်လျှောက်ရပ်တည်လာတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကိုလည်း ဝန်ကြီး Blinken က ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ နယ်စပ်နားမှာ ရုရှားတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ကိစ္စ ဝန်ကြီး Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြပေမယ့် သိသာတဲ့တိုးတက်မှု မရခဲ့ပါဘူး။ အဲဒီဆွေးနွေးပွဲအပြီး နောက်တရက်မှာပဲ ယူကရိန်းကို လက်နက်ပေးပို့ဖို့ ဝန်ကြီး Blinken က ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)






XS
SM
MD
LG