သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္စစ္အင္အား ၈၅၀၀ အေရွ႕ဥေရာပေစလႊတ္မႈ ႐ုရွားစိုးရိမ္မကင္း


ယူကရိန္းကိုပို ့မယ့္ လက္နက္ခဲယမ္းေတြကို Delaware ေလတပ္အ ေျခစိုက္စခန္း မွာတေြ ့ရစဥ္ Jan. 21, 2022 (ဓာတ္ပံု -AFP)

အေမရိကန္တပ္သား ရွစ္ေထာင့္ငါးရာေက်ာ္ အေရွ႕ဥေရာပေဒသကိုေစလႊတ္ဖို႔ အေမရိကန္တို႔စီစဥ္ေဆာင္႐ြက္ေနတဲ့အေပၚ ႐ုရွားဘက္က စိုးရိမ္မကင္း ေစာင့္ၾကည့္ေနတယ္လို႔ အဂၤါေန႔က ေျပာဆိုလိုက္ပါတယ္။ ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က အေမရိကန္တို႔အေနနဲ႔ ႐ုရွားနဲ႔ ယူကရိန္းႏွစ္ႏိုင္ငံနယ္စပ္ၾကား ပိုျပင္းထန္တဲ့ပဋိပကၡျဖစ္ပြားေအာင္ လုပ္ေဆာင္ေနတယ္လို႔လည္း သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံခ်ိန္ ထပ္ေလာင္းစြပ္စြဲေျပာဆိုပါတယ္။
မေန႔ တနလၤာေန႔က အေမရိကန္သမၼတဂ်ိဴးဘိုင္ဒင္နဲ႔ ဥေရာပေခါင္းေဆာင္ေတြ အြန္လိုင္းကေနတဆင့္ ယူကရိန္းကို ႐ုရွားတို႔ ကူးေက်ာ္ရန္စလာႏိုင္ေျခရွိတဲ့ ႐ုရွား-ယူကရိန္းအေရး ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ NATO ေခါင္းေဆာင္ေတြ အီးယူဥေရာပသမဂၢအႀကီးအကဲေတြ ဥေရာပႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ေတြ႕ဆုံခဲ့တဲ့ ဒီေဆြးေႏြးမႈဟာ အလြန႔္အလြန္ကို အင္မတန္ေကာင္းမြန္တဲ့ေဆြးေႏြးမႈေတြျဖစ္ခဲ့တယ္လို႔လည္း သမၼတဘိုင္ဒင္က သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။ ႐ုရွားတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြ ပိုတိုးလုပ္ေဆာင္မႈေတြပိုႀကီးထြားလာတဲ့အေပၚ ႏိုင္ငံတကာရဲ႕ လက္တြဲပူးေပါင္းေဆာင္႐ြက္မႈက အေရးႀကီးတဲ့အေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံးကေန ထုတ္ျပန္ခဲ့ပါတယ္။ စစ္လက္နက္ပစၥည္းေတြနဲ႔ စစ္အင္အားကို ႐ုရွားအနီးအနားအထိ တပ္ျဖန႔္ခ်ထားဖို႔ေတာ့ အေမရိကန္ဖက္က မဆုံးျဖတ္ရေသးပါဘူး။
ဒါေပမဲ့ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki ကေတာ့ အေမရိကန္နဲ႔ ဥေရာပေခါင္းေဆာင္တို႔ၾကား ေဆြးေႏြးမႈ မစတင္ခင္ကတည္းက အေမရိကန္တို႔အေနနဲ႔ ႐ုရွားတို႔ရဲ႕ က်ဴးေက်ာ္ရန္စမႈေတြကို ကာကြယ္ႏိုင္ဖို႔ အေရွ႕ဖက္ျခမ္းက မဟာမိတ္ေတြကို အၿမဲေထာက္ခံသြားမယ္လို႔ ေျပာထားပါတယ္။ ႐ုရွားက ယူကရိန္းကိုရန္စက်ဴးေက်ာ္လာတာနဲ႔ ေနတိုးတပ္ဖြဲ႕ေတြနဲ႔အတူ တုန႔္ျပန္ႏိုင္ဖိုံ အေမရိကန္က စစ္အင္အား ၈၅၀၀ အေရွ႕ဥေရာပကို ေစလႊတ္မွာျဖစ္တယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကလည္း ေျပာပါတယ္။

.............................................................................

ကန်စစ်အင်အား ၈၅၀၀ အရှေ့ဥရောပစေလွှတ်မှု ရုရှားစိုးရိမ်မကင်း

အမေရိကန်တပ်သား ရှစ်ထောင့်ငါးရာကျော် အရှေ့ဥရောပဒေသကိုစေလွှတ်ဖို့ အမေရိကန်တို့စီစဉ်ဆောင်ရွက်နေတဲ့အပေါ် ရုရှားဘက်က စိုးရိမ်မကင်း စောင့်ကြည့်နေတယ်လို့ အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က အမေရိကန်တို့အနေနဲ့ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံနယ်စပ်ကြား ပိုပြင်းထန်တဲ့ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်နေတယ်လို့လည်း သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ထပ်လောင်းစွပ်စွဲပြောဆိုပါတယ်။
မနေ့ တနင်္လာနေ့က အမေရိကန်သမ္မတဂျိူးဘိုင်ဒင်နဲ့ ဥရောပခေါင်းဆောင်တွေ အွန်လိုင်းကနေတဆင့် ယူကရိန်းကို ရုရှားတို့ ကူးကျော်ရန်စလာနိုင်ခြေရှိတဲ့ ရုရှား-ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ NATO ခေါင်းဆောင်တွေ အီးယူဥရောပသမဂ္ဂအကြီးအကဲတွေ ဥရောပနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့ ဒီဆွေးနွေးမှုဟာ အလွန့်အလွန်ကို အင်မတန်ကောင်းမွန်တဲ့ဆွေးနွေးမှုတွေဖြစ်ခဲ့တယ်လို့လည်း သမ္မတဘိုင်ဒင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေ ပိုတိုးလုပ်ဆောင်မှုတွေပိုကြီးထွားလာတဲ့အပေါ် နိုင်ငံတကာရဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတဲ့အကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးကနေ ထုတ်ပြန်ခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်အင်အားကို ရုရှားအနီးအနားအထိ တပ်ဖြန့်ချထားဖို့တော့ အမေရိကန်ဖက်က မဆုံးဖြတ်ရသေးပါဘူး။
ဒါပေမဲ့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki ကတော့ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တို့ကြား ဆွေးနွေးမှု မစတင်ခင်ကတည်းက အမေရိကန်တို့အနေနဲ့ ရုရှားတို့ရဲ့ ကျူးကျော်ရန်စမှုတွေကို ကာကွယ်နိုင်ဖို့ အရှေ့ဖက်ခြမ်းက မဟာမိတ်တွေကို အမြဲထောက်ခံသွားမယ်လို့ ပြောထားပါတယ်။ ရုရှားက ယူကရိန်းကိုရန်စကျူးကျော်လာတာနဲ့ နေတိုးတပ်ဖွဲ့တွေနဲ့အတူ တုန့်ပြန်နိုင်ဖိုံ အမေရိကန်က စစ်အင်အား ၈၅၀၀ အရှေ့ဥရောပကို စေလွှတ်မှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း ပြောပါတယ်။

XS
SM
MD
LG