သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္း အေရး သမၼတ Biden ဥေရာပ ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြး


ဥေရာပေခါင္းေဆာင္ေတြနဲ႔ ယူကရိန္းအေရး ေဆြးေႏြးေနတဲ့ အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္ (ဇန္န၀ါရီ ၂၄၊ ၂၀၂၁)

အေမရိကန္တပ္သား ေထာင္ေပါင္းမ်ားစြာကို ေဘာလတစ္ေဒသနဲ႔ အေရွ႕ဥေရာပေဒသကို ေစလႊတ္ဖို႔ စဥ္းစားေနခ်ိန္မွာပဲ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ အေရးပါတဲ့ဥေရာပေခါင္းေဆာင္ေတြနဲ႔ ယူကရိန္းကို ႐ုရွားဝင္ေရာက္က်ဴးေက်ာ္မယ့္ ၿခိမ္းေျခာက္မႈေတြနဲ႔ ပတ္သက္ၿပီး တနလၤာေန႔က အြန္လိုင္းေဆြးေႏြးပြဲ က်င္းပခဲ့ပါတယ္။

႐ုရွားနဲ႔နီးတဲ့ေနရာကို အေမရိကန္စစ္လက္နက္ေတြနဲ႔ စစ္သားေတြေစလႊတ္သင့္မသင့္ အခုထိေတာ့ သမၼတဘိုင္ဒန္က မဆုံးျဖတ္ရေသးပါဘူး။ ဒါေပမယ့္ ဥေရာပေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးပြဲမက်င္းပခင္ကေတာ့ အေမရိကန္ဟာ ႐ုရွားရဲ႕အိမ္နီးခ်င္း အေရွ႕ဘက္ျခမ္းမဟာမိတ္ေတြကို အၿမဲေထာက္ခံပံ့ပိုးမွာ ျဖစ္ေၾကာင္း သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki ကေျပာၾကားခဲ့ပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က အေမရိကန္တပ္သား ၈၅၀၀ ကို အေရွ႕ဥေရာပေဒသကို ေစလႊတ္ဖို႔ တပ္လွန႔္ထားပါတယ္။ အဲဒီမွာ အေမရိကန္တပ္သားအမ်ားစုဟာ NATO တုန႔္ျပန္ေရးတပ္ဖြဲ႕ရဲ႕ အစိတ္အပိုင္းေတြ အျဖစ္ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္လာရင္ ပါဝင္ရဖို႔ ရွိပါတယ္။

အခုအခ်ိန္အထိေတာ့ ႐ုရွားဘက္က ယူကရိန္းနယ္စပ္မွာ ခ်ထားတဲ့ သူ႔တပ္ေတြကို ေလွ်ာ့ခ်ဖို႔ဆႏၵမရွိတာ ရွင္းေနတယ္လို႔လည္း ပင္တာဂြန္ အေမရိကန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရ John Kirby က သတင္းေထာက္ေတြကို ေျပာပါတယ္။

ယူကရိန္းကို႐ုရွားက်ဴးေက်ာ္လာရင္ အေမရိကန္တပ္ေတြ ေစလႊတ္ဖို႔ မရွိဘူးလို႔ သမၼတဘိုင္ဒန္က ေျပာထားေပမယ့္ ႐ုရွားအေပၚ ျပင္းထန္တဲ့ စီးပြါးေရးဒဏ္ခတ္မႈေတြ အျမန္ခ်မွတ္မွာ ျဖစ္ေၾကာင္း ေျပာၾကားထားတာပါ။

ယူကရိန္းနယ္စပ္မွာ ခ်ထားတဲ့ ႐ုရွားတပ္အင္အား ၁၂၇ ၀၀ ေက်ာ္ကို အေမရိကန္စစ္တပ္က အဓိကအာ႐ုံထားမွာျဖစ္ေၾကာင္းလည္း Kirby က ေျပာပါတယ္။ တကယ္လို႔ အေနာက္ႏိုင္ငံေတြရဲ႕ စစ္တပ္ေတြစလႈပ္ရွားၿပီဆိုရင္ NATO တုန႔္ျပန္ေရးတပ္ဖြဲ႕အတြက္ အပါအဝင္ ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ဘက္က အသင့္ရွိဖို႔ လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာပါတယ္။

