သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပူးတြဲစစ္ေရးေလ့က်င့္ဖုိ႔ ဘဲလာ႐ုစ္နယ္စပ္မွာ ႐ုရွားတပ္ဖြဲ႔ေတြ ထပ္တိုး


ခ႐ုိင္းမီးယား အေဝးေျပးလမ္းမမွာ သြားေနတဲ့ ႐ုရွားတင့္ကားမ်ား။ (ဇန္နဝါရီ ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံ၊ Kyiv ၿမိဳ႕ေတာ္နဲ႔ ၄၇ မိုင္ေလာက္ပဲေဝးတဲ့ အိမ္နီးခ်င္း ဘဲလာ႐ုစ္ႏုိင္ငံ နယ္စပ္နားမွာ စစ္ေရးေလ့က်င့္ဖို႔ဆိုၿပီး ႐ုရွားက တပ္ဖြဲ႔ဝင္ေတြနဲ႔ စစ္ယာဥ္ေတြ ပို႔ထားပါတယ္။

ယူကရိန္းႏိုင္ငံကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္မယ့္ အလားအလာေၾကာင့္ တင္းမာမႈ ျမင့္မားေနခ်ိန္မွာပဲ ယူကရိန္းနယ္စပ္ပတ္လည္မွာ အရင္ပို႔ထားၿပီးသား ႐ုရွားတပ္ဖြဲ႔ဝင္ ခန္႔မွန္းေျခ ၁ သိန္းပတ္ဝန္းက်င္အျပင္ အခုထပ္ၿပီး တပ္ဖြဲ႔ဝင္ေတြ ပို႔ထားတာပါ။

ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ကေန ၂၀ ရက္ေန႔အထိလုပ္မယ့္ ဘဲလာ႐ုစ္ႏုိင္ငံနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈဟာ "မဟာမိတ္တပ္ဖြဲ႔ေတြၾကား ပူးေပါင္းေဆာင္ရြက္မႈ ေလ့က်င့္ဖို႔" ရည္ရြယ္တယ္လုိ႔ တပ္ဖြဲ႔ဝင္ေတြနဲ႔ စစ္ယာဥ္ေတြ ပို႔တာကို ႐ိုက္ယူထားတဲ့ ဗီြဒီယိုနဲ႔အတူ ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ ႐ုရွားကာကြယ္ေရးဌာနက ေျပာထားပါတယ္။

အခုလို ႐ုရွားတပ္ဖြဲ႔ေတြ ယူကရိန္းနယ္စပ္ကို ထပ္ၿပီးပို႔တာေၾကာင့္ ယူကရိန္းႏုိင္ငံအနီး ႐ုရွားရဲ႕ စစ္အင္အား ပိုအားေကာင္းလာပါတယ္။

ယူကရိန္းႏုိင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔ ရည္ရြယ္ခ်က္မရွိဘူးလို႔ ႐ုရွားက ျငင္းထားပါတယ္။ ဒါေပမယ့္လည္း ယူကရိန္း ဒါမွမဟုတ္ ဆိုဗီယက္ျပည္ေထာင္စုဝင္ျဖစ္ခဲ့တဲ့ တျခားႏုိင္ငံတခုခုကုိ ေျမာက္အတၱလႏၱိတ္စာခ်ဳပ္ NATO စစ္မဟာမိတ္အဖြဲ႔ထဲ မထည့္ဘူး ဒါမွမဟုတ္ NATO တပ္ဖြဲ႔ေတြနဲ႔ လက္နက္ေတြကို အဲဒီႏုိင္ငံေတြမွာ ခ်မထားဘူးဆိုတဲ့ စစ္ေအးကာလလြန္ လံုၿခံဳေရးဆိုင္ရာ အာမခံခ်က္ေတြကို အေနာက္ႏုိင္ငံေတြဆီကေန ႐ုရွားက ေတာင္းဆိုထားပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ရင္ ျပင္းထန္တဲ့ စီးပြားေရး ဒဏ္ခတ္အေရးယူမႈေတြကို ခ်က္ခ်င္းရင္ဆိုင္ရမယ္လို႔ အေမရိကန္နဲ႔ မဟာမိတ္ေတြက ႐ုရွားကို သတိေပးထားပါတယ္။

စစ္ေရးေလ့က်င့္ဖို႔ဆိုၿပီး ဘဲလာ႐ုစ္ႏုိင္ငံထဲ ႐ုရွားတပ္ဖြဲ႔ေတြနဲ႔ စစ္လက္နက္ေတြ ပို႔ေနတဲ့အေပၚ အနီးကပ္ ေစာင့္ၾကည့္ေနတယ္လုိ႔ NATO အဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ဘဲလာရုစ်နယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေ ထပ်တိုး

ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော်နဲ့ ၄၇ မိုင်လောက်ပဲဝေးတဲ့ အိမ်နီးချင်း ဘဲလာရုစ်နိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်ဖို့ဆိုပြီး ရုရှားက တပ်ဖွဲ့ဝင်တွေနဲ့ စစ်ယာဉ်တွေ ပို့ထားပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မယ့် အလားအလာကြောင့် တင်းမာမှု မြင့်မားနေချိန်မှာပဲ ယူကရိန်းနယ်စပ်ပတ်လည်မှာ အရင်ပို့ထားပြီးသား ရုရှားတပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၁ သိန်းပတ်ဝန်းကျင်အပြင် အခုထပ်ပြီး တပ်ဖွဲ့ဝင်တွေ ပို့ထားတာပါ။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိလုပ်မယ့် ဘဲလာရုစ်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ "မဟာမိတ်တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ဖို့" ရည်ရွယ်တယ်လို့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ယာဉ်တွေ ပို့တာကို ရိုက်ယူထားတဲ့ ဗွီဒီယိုနဲ့အတူ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ရုရှားကာကွယ်ရေးဌာနက ပြောထားပါတယ်။

အခုလို ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနယ်စပ်ကို ထပ်ပြီးပို့တာကြောင့် ယူကရိန်းနိုင်ငံအနီး ရုရှားရဲ့ စစ်အင်အား ပိုအားကောင်းလာပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရုရှားက ငြင်းထားပါတယ်။ ဒါပေမယ့်လည်း ယူကရိန်း ဒါမှမဟုတ် ဆိုဗီယက်ပြည်ထောင်စုဝင်ဖြစ်ခဲ့တဲ့ တခြားနိုင်ငံတခုခုကို မြောက်အတ္တလန္တိတ်စာချုပ် NATO စစ်မဟာမိတ်အဖွဲ့ထဲ မထည့်ဘူး ဒါမှမဟုတ် NATO တပ်ဖွဲ့တွေနဲ့ လက်နက်တွေကို အဲဒီနိုင်ငံတွေမှာ ချမထားဘူးဆိုတဲ့ စစ်အေးကာလလွန် လုံခြုံရေးဆိုင်ရာ အာမခံချက်တွေကို အနောက်နိုင်ငံတွေဆီကနေ ရုရှားက တောင်းဆိုထားပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရင် ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေကို ချက်ချင်းရင်ဆိုင်ရမယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို သတိပေးထားပါတယ်။

စစ်ရေးလေ့ကျင့်ဖို့ဆိုပြီး ဘဲလာရုစ်နိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေ ပို့နေတဲ့အပေါ် အနီးကပ် စောင့်ကြည့်နေတယ်လို့ NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။

XS
SM
MD
LG