သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ယူကရိန်း နှင့် ဂျာမနီ ပြင်သစ် တို့ ပါရီမှာဆွေးနွေး


ယခင်မှတ်တမ်းဓါတ်ပုံ June 11, 2018. (AP Photo/Michael Sohn)
ယခင်မှတ်တမ်းဓါတ်ပုံ June 11, 2018. (AP Photo/Michael Sohn)

ရုရှား ယူကရိန်း နှင့် ဂျာမနီ ပြင်သစ် တို့ ပါရီမှာဆွေးနွေး

{{Zawgyi/Unicode}}
ရုရှား၊ ယူကရိန်း ၂ နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ရုရှား၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ် ၄ နိုင်ငံ တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က ပါရီမြို့တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ယူကရိန်းနယ်စပ်မှာ ရုရှားကစစ်အင်အား ၁ သိန်းကျော် တိုးမြှင့်ချထားတဲ့အတွက် ကျုးကျော်တိုက်ခိုက်မှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြတာပါ။ ရုရှားကတော့ ကျုးကျော်တိုက်ခိုက်ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆန်ထားပြီး၊ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) က ဥရောပအရှေ့ဖက်ခြမ်းကို တိုးချဲ့တာတွေ မလုပ်ဖို့ အာမခံချက် တောင်းခံထားတာပါ။

ရုရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကတော့ ပါရီမြို့တော်က ဆွေးနွေးပွဲဟာ ကောင်းမွန်၊ ပွင့်လင်းပြီး ထူးခြားတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ မျှော်လင့်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုထားပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskiy ရဲ့ ဝန်ထမ်းရေးရာ အရာရှိချုပ် Andriy Yermak ကလည်း ယူကရိန်းအတွက် အကျိုးရှိမယ့် ဆွေးနွေးမှုဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

ရှေ့လထဲ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အတွက်ဆိုပြီး ဘဲလာရုစ်နိုင်ငံကို ရုရှားက တပ်ဖွဲ့တွေနဲ့ စစ်ပစ္စည်းတွေ ထပ်မံပို့ဆောင်နေချိန်မှာပဲ ပြင်သစ်နိုင်ငံမှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ သမ္မတ Vladimir Putin အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူတာဟာ အကျိုးမရှိဘဲ တန်ပြန်အကျိုးသက်ရောက်မှုတွေသာ ကြုံရနိုင်တယ်လို့ သတိပေးခဲ့တာပါ။ ဒဏ်ခတ်မှုတွေဟာ နိုင်ငံရေးအရ ထိခိုက်နိုင်မှာ မဟုတ်ဘဲ၊ ဆိုးကျိုးတွေသာ ဖြစ်နိုင်ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ Joe Biden ကတော့ ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင် ရုရှားသမ္မတ အပါအဝင် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း အင်္ဂါနေ့မှာပဲ သတိပေးထားပါတယ်။
......................................

တိုက်ရိုက် လင့်ခ်



{{Zawgyi/Unicode}}





XS
SM
MD
LG