သမၼတဘိုင္ဒန္ဟာ ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen ဥေရာပေကာင္စီ အႀကီးအကဲ Charles Michel ျပင္သစ္သမၼတ Emmanuel Macron ၊ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Olaf Scholz အီတလီဝန္ႀကီးခ်ဳပ္ Mario Draghi ၊ NATO အတြင္းေရးမႈးခ်ဳပ္ Jens Stoltenberg ၊ ပိုလန္သမၼတ Andrzej Duda နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson တို႔နဲ႔ ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------------------

ရုရှား-ယူကရိန်း အရေး သမ္မတ Biden ဥရောပ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး

အမေရိကန်တပ်သား ထောင်ပေါင်းများစွာကို ဘောလတစ်ဒေသနဲ့ အရှေ့ဥရောပဒေသကို စေလွှတ်ဖို့ စဉ်းစားနေချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အရေးပါတဲ့ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်မယ့် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး တနင်္လာနေ့က အွန်လိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ရုရှားနဲ့နီးတဲ့နေရာကို အမေရိကန်စစ်လက်နက်တွေနဲ့ စစ်သားတွေစေလွှတ်သင့်မသင့် အခုထိတော့ သမ္မတဘိုင်ဒန်က မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမကျင်းပခင်ကတော့ အမေရိကန်ဟာ ရုရှားရဲ့အိမ်နီးချင်း အရှေ့ဘက်ခြမ်းမဟာမိတ်တွေကို အမြဲထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki ကပြောကြားခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အမေရိကန်တပ်သား ၈၅၀၀ ကို အရှေ့ဥရောပဒေသကို စေလွှတ်ဖို့ တပ်လှန့်ထားပါတယ်။ အဲဒီမှာ အမေရိကန်တပ်သားအများစုဟာ NATO တုန့်ပြန်ရေးတပ်ဖွဲ့ရဲ့ အစိတ်အပိုင်းတွေ အဖြစ် ယူကရိန်းကို ရုရှားကျူးကျော်လာရင် ပါဝင်ရဖို့ ရှိပါတယ်။

အခုအချိန်အထိတော့ ရုရှားဘက်က ယူကရိန်းနယ်စပ်မှာ ချထားတဲ့ သူ့တပ်တွေကို လျှော့ချဖို့ဆန္ဒမရှိတာ ရှင်းနေတယ်လို့လည်း ပင်တာဂွန် အမေရိကန်စစ်ဌာနချုပ်ပြောခွင့်ရ John Kirby က သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းကိုရုရှားကျူးကျော်လာရင် အမေရိကန်တပ်တွေ စေလွှတ်ဖို့ မရှိဘူးလို့ သမ္မတဘိုင်ဒန်က ပြောထားပေမယ့် ရုရှားအပေါ် ပြင်းထန်တဲ့ စီးပွါးရေးဒဏ်ခတ်မှုတွေ အမြန်ချမှတ်မှာ ဖြစ်ကြောင်း ပြောကြားထားတာပါ။

ယူကရိန်းနယ်စပ်မှာ ချထားတဲ့ ရုရှားတပ်အင်အား ၁၂၇ ၀၀ ကျော်ကို အမေရိကန်စစ်တပ်က အဓိကအာရုံထားမှာဖြစ်ကြောင်းလည်း Kirby က ပြောပါတယ်။ တကယ်လို့ အနောက်နိုင်ငံတွေရဲ့ စစ်တပ်တွေစလှုပ်ရှားပြီဆိုရင် NATO တုန့်ပြန်ရေးတပ်ဖွဲ့အတွက် အပါအဝင် ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က အသင့်ရှိဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။

သမ္မတဘိုင်ဒန်ဟာ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ဥရောပကောင်စီ အကြီးအကဲ Charles Michel ပြင်သစ်သမ္မတ Emmanuel Macron ၊ ဂျာမဏီဝန်ကြီးချုပ် Olaf Scholz အီတလီဝန်ကြီးချုပ် Mario Draghi ၊ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ၊ ပိုလန်သမ္မတ Andrzej Duda နဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG