သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေရွ႕ဥေရာပကို ေနတိုးစစ္ေလယာဥ္နဲ႔သေဘၤာေတြေစလႊတ္


ပင္လယ္နက္ထဲမွာ စစ္ေရးေလ့က်င့္ေနတဲ့ NATO ေလယာဥ္တင္ သဘေၤာ Queen Elizabeth (ဓာတ္ပံု - AP)

ယူကရိန္း နယ္စပ္ မွာ ႐ုရွား စစ္ေရး လႈပ္ရွားမႈေတြ တိုးလာတာ ကို တုန႔္ျပန္တဲ့အေနနဲ႔ အေရွ႕ဥေရာပ ကို ေနတိုး အဖြဲ႕ဝင္ ႏိုင္ငံေတြ က သေဘၤာေတြ နဲ႔ တိုက္ေလယာဥ္ေတြ ကို ပိုၿပီး ပို႔ေနၾကပါတယ္ လို႔ ေနတိုးအဖြဲ႕ က တနလၤာေန႔ မွာ ေျပာပါတယ္။

ဒိန္းမတ္၊ စပိန္၊ ျပင္သစ္၊ နယ္သာလန္ နဲ႔ အေမရိကန္ ျပည္ေထာင္စု အပါအဝင္ အဖြဲ႕ဝင္ ႏိုင္ငံ အမ်ားအျပား က တပ္ေတြ နဲ႔ လက္နက္ ပစၥည္းေတြ ကို ခ်ထားေနသလို၊ ထပ္တိုးခ်ထားဖို႔လည္း စဥ္းစားေနတယ္လို႔ ေနတိုး ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ မွာ ေျပာပါတယ္။

ေနတိုး ရဲ႕ အေရွ႕ဘက္ က မဟာမိတ္ ႏိုင္ငံေတြ အပါအဝင္ မဟာမိတ္အားလုံး ကို ကာကြယ္ ခုခံဖို႔ လိုအပ္တာေတြ အားလုံး ဆက္လက္ လုပ္ေဆာင္မယ္လို႔ ေနတိုး အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က ေျပာပါတယ္။

ယူကရိန္းႏိုင္ငံ ကေန သံ႐ုံးဝန္ထမ္း မိသားစုေတြကို အေမရိကန္ျပည္ေထာင္စု နဲ႔ ၿဗိတိန္တို႔ က ျပန္ေခၚခဲ့ေပမဲ့ အီးယူ ဥေရာပႏိုင္ငံေတြကေတာ့ အလားတူ လုပ္ဖို႔ အစီအစဥ္မရွိေသးတဲ့အေၾကာင္း အီးယူ ႏိုင္ငံျခားေရး မူဝါဒ ဆိုင္ရာ အႀကီးအကဲ Josep Borrell က ေျပာလိုက္ပါတယ္။ ဘာေၾကာင့္ ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးတဲ့အခ်ိန္ အေမရိကန္နည္းတူ သံ႐ုံးဝန္ထမ္း မိသားစုေတြကို ျပန္မေခၚႏိုင္ေၾကာင္း သူ က ေျပာပါတယ္။

အီးယူ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႕ဆုံမယ့္ အစည္းအေဝး မစတင္မီ Josep Borrell က ဒီေန႔ Belgium ႏိုင္ငံ Brussels ၿမိဳ႕မွာ သတင္းေထာက္ေတြကို ေျပာဆိုသြားတာပါ။ အစည္းအေဝးကို အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken အြန္လိုင္းကေန ပါဝင္ေဆြးေႏြးဖို႔ စီစဥ္ထားပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


အရှေ့ဥရောပကို နေတိုးစစ်လေယာဉ်နဲ့သင်္ဘောတွေစေလွှတ်

(Unicode)

ယူကရိန်း နယ်စပ် မှာ ရုရှား စစ်ရေး လှုပ်ရှားမှုတွေ တိုးလာတာ ကို တုန့်ပြန်တဲ့အနေနဲ့ အရှေ့ဥရောပ ကို နေတိုး အဖွဲ့ဝင် နိုင်ငံတွေ က သင်္ဘောတွေ နဲ့ တိုက်လေယာဥ်တွေ ကို ပိုပြီး ပို့နေကြပါတယ် လို့ နေတိုးအဖွဲ့ က တနင်္လာနေ့ မှာ ပြောပါတယ်။

ဒိန်းမတ်၊ စပိန်၊ ပြင်သစ်၊ နယ်သာလန် နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အဖွဲ့ဝင် နိုင်ငံ အများအပြား က တပ်တွေ နဲ့ လက်နက် ပစ္စည်းတွေ ကို ချထားနေသလို၊ ထပ်တိုးချထားဖို့လည်း စဥ်းစားနေတယ်လို့ နေတိုး ရဲ့ ထုတ်ပြန်ကြေညာချက် မှာ ပြောပါတယ်။

နေတိုး ရဲ့ အရှေ့ဘက် က မဟာမိတ် နိုင်ငံတွေ အပါအဝင် မဟာမိတ်အားလုံး ကို ကာကွယ် ခုခံဖို့ လိုအပ်တာတွေ အားလုံး ဆက်လက် လုပ်ဆောင်မယ်လို့ နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။

ယူကရိန်းနိုင်ငံ ကနေ သံရုံးဝန်ထမ်း မိသားစုတွေကို အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်တို့ က ပြန်ခေါ်ခဲ့ပေမဲ့ အီးယူ ဥရောပနိုင်ငံတွေကတော့ အလားတူ လုပ်ဖို့ အစီအစဉ်မရှိသေးတဲ့အကြောင်း အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Josep Borrell က ပြောလိုက်ပါတယ်။ ဘာကြောင့် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အချိန် အမေရိကန်နည်းတူ သံရုံးဝန်ထမ်း မိသားစုတွေကို ပြန်မခေါ်နိုင်ကြောင်း သူ က ပြောပါတယ်။

အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမယ့် အစည်းအဝေး မစတင်မီ Josep Borrell က ဒီနေ့ Belgium နိုင်ငံ Brussels မြို့မှာ သတင်းထောက်တွေကို ပြောဆိုသွားတာပါ။ အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken အွန်လိုင်းကနေ ပါဝင်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG